သင့်အပြုံးလေး တစ်ပွင့်က ဘယ်လောက်ထိတန်ဖိုးရှိလဲ ဆိုတာ သတိထားမိရဲ့လား။

blank

အပြုံး တစ်ချက်ဟာ မြင်ရတဲ့သူကိုလည်း စိတ်ချမ်းသာစေသလို ပေးလိုက်ရတဲ့ သူမှာလည်း ဘာမှ လျော့မသွားပါဘူး။ ပြုံးလိုက်တဲ့ အချိန်က ခဏလေးဆိုပေမယ့် အချနိန်အတော်ကြာတဲ့ အထိ မှတ်မိနေစေပါတယ်။

ငွေကြေးချမ်းသာပေမယ့် အပြုံးဆိုတာကို မခံစားရရင် စိတ်ဆင်းရဲနေရ တတ်သလို ဆင်းရဲပေမယ့်လည်း အပြုံးလေး တစ်ပွင့်နဲ့တင် စိတ်ချမ်းသာရတတ်ပါတယ်။

အပြုံးတွေကြောင့်ပဲ အိမ်မှာ ပျော်ရွှင်မှုတွေ ဖန်တီးနိုင်တယ်။ စီးပွားရေးတွေလည်း ကောင်းကောင်းလုပ်နိုင်တယ်။ ပြီးတော့ ရင်းနှီးနွေးထွေးခြင်းရဲ့ သဘောကိုလည်း ဆောင်ကျဉ်းပေးတယ်။

အပြုံးတွေကြောင့်ပဲ စိတ်ပူပန်မှုတွေ ဝေးလွင့်သွားစေတယ်။ စိတ်ပျက် အားလျှော့မှုတွေကို ပြန်ပြီး အားသစ်ဖြစ်စေတယ်။ ဝမ်းနည်းမှုတွေအစား တောက်ပတဲ့ သစ်လွင်မှုတွေ ပေးစွမ်းတယ်။ ပြီးတော့ အပြုံးဆိုတာ ဒုက္ခဆိုတဲ့ အရာအတွက် သဘာဝကပေးထားတဲ့ ဖြေဆေးလည်း ဖြစ်တယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အပြုံးဆိုတာ ငွေနဲ့ ပေးဝယ်လို့၊ အတင်းတောင်းယူလို့၊ ချေးငှားလို့၊ ခိုးယူလို့ လုံးဝမရတဲ့ အရာပါ။ ဒီလိုတွေ လုပ်ယူမယ် ဆိုရင်လည်း ဘာမှ တန်ဖိုးရှိမှာ မဟုတ်ပါဘူး။

တစ်ခါတစ်လေ တစ်ချို့လူတွေဟာ သင့်ကို ပြုံးမပြနိုင်လောက်အောင်ကို ဘဝရဲ့ ခက်ခဲကြမ်းတမ်းမှုတွေကြားမှာ မောပန်းနေတတ်ကြတယ်။

အဲ့ဒီအခါ သူတို့ကို နှစ်နှစ်ကာကာ ပြုံးပြလိုက်ပါ။ သူတို့ဆီက ဘာမှ ပြန်မမျှော်လင့်တဲ့၊ သူတို့ ဘာမှ ပြန်ပေးစရာ မလိုတဲ့ ဖြူစင်တဲ့ အပြုံးလေးနဲ့ပေါ့…

လောကကြီးအတွက် အကျိုးရှိတာလေးမို့ သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။