သင့်ရဲ့ အနည်းငယ်သော ပေးဆပ်မှုက လိုအပ်သူအတွက် တစ်ဘဝစာလောက် အရေးပါနေတတ်ပါတယ်

blank

     မြူတွေဆိုင်းနေတဲ့ အေးချမ်းလှတဲ့ မနက်ခင်းတစ်ခုမှာပေါ့။ ကျွန်မ တစ်ယောက်တည်း ကမ်းစပ်မှာ လမ်းလျှောက်လာတုန်း ကျွန်မနဲ့ မျက်နှာချင်းဆိုင် ခပ်လှမ်းလှမ်းလောက်မှာ လူရိပ်တစ်ရိပ် လှမ်းမြင်လိုက်ရတယ်။ သေချာကြည့်လိုက်တော့ သူက ခါးလေးကိုင်းပြီး တစ်ခုခုကို ကုန်းကောက်လိုက်၊ တစ်ခါ ရေစပ်ဘက်ကို ပစ်လွှင့်လိုက်နဲ့ တစ်ယောက်တည်း အလုပ်တွေ ရှုပ်နေတာ သတိထားလိုက်မိတယ်။ ကျွန်မ ခဏကြာတဲ့အထိ စောင့်ကြည့်နေလိုက်တယ်။ သူကတော့ ဘာမှန်းမသိတဲ့ အရာတွေကို ကုန်းကောက်လိုက် လွှင့်ပစ်လိုက်နဲ့ တစ်ယောက်ထဲ အလုပ်တွေ ရှုပ်နေဆဲပါပဲ။ အနားရောက်တော့ သေချာကြည့်လိုက်မှ သူက ကမ်းစပ်မှာ တောင်တင်နေတဲ့ ကြယ်ငါးလေးတွေကို ကောက်ပြီး ရေထဲကို ပြန်ချပေးနေတာမှန်း သိလိုက်ရပါတော့တယ်။

ကျွန်မဖြင့် ဒီလူတော့ ကြယ်ငါးတွေက အများကြီး သူဘာစိတ်ကူးနဲ့ ဒီလို ရေထဲပစ်ချနေတာပါလိမ့်ဆို တွေးမရတာကြောင့် သူ့ကိုပဲ သွားမေးလိုက်တော့တယ်။ “ခင်များဘာသဘောနဲ့ ဒီလိုတွေလုပ်နေတာလဲပေါ့။” ဒါနဲ့ သူက “ကျွန်တော် ဒီရေနဲ့ အတူ ပါလာတဲ့ ကြယ်ငါးလေးတွေကို ရေထဲ ပြန်ထည့်ပေးနေတာပါ။ ကျွန်တော် ပြန်မထည့်ပေးဘူးဆို သူတို့ကမ်းပေါ်မှာ အောက်ဆီဂျင်ပြတ်ပြီး သေသွားနိုင်တယ်။” ဆိုပြီး ပြန်ဖြေတယ်။ ဤဆောင်းပါးကို ဂန္တဝင်မဂ္ဂဇင်း မှတင်ဆက်ပါသည်။

ဒါနဲ့ ကျွန်မက “ခင်များ ပြန်ပို့တာက ဟုတ်ပါတယ်။ ဒါပေမယ့် ကမ်းစပ်မှာ ဒီလောက် ကြယ်ငါးတွေများတာ။ ခင်များ တစ်ယောက်တည်း အားလုံးကို ဘယ်လို ကယ်နိုင်မှာမို့လို့လဲ။ ဒီလိုတစ်ကောင်ချင်း ပို့နေလို့ ဘာထူးတော့မှာလဲ။”ဆို ပြောလိုက်ပါတယ်။

ကျွန်မ ဒီလိုပြောတော့ သူက ပြုံးတယ်။ ပြီးတာနဲ့ ငါးတစ်ကောင်ကို ဖျတ်ကနဲ ကောက်ယူပြီး ပင်လယ်ထဲကို ပစ်ထည့်လိုက်တယ်။ “ငါ့ညီမရေ…  ဒီငါးတွေ အားလုံးနဲ့ခြုံကြည့်မယ်ဆိုရင်တော့ ကျုပ်လုပ်ရပ်က အရာမရောက်လောက်ဘူး ဟုတ်ပါတယ်။ ဒါပေမယ့်လည်း အခု ရေထဲရောက်သွားတဲ့ ကြယ်ငါးလေးတစ်ကောင်အတွက်တော့ သူ့ဘဝတစ်ခုလုံးကို ကျွန်တော် ပြောင်းလဲ ပစ်လိုက်နိုင်တယ်လေ။” ဆိုပြီး ပြောခဲ့ပါတယ်။

ဒီလိုပါပဲ ကျွန်မတို့မှာလည်း အဲလိုစိတ်လေးတွေ ရှိနေတတ်ပါတယ်။ ဒုက္ခရောက်နေသူတွေတွေ့ပြီဆို “င့ါအားလေးနဲ့ ကူလည်း အရာမရောက်ပါဘူးလေ” ဆိုပြီး တွေးမိတတ်ကြပါတယ်။ တစ်ကယ်တမ်းကျတော့ ကျွန်မတို့ရဲ့ သေးငယ်တဲ့ လုပ်ရပ်လေးတွေက အစ တစ်ဖက်လူအတွက်တော့ ကြီးမားတဲ့ ပြောင်းလဲမှုတွေ ဖြစ်သွားနိုင်တယ်ဆိုတာ ကို အထက်ပါ အဖြစ်အပျက်လေးက သာဓက ပြနေပါတယ်။

ဒါကြောင့် ကိုယ့်မှာ ရှိတဲ့ အရာလေးတွေနဲ့ တတ်နိုင်သလောက် ကမ္ဘာကြီးကို အကျိုး ပြုဖို့ ကြိုးစားလိုက်ရအောင် ။ တစ်ကမ္ဘာလုံးကို လှပအောင် မစွမ်းဆောင်နိုင်ပေမယ့် ကမ္ဘာကြီးရဲ့ တစ်စိတ်တစ်ဒေသကိုတော့ တစ်ယောက်တစ်လက်နဲ့ အလှဆင်သွားနိုင်မှာပါ။

သဘောကျနှစ်သက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။