စိတ်ဆင်းရဲမှုဆိုတာ ကိုယ်ခွင့်မပြုဘဲ ကိုယ့်ဆီ ရောက်မလာပါဘူး။

blank

တစ်နေ့ ကျွန်မ လေဆိပ်ကို သွားဖို့ တက္ကဆီတစ်စီး ငှားခဲ့ပါတယ်။ ကျွန်မ ငှားလိုက်တဲ့ကားဆရာ က အလွန်စည်းကမ်းလိုက်နာပြီး ကိုယ့်လမ်းပေါ်မှာကို ဖြေးဖြေး မှန်မှန် မောင်းနှင်တတ်သူပါ။ ဒါပေမယ့် ရုတ်တရက် အမည်းရောင် ကားတစ်စီးက ကျွန်မတို့ဆီကို တစ်ရှိန်ထိုး ပြေးဝင်လာခဲ့ပါတယ်။

ဒါနဲ့ ကျွန်မရဲ့ ကားဒရိုက်ဘာကလည်း ရုတ်တရက် ဘရိတ်ဆွဲအုပ်ပြီး တစ်ဖက်လမ်းကို ချပေးလိုက်ရပါတယ်။ တစ်ဖက်လမ်းကြောင်းပေါ်မှာ မောင်းနေတဲ့ ကားကို လက်မလေးတင် လွတ်သွားခဲ့ပါတယ်။ တစ်ဖက်ကကားသမားက စိတ်တိုပြီး ကျွန်မတို့ကို အော်ဆဲသွားခဲ့ပါသေးတယ်။

ကျွန်မရဲ့ ကားဆရာကတော့ ဘာမှမဖြစ်သလိုပါပဲ။ ခုနက တစ်ရှိန်ထိုး မောင်းလာတဲ့ ကားသမားကို လက်ပြပြီးတော့ ပြုံးပြ နှုတ်ဆက်လိုက်ပါသေးတယ်။ ဒါနဲ့ ကျွန်တော်လည်း မအောင့်နိုင်တော့တာနဲ့ ကျွန်မရဲ့ ကားဆရာကို မေးလိုက်တော့တယ်။ “ရှင် ဒီလောက် ဒေါသထွက်စရာကြုံနေရတာတောင် ပြုံနိုင်သေးတယ်။ ရှင့်ကား တစ်စစီဖြစ်ပြီး ကျွန်မတို့လည်း ဘဝပြောင်းသွားနိုင်တာ သတိရော ထားမိရဲ့လား” လို့ပေါ့။

ဒါနဲ့ ကားဆရာလည်း ကျွန်မဘက်လှည့်ပြီး “ကျွန်တော် ဥပမာ တစ်ခုနဲ့ပြောပြမယ်။ လူတွေဟာ တစ်နေ့တစ်နေ့ စားဝတ်နေရေးအတွက် ရုန်းကန်ရင်း လောဘ၊ မောဟ၊ ဒေါသတွေနဲ့ အမြဲမွန်းကြပ်နေကြရတယ်။ ဒီလိုသူတို့စိတ်တွေ မွန်းကြပ်လာတဲ့ အခါ တစ်ခြားလူတွေအပေါ် ပေါက်ကွဲပစ်တတ်ကြတယ်။ အဲဒီအထဲမှာ ကိုယ်လည်း ပါနိုင်တာပဲလေ။ ဒါကို ဗွေယူလိုက်လို့ ရှိရင် နှစ်ဦးနှစ်ဖက်လုံး အတွက် ပိုဆိုးသွားဖို့ပဲ ရှိတယ်မဟုတ်လား။ ဒါကြောင့် ခုနက အဖြစ်အပျက်လိုပဲ ကိုယ်နဲ့မဆိုင်ဘဲ ကိုယ့်အပေါ် ပုံကျလာတဲ့ အရာတွေနဲ့ ကြုံလာရင် ဘေးပတ်ဝန်းကျင်ကို ပတ်မရမ်းဘဲ အသာလေး လက်ပြနှုတ်ဆက်၊ သူတို့အတွက် အကောင်းဆုံး ဆုတောင်းပေးလိုက်။ ကဲ နှစ်ဖက်လုံး အေးချမ်းမသွားဘူးလား ” လို့ စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြခဲ့ပါတယ်။

ဒီအဖြစ်အပျက်လေးက ရလိုက်တဲ့ သင်ခန်းစာကတော့ ကိုယ့်အပေါ် မဆီမဆိုင် ပုံကျလာတဲ့ အမှိုက်သရိုက်တွေအတွက် ဘယ်တော့မှ ဆိုးဆိုးရွားရွား မတုန့်ပြန်ကြဖို့ပါပဲ။ ဘဝဟာ အဲလို ရန်လိုနေဖို့ အချိန်တွေ မရှိလောက်အောင် တိုတောင်းလွန်းလှပါတယ်။ လူတိုင်းဟာ ကိုယ့်အပူနဲ့ ကိုယ် ချည်းပဲ ဖြစ်ပါတယ်။ သင့်ဘဝမှာ အခက်အခဲပေါင်းစုံတော့ ကြုံတွေ့ရမှာ ဓမ္မတာ ပါပဲ။ ဒါပေမယ့် အဲဒီအရာတွေကို သင်ခံယူတဲ့ အပေါ်မှာ မူတည်ပြီး သင့်စိတ်ပူလောင်မှု၊ အေးချမ်းမှုတွေ ဖြစ်ပေါ်လာရတာပါ။ ဒီစောင်းပါးလေးဖတ်ပြီး ဂန္ထဝင်ပရိသတ်ကြီးလည်း ဒီနေ့ကစလို့ သာယာပျော်ရွှင်စရာ နေ့ရက်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေနော်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ တင်ဆက်သည်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။