အများနဲ့မတူ တစ်မူထူးခြားတဲ့ လေးစား၊အားကျဖွယ် အမျိုးသမီးတွေ ဆိုတာ…

blank

လူတစ်ကာ အထင်ကြီး လေးစားစရာ ကောင်းတဲ့ မိန်းမ ဆိုတာကတော့ …

သူတို့တွေဟာ အမြဲ လှုပ်ရှားရုန်းကန်နေတဲ့ သူတွေ၊ ဘဝကို ရဲရဲဝံ့ဝံ့ ရှေ့ဆက်နေတဲ့ လုပ်ငန်းရှင် အမျိုးသမီးတွေ၊ ဘဝမှာ ဘယ်လို အခက်အခဲပဲ ရှိနေပါစေ ဂရုမစိုက်ဘဲ ကျော်လွှားတတ်တဲ့ သူတွေ ဖြစ်ကြပါတယ်။ ဒီနေ့တော့ ဂန္တဝင်မဂ္ဂဇင်းမှ လက်ရှိ အောင်မြင်မှုတွေနဲ့တင် တင်းတိမ်မနေဘဲ အောင်မြင်မှုတွေကို တစ်ဆင့်ထက် မြင့်နိုင်ဖို့ အမြဲ ကြံ့ကြံ့ခံနေတတ်တဲ့၊ စွမ်းအင်ပြည့်နေတတ်တဲ့၊ စိတ်အားထက်သန် နေတတ်တဲ့ အမျိုးသမီးတွေ အတွက် ဂုဏ်ပြု တင်ဆက်ပေးချင်ပါတယ်။

အောက်ဖက်မှာ ဖော်ပြထားတာတွေကတော့ သူတို့ဘဝကို ပိုပြီး ထွန်းလင်း တောက်ပ လာစေတဲ့ အပြုအမူ ၁၉ ခုပဲ ဖြစ်ပါတယ်။

၁။ သူတို့တွေဟာ အလုပ်ကြိုးစားသလို ပျော်ပါးချိန်တွေ၊ နားချိန်တွေကိုလည်း စနစ်တကျ စီမံတတ်တယ်။

၂။ သူတို့ကိုယ် သူတို့ ယုံကြည်ကြတယ်။

၃။ သူတို့လိုချင်တာကို အရယူဖို့ သူတို့ကိုယ်သူတို့ တွန်းအားပေးတတ်ပြီး ယုံကြည်ရာဘက်မှာ မားမားမတ်မတ် ရပ်တည်တတ်ကြတယ်။

၎။ သူတို့ဟာ စွန့်စားရတာကို နှစ်သက်ကြတယ်။ ဘာလို့လဲ ဆိုတော့ ပြီးပြည့်စုံတဲ့ ဘဝကို ရရှိဖို့ အပြင်းစား စွန့်စားမှုတစ်ခုလောက်တော့ ကျော်လွှားနိုင်ရမယ် ဆိုတာကို အသေအချာ သိနေလို့ပါပဲ။

၅။ သူတို့ရဲ့ ကလေးဘဝ ကံဆိုးမှုတွေကို အစပြန်ဆွဲ မထုတ်တတ်ကြပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ လက်ရှိဖြတ်သန်းနေရတဲ့ အချိန်ကောင်းကို ပိုင်ပိုင်နိုင်နိုင် အသုံးချရင် အတိတ်က ဒဏ်ရာတွေကို ကုစားပေးမယ့် အိုဇာတာကောင်းဖို့ အခွင့်အရေးက သူတို့ လက်ထဲမှာရှိတယ် ဆိုတာကို ယုံကြည်ထားလို့ပါ။

၆။ သူတို့ဟာ မကြာခဏဆိုသလို အတွေ့အကြုံအသစ်တွေကို စိန်ခေါ်တတ်ကြတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၇။ သူတို့ဟာ ရှေ့ရေးကို ကြိုတွေးတတ်ကြတယ်။

၈။ သူတို့ဘဝကို အချစ်နဲ့ မွန်းမံပြီး ပိုမို အသက်ဝင်စေတတ်ကြတယ်။

၉။ သူတို့ရဲ့ စံသတ်မှတ်ချက်တွေ၊ အမြင်တွေ၊ ထင်မြင်ယူဆချက်တွေနဲ့ လုပ်ဆောင်မှုတွေဟာ အပြောနဲ့ အလုပ် ညီတယ် ဆိုသလို တသမတ်တည်း ဖြစ်နေတတ်ပါတယ်။ အဲ့ဒီလိုဖြစ်မနေဘူး ဆိုရင်လည်း သူတို့ လမ်းကြောင်းလွဲနေပြီ ဆိုတာ သူတို့ကိုယ်သူတို့ သိကြပါတယ်။

၁ဝ။ သူတို့ဟာ ကျယ်ပြောတဲ့ ဘဝပင်လယ်ကြီးမှာ ကူးခတ်ရတာကို ကျေနပ်နေတတ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါက သူတို့ရဲ့ အတွေးအမြင်တွေကို ပိုမို ကျယ်ပြန့်လာစေမယ်၊ အဲ့ဒီလို ကျယ်ပြန့်လာတာနဲ့အမျှ လူတွေ အကြောင်း ပိုနားလည်လာမယ် ဆိုပြီး သူတို့ ယုံကြည်ထားကြလို့ပါပဲ။

၁၁။ သူတို့ အခိုင်အမာ ယုံကြည်ထားတာက ကိုယ့်ဘဝကိုယ် အကောင်းဆုံး မပြုစု မပျိုးထောင်ဘဲ တစ်စုံတစ်ယောက်ကို မှီခိုဖို့ စောင့်နေတယ် ဆိုတာက မိုက်မဲပြီး အရမ်း အန္တရာယ်များတဲ့ အမှားဆိုတာပါပဲ။

၁၂။ သူတို့က မိတ်ဆွေ၊ သူငယ်ချင်း ဆိုတာကို အလေးအနက်ထားတတ်တယ်။ သူတို့ ရွေးချယ်ထားတဲ့ သူငယ်ချင်းကို မိသားစုလို သဘောထားတယ်။ ပြီးတော့ ယုံကြည်မှု အပြည့်အဝ ပေးတယ်။ သူတို့ ချစ်ခင်သလို တန်ပြန်လာဖို့ မျှော်လင့်ထားပြီး တစ်ဦးအပေါ် တစ်ဦး ရိုသေတာ၊ “ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ “ ဆိုသလို အပြန်အလှန် အားကိုးရတာကို နှစ်သက်ကြတယ်။

၁၃။ အောင်မြင်မှုတွေ ရတာနဲ့ပဲ ရပ်တန့် မနေတတ်သလို ရှိနေတဲ့ အောင်မြင်မှုလောက်နဲ့ပဲ မိန်းမောသာယာ မနေဘဲ ရှေ့ဆက် လျှောက်လှမ်း တတ်ကြတယ်။

၁၄။ သူတို့စကားတဲ့အခါ ဆိုလိုရင်းကို ပေါ်လွင်အောင်၊ တစ်ခြားသူ နားဝင်အောင် ဘယ်လို အကျိုးရှိရှိ ပြောရမယ် ဆိုတာ နားလည်ကြပါတယ်။ သူတို့ရဲ့ အတွေ့အကြုံအရ စကားကျယ်ကျယ်ပြောတိုင်း ထိရောက်တာ မဟုတ်ဘူး ဆိုတာ၊ တစ်ခါတစ်ရံမှာ အာဏာပါတဲ့ စကားထက် တိကျရှင်းလင်းတဲ့ စကားက ပိုပြီး ထိရောက်တယ် ဆိုတာ သူတို့ ကောင်းကောင်း သဘောပေါက်ကြပါတယ်။

၁၅။ သူတို့ရဲ့ အပြုအမူတွေ မှားသွားမိရင်တော့ တောင်းပန်တတ်ကြပေမယ့် သူတို့ရဲ့ ပင်ကိုယ် စရိုက်လက္ခဏာကိုတော့ ဘယ်သူ့ကြောင့်မှ မပြောင်းလဲတတ်ကြပါဘူး။

၁၆။ သူတို့ဟာ အမြဲလိုလို သူတို့ အရည်အချင်းတွေ တိုးတက်လာအောင် ဝမ်းစာဖြည့်နေတတ်ကြတယ်။

၁၇။ သူတို့ဟာ တစ်ခုခု လက်လွှတ်လိုက် ရရင်လည်း စိတ်အမှန် ထားတတ်ကြတယ်။ သူတို့ကိုယ် သူတို့ အကောင်းဆုံး ဖြစ်လာစေဖို့ သူတို့နဲ့ မသင့်တော်တဲ့ စွန့်သင့်သမျှ အားလုံးကို စွန့်ရမယ် ဆိုတဲ့ အသိရှိကြပါတယ်။

၁၈။ သူတို့ဟာ အိမ်ထောင်ရေးနဲ့ ပတ်သတ်ပြီးလည်း ယောင်္ကျားတွေ သူတို့ဘဝထဲကို ဝင်လိုဝင်၊ ထွက်လိုထွက် လုပ်မရအောင် စည်းကမ်းသတ်မှတ်ထားကြတယ်။ သူတို့ ဘဝထဲကို ဝင်မယ် ဆိုရင် သူတို့ ဆီမှာပဲ တစ်ဘဝလုံး မြုပ်နှံထားစေချင်ပြီး သူတို့ရင်ခွင်ထဲကနေ စိတ်ကစားနေတဲ့ ယောင်္ကျားမျိုးကို ဖျားယောင်းဖို့ သူတို့မှာ အချိန်မပေးတတ်ကြဘူး။ သူတို့ အလိုရှိတဲ့ ပုံစံအတိုင်း သူတို့ကိုယ်တိုင်ကလည်း သူတို့ ချစ်တဲ့ ယောင်္ကျားဆီမှာပဲ နှလုံးသားကို ပုံအပ်ထားတတ်ကြတယ်။

၁၉။ သူတို့ဟာ ကျေးဇူးတရားကို လုံးဝ မမေ့လျော့တတ်ကြပါဘူး။

ဒီလို မိန်းမမျိုးတွေဟာ ဘဝကို အထက်မှာ ပြောခဲ့တဲ့ ပုံစံတွေ အတိုင်း ရှင်သန်ရတာကို နှစ်သက်တတ်ကြပါတယ်။ ပြီးတော့ သူတို့ရဲ့ တောက်ပမှုတွေ၊ ဆန်းသစ်တီထွင်မှု စွမ်းအားတွေရဲ့ အကျိုးရလဒ်တွေကြောင့် သူတို့ဟာ ဒီလို ရခဲလှတဲ့ လူ့ဘဝကြီးမှာ ဂုဏ်ယူဝံ့ကြွားစွာနဲ့ ဘဝရဲ့ ရသမျိုးစုံကို ခံစား၊ စံစားရင်း ပျော်ရွှင်စွာ ဖြတ်သန်းသွားကြရတဲ့ သူမျိုးတွေ ဖြစ်ကြပါတယ်။

သင်လည်းပဲ ဘဝကို အမြဲ တဆင့်ထက် တစ်ဆင့်မြင့်တင်ဖို့ ကြိုးစားနေပြီး စိတ်ရော ကိုယ်ပါ ခိုင်မာတဲ့ အမျိုးသမီးမျိုးထဲမှာ တစ်ဦးအပါအဝင် ဖြစ်လာမယ်လို့ မျှော်လင့်ရင်း…

သဘောကျ နှစ်သက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။