အောင်မြင်မှုရဲ့ လျို့ဝှက်ချက်

blank

တစ်နေ့မှာ လူငယ်လေးတစ်ယောက်ဟာ ဆိုကရေးတီး (Socrates) ကို အောင်မြင်မှုရဲ့ လျို့ဝှက်ချက်အကြောင်း မေးပါတယ်။ လူသိများတဲ့ ဂရိ အတွေးအခေါ်ပညာရှင်ကြီး ဆိုကရေးတီး ကိုတော့ အားလုံးသိကြမှာပါ။ ဆိုကရေးတီးက လူငယ်လေးကို နောက်နေ့မနက်ကျမှ မြစ်ဘေးမှာ သူ့ကိုလာတွေ့ဖို့ ပြောလိုက်ပါတယ်။ သူတို့တွေ့ကြတဲ့ အခါ…

ဆိုကရေးတီးက လူငယ်လေးကို သူနဲ့အတူ မြစ်ထဲကို ဆင်းခိုင်းပါတယ်။ အဲ့ဒီနောက် သူတို့လည်ပင်းမြုပ်တဲ့ ရေအနက်လောက် ရောက်တဲ့အခါ မပြောဆိုနဲ့ဘဲ ဆိုကရေးတီးက လူငယ်လေးခေါင်းကို ရေထဲ နှစ်လိုက်ပါတယ်။ လူငယ်လေးကတော့ ရုန်းတာပေါ့။ ဒါပေမယ့် သန်မာတဲ့ ဆိုကရေးတီးက ကောင်လေးရေမွန်းပြီး တစ်ကိုယ်လုံး ပြာလာတဲ့ အထိကို ဆက်နှစ်ထားလိုက်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

လူငယ်လေးဟာ ကြိုးစားပမ်းစား ရုန်းကန်ပြီး နောက်ဆုံးမှာ လွတ်မြောက်သွားပါတယ်။ အဲ့ဒီအချိန်မှာ ပထမဆုံး သူဘာလုပ်မယ် ထင်ပါသလဲ။ သူဟာ ရှိုက်ကြီးတငင်နဲ့ကို အငမ်းမရ အသက်ရှူပါတော့တယ်။

အဲ့ဒီအချိန်မှာပဲ ဆိုကရေးတီးက” မင်းရေထဲမှာ ခေါင်းနှစ်ခံထားရတုန်းက ဘာကို အလိုချင်ဆုံးလဲ” ဆိုပြီးမေးပါတယ်။

လူငယ်လေးက ပတ်ကနဲ ပြန်ဖြေလိုက်တာက “လေ” တဲ့။

ဆိုကရေးတီးက ဘာဆက်ပြောလိုက်လဲ ဆိုတော့” အောင်မြင်ဖို့ အရေးကြီးဆုံး လျို့ဝှက်ချက်က ဒါပဲဟ။ ခုနတုန်းက လေကို မင်း အငမ်းမရ လိုအပ်နေတယ်မလား။ အေး… အောင်မြင်မှုကိုလည်း အဲ့ဒီလိုပဲ မွတ်သိပ်နေပြီ ဆိုရင်တော့ မင်းအောင်မြင်မှာ အသေအချာပဲ။ တစ်ခြားလျို့ဝှက်ချက်တွေ လိုက်ရှာမနေပါနဲ့တော့ကွာ၊ ထမင်းထုပ်သာ သိုးသွားမယ်” ဆိုပြီးပေါ့။

သဘောကျတယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။