မျှဝေခံစားခြင်းက ပျော်ရွှင်မှုကို ပိုမို ချိုမြိန်စေပါတယ်

blank

တစ်နေ့မှာ စာပေပညာရှင်ကြီး တစ်ယောက်ဟာ  အာဖရီကန်မျိုးနွယ်စု ကလေးတွေကို စုစည်းပြီး ဂိမ်းကစားနည်းတစ်ခု ဖန်တီးပေးခဲ့ပါတယ်။ ကစားနည်းကတော့ သစ်သီးတွေ အပြည့်ထည့်ထားတဲ့ ခြင်းတောင်းတစ်ခုကို သစ်ပင်အနီးမှာချပြီး “ ကလေးတို့ထဲက အရင်ဆုံးရောက်တဲ့သူက အဲဒီ့ခြင်းတောင်းနဲ့ ပါဝင်တဲ့ သစ်သီးတွေအားလုံး ရမယ်။” ဆို ပြောလိုက်ပါတယ်။

ကလေးတွေဟာ သူထင်ထားသလို အလုအယက်မပြေးကြဘဲ အားလုံးတပြိုင်ထဲပြေးပြီး အတူ ဝေမျှစားကြတာကို တွေ့ရသတဲ့။ ဒါနဲ့ သူက အလွန်အံ့သြပြီး “ဘာလို့ တစ်ယောက်ထဲရအောင် မယူလဲ” ဆို မေးတဲ့အခါ ကလေးတွေက တပြိုင်ထဲပြန်ဖြေကြတာက

“အားလုံးစိတ်ညစ်နေပြီး ကျွန်တော်တို့ တစ်ဦးတစ်ယောက်ထဲ မပျော်ချင်လို့ပါ။ ပျော်ရွှင်မှုဆိုတာ မျှဝေခံစားရင် ပိုမိုအရသာရှိပြီး ချိုမြိန်ပါတယ်“လို့ ပြောလိုက်ကြသတဲ့။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

စဉ်းစားစရာတစ်ခုခု ရခဲ့မယ်ဆို Share ပေးဖို့ မမေ့နဲ့နော်။