အဆုံးမရှိသော ချစ်ခြင်းမေတ္တာ ဟူသည်

blank

ကျွန်မယောက်ျားနဲ့ ကျွန်မလက်ထပ်ပေါင်းသင်ခဲ့တာ ၄၆ နှစ်ရှိပါပြီ။ နှစ်စဉ် ချစ်သူများနေ့ရောက်တိုင်း သူ ကျွန်မကို ပန်စည်းလှလှလေး ပေးလေ့ရှိပါတယ်။  ပန်စည်းနဲ့အတူ စာလေးတစ်စောင် အမြဲပါတတ်တယ်။ စာထဲမှာ ရေးထားတာက  “မင်းအတွက် ငါ့အချစ်တွေက အမြဲ ရှင်သန်နေပါတယ်”တဲ့။ လွန်ခဲ့တဲ့(၂)နှစ်က သူ ကွယ်လွန်သွားခဲ့တာပါ။ သူနဲ့ပတ်သက်တဲ့ အမှတ်တရတွေကတော့ ကျွန်မ ကလေး(၄)ယောက်ရယ်၊ ပန်းစည်း( ၄၆) စည်းရယ်၊ ဘယ်တော့မှ ပျက်စီးမသွားတဲ့ ချစ်ခြင်းမေတ္တာတွေပါပဲ။

မှတ်မှတ်ရရ ကျွန်မယောက်ျားမပါဘဲ ကျွန်မတစ်ယောက်ထဲ ချစ်သူများနေ့ ဖြတ်သန်းရတဲ့နေ့မှာ သူပေးနေကျ ပန်းစည်းမျိုး ကျွန်မနာမည်နဲ့ ရောက်လာခဲ့ပါတယ်။ ကျွန်မ စစချင်းမှာဒေါသလည်းထွက် ဝမ်းလည်းနည်းတာပေါ့။ ပန်းစည်း ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီကို ဖုန်းဆက်ပြီး ‘ရှင်တို့လူမှားပို့မိပြီထင်တယ်’  ဆိုတော့  ဝန်ထမ်းတွေပြောပြတာက “လူမှားပို့တာ မဟုတ်ပါဘူး။ ဒါ ရှင့်အမျိုးသား မကွယ်လွန်ခင်ကတည်းက နှစ်စဉ်ပန်းစည်းပို့ပေးဖို့ ကုန်ကျစားရိတ်တွေ ပေးသွားခဲ့တာပါ။ မပျက်မကွက် လုပ်ဆောင်ပေးဖို့လဲ ကျွန်မတို့ဆီမှာ ကတိတွေ အထပ်ထပ်တောင်းသွားပါသေးတယ်၊ ရှင့်အမျိုးသား ရှင့်ကို အတော်ချစ်တာပဲ။” လို့ပြောပါတယ်။

ကျွန်မဖြင့်ဘာပြောလို့ပြောရမှန်းမသိအောင်ပဲ ရင်ထဲကို စို့တက်သွားခဲ့တာပါ။

ပန်းစည်းမှာပါလာတဲ့ ကဒ်လေးကို ကြည့်လိုက်တော့ ရေးထားတာ သူ့လက်ရေးလေးနဲ့ “ မင်းအတွက် ငါ့အချစ်တွေ ထာဝရတည်ရှိနေမှာပါ။” တဲ့လေ။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ရင်ထဲမှာ စို့နင့်သွားတယ်ဆို ဒီစာစောင်ကို သူငယ်ချင်းတွေနဲ့ Share ဖို့ မမေ့နဲ့နော်။