ကိုယ်ကျင့်သိက္ခာဆိုင်ရာ ဆုံးမစကားများ

blank

၁။ ကိုယ့်အကြောင်းကို တတ်နိုင်သမျှ လျှော့ပြောပါ။

၂။ အရေးမကြီးတဲ့ကိစ္စတွေအတွက် အာရုံမများဘဲ ကိုယ့်လုပ်ငန်းဆောင်တာတွေကို ဦးစားပေးလုပ်ဆောင်ပါ။

၃။ တစ်ပါးသူရဲ့ ကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်ခြင်းမှ ရှောင်ကြဉ်ပါ။

၎။ စိတ်အနှောင့်အယှက် အသေးအမွားတွေကို ဟာသအမြင်နဲ့ ဖြေဖျောက်လိုက်ပါ။

၅။ အပြစ်တင်ရှုံ့ချမှု နည်းနိုင်သမျှနည်းအောင် ကြိုးစားပါ။

၆။ တခြားသူတွေရဲ့ ဆန္ဒတွေကိုတတ်စွမ်းသမျှ ဖြည့်ဆည်းပေးပါ

၇။ အသိအမှတ်ပြုမခံရခြင်း၊ နာကြင်ခံစားရခြင်းတွေကို အတတ်နိုင်ဆုံး လျစ်လျူရှုပါ။

၈။ တစ်စုံတစ်ယောက်ကသင့်ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်နေတဲ့အချိန်မှာတောင် အတတ်နိုင်ဆုံး ယဉ်ကျေးစွာ တုံ့ပြန်ပါ။

၉။ တစ်စုံတစ်ယောက်ရဲ့ ချစ်ခြင်းတွေ၊ အထင်ကြီး ခံလိုစိတ်တွေကို တတ်နိုင်သမျှခွာချပါ။

၁ဝ။ အငြင်းပွားစရာ ကိစ္စတွေမှာ သင်မှန်နေရင်တောင် တတ်နိုင်သလောက် အလျှော့ပေးညှိနှိုင်းလိုက်ပါ။

၁၁။ ပိုမိုခက်ခဲတဲ့ လုပ်ဆောင်မှုတွေလုပ်ဖို့ တွန့်ဆုတ်မနေပါနဲ့။ ဒါတွေက သင့်ကို ပိုထက်မြက် လာစေမှာပါ။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သဘောကြရင် Share လိုက်ပါ။