ဘဝရဲ့ နောက်ဆုံးအချိန်မှာ သင့်အတွက် တန်ဖိုးအရှိဆုံး ဖြစ်မယ့်အရာ…

blank
Photo Reference: http://www.theguardian.com

သင့်ရဲ့ ကြီးကျယ်ခမ်းနားလှတဲ့  ဘွဲ့ ဒီဂရီတွေကို  ပွေ့ဖက်ထားမှာလား။

သင့်ရဲ့ ကားဂိုထောင်ထဲက နောက်ဆုံးပေါ် ကားကြီးပေါ်မှာသွားပြီး  ဇိမ်ခံနေမှာလား။

ဒါမှမဟုတ်  သင့်ရဲ့ပိုင်ဆိုင်မှုပြ  စာရွက်စာတမ်းတွေ ပြန်ဖတ်ရင်း ကြည်နူးနေမှာလား။

အမှန်တော့ ဒါတွေတစ်ခုမှမဟုတ်ပါဘူး။ တကယ်တမ်း သင်တောင့်တနေမှာက သင်ချစ်ခင်မြတ်နိုး၊ တန်ဖိုးထားရတဲ့ သူတွေ သင့်အနားမှာ ရှိနေစေဖို့ပါပဲ။

ဒီတော့ စာဖတ်ပရိသတ်တို့ရေ…. ကိုယ့်ရဲ့ နောက်ဆုံးအချိန်မှာတောင် တောင့်တနေမိမယ့် သူတွေကို ခုချိန်မှာရော  အရေးပါဆုံး သူတွေအဖြစ် တန်ဖိုးထားပြီး ချစ်ချစ်ခင်ခင် မဆက်ဆံသင့်ဘူးလား။

ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

Share if you love your friends.