ဖုန်းအသုံးပြုသူများအတွက် ကောင်းမွန်တဲ့အပြုမူ (၆) မျိုး

blank

ဆဲလ်ဖုန်းတွေက ယနေ့ခေတ်မှာ အရမ်းကို အသုံးဝင်တဲ့ လူ့အသုံးဆောင် ပစ္စည်းတွေ  ဖြစ်လာပါ ပြီ။ မရှိမဖြစ် အရေးပါတဲ့  အရာတစ်ခုအဖြစ်လူတွေက မှတ်ယူလာကြပါပြီ။ ဒီဆောင်းပါးလေးမှာတော့  ဆဲလ်ဖုန်းတစ်လုံးကို ဘယ်လို အကျိုးရှိရှိအသုံးချမလဲ၊ ပတ်ဝန်းကျင်ကို အနှောက်အယှက် မဖြစ်အောင် ဘာတွေဆင်ခြင်သင့်လည်း ဆိုတာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဤဆောင်းပါးကို ဂနဝင် မဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁။ ဖုန်းပိတ်ထားပေးပါ။

တစ်ချို့သော အခြေအနေတွေမှာ ဖုန်းပိတ်ထားပေးတာကလည်း ယဉ်ကျေးတဲ့ အပြုအမူလေးပါပဲ။ ဖုန်းသံအကျယ်ကြီး မြည်တာမျိုးတွေ၊ ဆူဆူညံညံ ဖုန်းပြောတာမျိုးတွေက  ပတ်ဝန်းကျင်ကို အနှောက်ယှက်ပေးနိုင်တာမို့ သတိပြုဆင်ခြင်ပေးပါ။ ရုပ်ရှင်ရုံလို ပုဂ္ဂလိကနေရာမျိုးတွေမှာ အတတ်နိုင်ဆုံး ဖုန်းသံကျယ်ကျယ်လောင်လောင် မြည်တာတွေကို  ရှောင်ရှားပေးပါ။ အမှောင်ပြုထားတဲ့ နေရာမျိုးတွေမှာ ဖုန်းမျက်နှာပြင် ခဏခဏ လင်းလာစေခြင်းမျိုးကိုလည်း  ဂရုတစိုက် ဆင်ခြင်ပေးပါ။

၂။ ဖုန်းအသုံးမပြုရနေရာမျိုးတွေမှာ အသုံးမပြုမိရန် ဆင်ခြင်ပါ။

ကျောင်းစာသင်ခန်း၊ ရုပ်ရှင်ရုံ၊ ကဇာတ်ရုံ၊ ဘုရား စတဲ့ အများနဲ့သက်ဆိုင်တဲ့နေရာတွေ သွားတော့မယ်ဆိုရင်တော့ ဖုန်းကို ပိတ်ထားနိုင်တာက အကောင်းဆုံးပါပဲ။ ဈာပနအခမ်းနားလို နာရေးအခမ်းအနားမျိုးတွေမှာ ရုတ်တရက် ဖုန်းမြည်လာတာက ပတ်ဝန်းကျင်ကို အနှောက်အယှက်ဖြစ်စေပါတယ်။  အရေးတကြီးဖုန်းဝင်လာစရာရှိရင်လည်း ဖုန်းကို အသံတိတ်တုန်ခါခြင်းမျိုး ပြုလုပ်ထားနိုင်ပါတယ်။  ရုပ်ရှင်ပွဲတော်လိုနေရာမျိုးတွေမှာတော့ ဖုန်းအသုံးမပြုပဲ ကိုယ်တိုင်ပါဝင်ဆင်နွဲတာက ပိုသင့်တော်ပါတယ်။

၃။ အမြော်အမြင်ရှိစွာ အသုံးပြုပါ။

ပတ်ဝန်းကျင်မှာဖုန်းပြောမယ်ဆိုရင် လူတိုင်းက ဖုန်းပြောနေတာကို ကြားနိုင်တယ်ဆိုတဲ့အချက်ကို မေ့လျော့နေတတ်ပါတယ်။ ပတ်ဝန်းကျင်အတွက်လည်းအကျိုးရှိ ကိုယ့်အတွက်လည်း အကျိုးရှိအောင် ဖုန်းပြောမယ်ဆိုရင် စကားကို အလိမ္မာဖြင့် တိုးတိုးသက်သာပြောဆိုရင် ပိုပြီးသင့်တော်ပါတယ်။

၎။ ဖုန်းကိုအသုံးမပြုဘဲ သူငယ်ချင်းအပေါင်းအသင်းများနှင့် စကားလက်ဆုံပြောပါ။

အခုဆိုရင် တချို့သော ကော်ဖီဆိုင်လေးတွေမှာ ဝိုင်ဖိုင်ကင်းမဲ့ဇုံ ဆိုင်းဘုတ်တပ်ဆင် ထားပေးပါတယ်။ အဲဒါက ကောင်းတဲ့ အချက်ပါပဲ။ သူငယ်ချင်းတွေနဲ့ တွေ့ကြဖို့စီစဉ်ပြီး ဆုံတွေကြပြီဆိုရင်  အများစုက ဖုန်းကိုပဲစိုက်ကြည့်နေတတ်ကြပါတယ်။ အတူတကွ ဖုန်းထဲက ရုပ်ရှင်တွေ သီချင်းတွေ ကြည့်နေတာမျိုးမဟုတ်ဖူးဆိုရင်တော့ အကောင်းဆုံးက ဖုန်းကိုအိတ်ကပ်ထဲ ထည့်ထားပါ။ သူငယ်ချင်းတွေနဲ့ စကားလက်ဆုံပြောဆိုပါ။

၅။ အသံတိတ်တုန်ခါ စနစ်ကို အသုံးပြုပါ။

အပေါ်မှာ သတိပေးထားသလိုပါပဲ။ ဖုန်းကို အရေးတကြီး အသုံးပြုဖို့ရှိနေမယ်ဆိုရင် အသံတိတ်ထားရင်း တုန်ခါ စနစ်ကို အသုံးပြုပေးပါ။ အဲဒီနည်းလမ်းက စာတို (message) ဝင်လာသလား၊ ဖုန်းဝင်လာသလားဆိုတာကို ဖုန်းသံကြောင့်အနှောက်ယှက်မဖြစ်စေဘဲ သိရှိနိုင်ပါတယ်။ နောက်တစ်ချက်က သင်ကိုင်ချင်တဲ့ ဖုန်းလား၊ မကိုင်ချင်တဲ့ ဖုန်းလားဆိုတာကိုလည်း အလွယ်တကူသိရှိနိုင်ပါတယ်။

၆။ အခန်းထဲကထွက်ခွာပါ။

ဖုန်းပြောတော့မယ်ဆိုရင် အခန်းထဲက ထွက်ခွာပြီး သင့်တော်ရာနေရာရောက်မှ ဖုန်းကိုင်ပါ။ သို့မှသာ ပတ်ဝန်းကျင်အနှောက်အယှက် မဖြစ်စေဘဲ ဖုန်းကိုလွတ်လပ်စွာ ပြောဆိုင်နိုင်မှာ ဖြစ်ပါတယ်။  အများစုက  သူတို့နဲ့အတူတူရှိနေချိန်မှာ  အခြားတစ်ယောက်နဲ့  ဖုန်းပြောတာကို မနှစ်သက်ကြပါဘူး။ အကောင်းဆုံးအပြုမူကတော့ တစ်နေရာရာကိုထွက်သွားပြီး လွတ်လွတ် လပ်လပ်ဖုန်းပြောလိုက်တာပါပဲ။

ပတ်ဝန်းကျင်အနှောက်အယှက်မဖြစ်အောင် ဖုန်းကိုဆင်ခြင်ဥာဏ်ရှိစွာ  အသုံးပြုပေးပါ။ ဖုန်းအသုံးမပြုခင်မှာ ပတ်ဝန်းကျင်ကို ဂရုတစိုက်ကြည့်ရှုပေးရင်း မိမိဖုန်းကြောင့်အနှောက်အယှက် ဖြစ်နိုင် လား မဖြစ်နိုင်လား စစ်ဆေးပေးပါ။ အလိုက်မသိဖုန်းပြောတတ်တဲ့ သူတွေကိုရော သင်တွေ့ဖူးပါလား။

အထက်ပါ ဆောင်းပါးကိုဖတ်ခြင်းဖြင့် LESSON ရရှိခဲ့တယ်ဆိုရင် သင့်သူငယ်ချင်းတွေကို SHARE ပေးဖို့မမေ့ပါနဲ့။ LIKE လုပ်ရန်လည်း သတိရပေးပါ၊