ရယ်မောခြင်း၏ ကောင်းကျိုး(၅)ချက်

blank

“ရယ်မောခြင်းက အကောင်းဆုံးဆေးတစ်ခွက်ပါ”ဆိုတဲ့ ဆိုရိုးလေးကို အားလုံးကြားဖူးကြမှာပါ။ သုတေသနပြုသူတွေကတော့ ရယ်မောခြင်းက ကျန်းမာရေးအတွက်ကောင်းတယ်လို့ ဆိုကြတယ်။ ဒါပေမယ့် ဒီအချက်က ရယ်မောသင့်တဲ့ အချက်(၅)ချက်ထဲကမှ တစ်ချက်ပဲရှိသေးတယ်။ ကဲနောက်ထပ်သိဖို့ ဆက်ဖက်လိုက်ကြရအောင်။  ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁။       ရယ်မောခြင်းက စိတ်နဲ့ ခန္ဓာအတွက် ဆေးစွမ်းကောင်းတစ်လက်ပါ။

ရုပ်ပိုင်းဆိုင်ရာအရဆိုရင် ရယ်မောပေးခြင်းက အသက်ရှုနှုန်းကိုကောင်းစေတယ်၊ သွေးလည်ပတ်ခြင်းကိုလည်းကောင်းစေတယ်၊ ပြီးတော့ ကိုယ်ခံအားကိုလည်း တိုးမြင့်စေပါတယ်။ စိတ်ပိုင်းဆိုင်ရာအရ ပြောရရင်တော့ ဟာသဥာဏ်ရွှင်ခြင်းဟာ စိတ်ဖိစီးမှုတွေကို ပေါ့ပါးသွားစေပါတယ်။ အခက်အခဲကြားမှာ မျှော်လင့်ချက်လေးတွေ ပေးဆောင်တယ်။

၂။       ရယ်မောခြင်းက ဆွဲဆောင်မှုရှိတယ်။

အပြုံးမျက်နှာလေးကလူတွေနဲ့ ဆက်ဆံရာမှာ အဆင်ပြေစေတယ်။ ဒါ့အပြင် ရယ်စေရာတွေ မျှဝေခြင်းက relationship တစ်ခုကို ပျော်ရွှင်ချမ်းမြေ့စေပြီး အသက်ဝင်စေတယ်လေ။ ဟာသဥာဏ်လေးက ဒေါသတွေ၊ သဘောထားကွဲလွဲခြင်းတွေနဲ့ နာကျင်ခံစားရခြင်းတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အကောင်းဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းပေါ့။

၃။       ရယ်မောခြင်းက သင်ယူခြင်းနဲ့ ဖန်တီးနိုင်စွမ်းကို မြင့်တင်ပေးပါတယ်။

ကျောင်းသားတွေဟာ ဟာသတွေ၊ ရယ်စရာတွေပြောပြီး သင်ပြပေးတဲ့ ဆရာတစ်ယောက်ဆီကနေ ပိုပြီးလွယ်လွယ်ကူကူ သင်ယူနိုင်စွမ်းရှိကြတယ်။ ဟာသလေးတွေနဲ့ ဆက်စပ်ပြီးမှတ်သားတော့ သင်ခန်းစာလေးတွေကို ပိုပြီးမှတ်မိနိုင်စွမ်းရှိတာပေါ့။ ဒါကြောင့် ကိုယ့်ကလေးတွေကို စာသင်ပေးတဲ့အခါ ဟာသလေးတွေ ထည့်ပြောတာလေးက အကျိုးရှိတာကို တွေ့ရပါလိမ့်မယ်။

၎။       ရယ်မောခြင်းက ကိုယ်အလေးချိန်ချရာမှာ ကူညီပေးပါတယ်။

တအားရယ်တဲ့အခါ ဗိုက်နာတာကြုံဖူးတယ်မို့လား။ ဒါကလေ့ကျင့်ခန်း (၁၅)မိနစ်ပြင်းပြင်းထန်ထန် လုပ်ပေးခြင်းနဲ့ တူတူပါပဲ။ ရယ်မောခြင်းက တစ်ချိန်တည်းမှာပဲ ဝမ်းတွင်းကြွက်သားတွေကို လေ့ကျင့်ပေးတယ်၊ ဗိုက်သားတွေကို ကြုံ့ဆန့်ပေးတယ်၊ ပခုံးတွေကိုလည်း လေ့ကျင့်ခန်းလုပ်ပေးတယ်။ နှလုံးခုန်နှုန်းနဲ့ ဓာတုဖြစ်စဉ်တွေကိုလည်း တိုးမြင့်ပေးပါသေးတယ်။ ဒါကြောင့် ပျော်တတ်တဲ့လူတွေနဲ့ တူတူနေတာတွေ၊ ဟာသကားကြည့်ပေးတာတွေကို ပုံမှန် အလေ့အထတစ်ခုအနေနဲ့ ပြုလုပ်ပေးကြပါ။

၅။       ရယ်မောခြင်းက စိတ်ဖိစီးခြင်းကို သက်သာစေပါတယ်။

ရယ်မောခြင်းက ခန္ဓာကိုယ်ထဲက ကြွက်သားတွေကို ဖြေလျှော့ပေးပါတယ်။ စိတ်ဖိစီးခြင်းတွေ၊ စိုးရိမ်ကြောင့်ကြခြင်းတွေနဲ့ ကြောက်ရွံ့ခြင်းတွေကို နိုင်နင်းစွာ ချက်ချင်းကုသပေးနိုင်ပါတယ်။ ဆေးပညာဆိုင်ရာ သုတေသနအရ ရယ်လိုက်ပြီဆိုရင် ခန္ဓာကိုယ်က T cell antibodies ထုတ်ပေးလေ့ရှိပါတယ်။ဒီ antibody က ကိုယ်ခံအားကိုတိုးမြင့်စေပါတယ်။ ရှင်းရှင်းပြောရရင်တော့ ပျော်ရွှင်တဲ့လူတွေက ပိုပြီးကျန်းမာတာပေါ့။

အ​တွေးအခေါ်များကို  မျှ​ဝေ​ပေးတယ်​ဆိုတာ ဂရုစိုက်​လို့ပါပဲ။ ​အောက်​ပါ ​Facebook​ SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီး သူငယ်​ချင်း​တွေကို ဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်​။