ဗိုက်ကလေး ချပ်နေအောင် ဘယ်လို အမြန်နည်းလမ်း သုံးကြမလဲ

blank

[pull_quote_center]ချပ်ချပ်ရပ်ရပ်ဖြစ်နေတဲ့ ဗိုက်ကလေးပိုင်ဆိုင်နိုင်ဖို့ အားစိုက်ထုပ်ရမှာတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် အစားအသောက်ပုံစံလေးနဲနဲပြောင်းလဲလိုက်ပြီး၊ လေ့ကျင့်ခန်းလုပ်လိုက်မယ်ဆိုရင်တော့ မြန်မြန်ကြီးကိုရလဒ်ကောင်းရလာပါလိမ့်မယ်။ ဗိုက်ကလေး မြန်မြန်ချပ်သွားအောင် ဘယ်လိုလုပ်ရမလဲသိချင်တယ်ဆိုရင် အောက်ဖော်ပြပါ အချက်လေးတွေကိုဖတ်ကြည့်လိုက်ကြပါ။[/pull_quote_center]

၁။       အစာကိုဝါးစားပါ။

အစာကိုကြေအောင်မဝါးဘဲ မြိုချတာကအစာချေဖို့ခက်ခဲစေပါတယ်။ ပြီးတော့လည်းအစာအိမ်ထဲမှာလေတွေပွနေစေဖို့ ဖြစ်နိုင်ချေများပါတယ်။ အစာကိုကြေအောင် ဝါးစားခြင်းကလေထခြင်းမှာကာကွယ်ပေးသလိုအစားအလွံအကျွံစားခြင်းမှလည်းကာကွယ်ပေးပါတယ်။

၂။       အိပ်ထမတင်လုပ်နေရုံနဲ့ မလုံလောက်ပါဘူး။

အစားအသောက်ကိုသင့်တင့်မျှတအောင်အရင်ဆုံးစားပေးရပါမယ်။ ပြီးတော့ ကိုယ်အလေးချိန်လျော့ကျအောင် နှလုံးကျန်းမာရေးအတွက်ကောင်းသောလေ့ကျင့်ခန်းများကိုလုပ်ပေးပါ။ နောက်ဆုံးကိုယ်အလေးချိန်ကျပြီဆိုမှ ကြွက်သားတွေတင်းရင်းနေအောင် အိပ်ထမတင်ပြုလုပ်ပေးပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။       ဆားလျှော့စားပါ။

လေပွခြင်းကိုအဓိကဖြစ်စေတာကဆိုဒီယံ (Sodium) ပါပဲ။ ဒါကြောင့် နေ့စဉ်အစားအသောက်ထဲမှာဆားများများထည့်သုံးခြင်းကိုလျှော့ချပေးပါ။ စားပွဲတင်ဆားထက် ပင်လယ်ရေကရတဲ့ဆားကပိုကောင်းပါတယ်။ ဒါ့အပြင် ပဲငံပြာရည်ကိုလည်းသတိထားသုံးပါ၊ သူ့မှာဆိုဒီယံများစွာပါဝင်ပါတယ်။

၎။       သကြားရှောင်ပါ။

သကြားကအဝလွန်စေပါတယ်။ ဒါ့အပြင် သကြားစားသုံးနှုန်းကိုအလွံအကျွံလျှော့မယ်ဆိုရင် ဟော်မုန်းတစ်မျိုးဖြစ်တဲ့ ဂလူကာဂွန် (Glucagon) ကိုထွက်စေပါတယ်။ ဂလူကာဂွန်ကအဆီတွေ လောင်ကျွမ်းစေဖို့အတွက် အထောက်အကူပြုပါတယ်။

၅။       နေ့လည်စာနဲ့ ညစာကြားထဲကအချိန်မှာအစာစားပါ။

နေ့လည်စာနဲ့ ညစာကြားချိန်အတွင်းမှာအသားဓာတ်များတဲ့ အစားအစာစားပေးပါ။ ခန္ဓာကိုယ်ထဲမှ ဇီဝဖြစ်စဉ် ပုံမှန်ဖြစ်ဖိုနဲ့ သွေးတွင်းအချိုဓာတ်အချိုးအဆ မျှတဖို့ သုံးနာရီ၊ လေးနာရီခြားတစ်ခါ အစာစားပေးဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် ကိုယ်ရွေးချယ်စားသုံးလိုက်တဲ့ အစားအစကတော့ ကျန်းမာရေးညီညွတ်ပြီးကယ်လိုရီနည်းပါးရမယ်၊ ပြီးတော့ အသားဓာတ်များများပါဝင်ဖို့ လိုအပ်ပါတယ်။

၆။       စားသောက်မှုပမာဏကိုထိန်းချုပ်ပါ။

ပုံမှန်စားပေးရမယ်၊ မစားဘဲနေတာထက် နဲနဲစားပေးခြင်းကပိုကောင်းပါတယ်။ Whole grain စားသုံးခြင်းကို မြင့်တင်ပေးပါ၊ whole grain အစားအစာတွေကဗိုက်ကလေးချပ်နေစေဖို့ ကူညီပေးနိုင်ပါတယ်။

အတွေးအခေါ်များကို မျှဝေပေးတယ်ဆိုတာ ဂရုစိုက်လို့ပါပဲ။ အောက်ပါ Facebook SHARE button လေးကို တစ်ချက်နှိပ်ပြီး သူငယ်ချင်းတွေကို ဘယ်လောက်ဂရုစိုက်တယ်ဆိုတာ ဖော်ပြလိုက်ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်။

ကိုယ်ပိုင်နည်းလမ်းကောင်းလေးတွေရှိရင် အောက်ဖော်ပြပါ Comment section ကနေတဆင့် လွတ်လပ်စွာ မျှဝေပေးပါ။