အမျိုးသမီးတွေမှာ ဗီတာမင်ဓာတ်ချို့တဲ့ခြင်းရဲ့ လက္ခဏာရပ် ၄ ခု

blank

အာဟာရမျှတစွာ စားသုံးခြင်းဟာ ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ အာဟာရဓာတ် ပြည့်စုံအောင်မစားပေးရင် ဗီတာမင်ဓာတ်ချို့တဲ့လာမှာပါ။ ဗီတာမင်ချို့တဲ့ခြင်းရဲ့ လက္ခဏာရပ်တွေက တော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ ပါးစပ်မှာအနာတွေဖြစ်ခြင်း

ဒါဟာ သင့်မှာ ဗီတာမင်ဓာတ်ချို့တဲ့နေပြီဆိုတာ ပြသနေတာပါ။ အနာအမျိုးမျိုးရှိပါတယ်။

သွားဖုံးသွေးထွက်ခြင်း

သွားဖုံးသွေးထွက်ခြင်းဟာ ဗီတာမင် C ဓာတ်လိုအပ်ချက်နဲ့ ဆက်စပ်နေပါတယ်။ ခန္ဓာကိုယ်က ဗီတာမင် C ဓာတ်ကို မထုတ်ပေးနိုင်တာကြောင့် စားလိုက်တဲ့အစားအစာထဲကနေ ဗီတာမင် C ဓာတ် ကို စုပ်ယူဖို့လိုအပ်ပါတယ်။ ဗီတာမင် C ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ လိမ္မော်သီး၊ ပန်းဂေါ်ဖီစိမ်း အသီးနဲ့အရွက်တွေပဲ ဖြစ်ပါတယ်။

သွားဖုံးပြည်တည်နာပေါက်ခြင်း

သွားဖုံးမှာ ပြည်တည်နာပေါက်တာဟာ သံဓာတ်၊ ဒါမှမဟုတ် ဗီတာမင် B၊ B1 (thiamin)၊ B2 (riboflavin) နဲ့ B6 ( pyridoxine) ဓာတ်တွေ ချို့တဲ့နေတဲ့ လက္ခဏာဖြစ်ပါတယ်။ ခန္ဓာကိုယ်ကနေ သံဓာတ်စုပ်ယူဖို့ ဗီတာမင် C ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ စားပေးသင့်ပါတယ်။

ပါးစပ်နာပေါက်ခြင်း

ပါးစပ်နာပေါက်တာဟာ နှုတ်ခမ်းခြောက်သွေ့ပြီး ရေဓာတ်ကုန်ခမ်းလို့ဖြစ်ပါတယ်။ ဒါကြောင့် သံဓာတ် ၊ ဗီတာမင် B2 ဓာတ်တွေ ဖြည့်ပေးရပါမယ်။ ဗီတာမင် B ကြွယ်ဝတဲ့အစားအစာတွေကတော့ ငါး၊ ကြက်သား၊ ကြက်ဥ၊ အခွံမာအသီး၊ အစေ့အဆန်၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်နဲ့ အသားတို့ပဲ ဖြစ်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၂။ မျက်စိရောဂါဖြစ်ခြင်း

အမြင်အာရုံဝေဝါးတာ၊ ဒါမှမဟုတ် မျက်စိကူးစက်ရောဂါတွေ ဖြစ်လာမယ်ဆိုရင် အစာအာဟာရချို့တဲ့မှုကြောင့် ဖြစ်နိုင်ပါတယ်။ အမြင်ဝေဝါးရတဲ့ အကြောင်းရင်းတစ်ခုကတော့ ဗီတာမင် A ဓာတ်ပြတ်လပ်ခြင်းကြောင့် ဖြစ်ပါတယ်။ ဗီတာမင် A ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ မုန်လာဥနီ၊ အမဲသည်း၊ ရွှေဖရုံသီး၊ ကန်စွန်းဥ၊ ကြက်သည်း စတာတွေပဲ ဖြစ်ပါတယ်။

၃။ ဆံပင်ကျွတ်ခြင်း၊ လက်သည်းကျိုးပဲ့လွယ်ခြင်း

ဆံပင်ကျွတ်ခြင်းဟာ အမျိုးသားတွေရော အမျိုးသမီးတွေပါ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ ဆံပင်ကျွတ်ပြီး ပါးလာတာ၊ လက်သည်းတွေ ကျိုးပဲ့လွယ်လာတာမျိုးဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ အဲ့ဒီလိုဖြစ်ရင် ဆယ်လ်မွန်ငါး၊ အခွံမာသီး၊ ကြက်ဥ၊ ထောပတ်သီး၊ ကန်စွန်းဥ၊ အစိမ်းရောင်အရွက်တွေ စားပေးသင့်ပါတယ်။

၎။ အရေပြားပြဿနာဖြစ်ခြင်း

အရေပြားပြဿနာတွေဖြစ်တဲ့ အနီဖု၊ အဖြူဖုတွေ ပါး၊ လက်မောင်း၊ ပေါင်နဲ့ တင်ပါးတွေမှာ ပေါ်လာ တာဟာ မျိုးရိုးဗီဇကြောင့် ဖြစ်နိုင်သလို ဗီတာမင် A နဲ့ C ဓာတ် လျှော့နည်းမှုနဲ့လည်း ဆိုင်ပါတယ်။ ကျန်းမာရေးဗဟုသုတတွေမျှဝေဖို့ ဒီစာစောင်လေးကို LIKE & SHARE လုပ်လိုက်ပါဦးနော်။