ရောဂါလက္ခဏာတစ်မျိုးမျိုးကို ညွှန်ပြနေတဲ့ ခန္ဓာကိုယ်ပြောင်းလဲမှုဖြစ်စဉ်များ

blank
၁။ နူတ်ခမ်းသားခြောက်သွေ့အက်ကွဲခြင်း

နူတ်ခမ်းသားတွေ ခြောက်သွေ့ပြီး အရေခွံလန်နေတာက ဓာတ်မတည့်မှုရဲ့လက္ခဏာ တစ် ရပ်ပါ။ အဲ့ဒီလိုအခြေအနေမှာ ခံတွင်းသန့်ရှင်းရေးထုတ်ကုန်တွေ၊ ရေဓာတ်ကြွယ်ဝစွာပါဝင်တဲ့ အစား အစာနဲ့ ဆေးတွေကို အသုံးပြုပေးသင့်ပါတယ်။

၂။ မျက်ခုံးမွေးကျွတ်ခြင်း

မျက်ခုံးမွေးကျွတ်တာက သာမန်ဖြစ်ရိုးဖြစ်စဉ်ပါ။ ဒါပေမဲ့ မျက်ခုံးမွေးတွေ အကွက်လိုက်ကျွတ် ပြီး တဖြည်းဖြည်းပါးလာတယ်ဆိုရင် ဆရာဝန်နဲ့ ချက်ချင်းပြသင့်ပါတယ်။ ဒါဟာ သိုင်းရွိုက်ပမာဏများ လွန်းတာ၊ နည်းလွန်းတာတွေနဲ့ ဆက်စပ်နေနိုင်ပါတယ်။

၃။ လက်သည်းမညီညာခြင်း

လက်သည်းခွံလေးတွေ ပါးလွှာပြီး အရောင်ဖျော့နေတာက သွေးအားနည်းနေတဲ့ လက္ခဏာ ဖြစ်ပါတယ်။ လက်သည်းခွံဝါနေတယ်ဆိုရင် သံဓာတ်အားနည်းတဲ့ လက္ခဏာဖြစ်တာကြောင့် အသည်း၊ အစာအိမ်နဲ့ဆက်စပ်တဲ့ ရောဂါတွေ၊ ဖန်းဂတ်စ်ကူးစက်ရောဂါတွေ ဖြစ်နိုင်ပါတယ်။ လက်သည်းမှာ အဖြူပြောက်နဲ့ ခြစ်ရာလေးတွေ ပေါ်နေတယ်ဆိုရင် ဇင့်၊ ကော့ပါးနဲ့ အိုင်အိုဒင်းဓာတ်တွေ ချို့တဲ့နေတာကို ပြသနေတာပါ။ လက်သည်းတွေ ကျိုးပဲ့လွယ်နေတယ်ဆိုရင် ခန္ဓာကိုယ်အတွင်း ဗီတာမင်ဓာတ်၊ ကယ်လ်ဆီယမ်ဓာတ်၊ သံဓာတ်နဲ့ beta-carotene ဓာတ်တွေ ချိုတဲ့နေတာကို ပြသ နေတာပါ။

၎။ မျက်နှာနီမြန်းခြင်း

အသက် ၄ဝ ကျော် အမျိုးသမီးတွေမှာ ဟော်မုန်းပမာဏလျော့နည်းလာတာကြောင့် သွေးဆုံး ရောဂါလက္ခဏာတစ်ရပ်ဖြစ်တဲ့ မျက်နှာနီမြန်းတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် မျက်နှာနီမြန်းတာ က ကူးစက်ရောဂါတစ်မျိုးမျိုးရဲ့ ရောဂါလက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ မျက်နှာမှာ အနီစက်တွေထွက် ပြီး မူးဝေလာတယ်ဆိုရင် ဆေးကုသဖို့ အမြန်ဆုံးလိုအပ်ပါတယ်။

၅။ ခြေဖနောင့်အက်ကွဲခြင်း

ဗီတာမင် A နဲ့ E ချို့တဲ့ရင် ခြေဖနောင့်တွေ အက်ကွဲလာနိုင်ပါတယ်။ ခြေဖနောင့်တွေ အက်ကွဲ တာက ဖန်းဂတ်စ်ကူးစက်ရောဂါတွေ ဖြစ်လာနိုင်ပြီး အရေးပြားအပေါ်ယံလွှာကို ဆိုးကျိုးတွေ သက် ရောက်လာနိုင်ပါတယ်။ ခြေဖနောင့်ခြောက်သွေ့ကြမ်းတမ်းတာမပျောက်ဘူးဆိုရင် လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေ မှီဝဲပြီး လိုအပ်တဲ့ဆေးကုသမှု ခံယူသင့်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၆။  လက်နဲ့အရေပြားခြောက်သွေ့ခြင်း

ရာသီဥတုအေးတဲ့အခါ အရေပြားခြောက်သွေ့လာတာကြောင့် moisturizer လိမ်းတာ၊ ရေများ များသောက်တာ၊ ဗီတာမင်ဓာတ်ဖြည့်ပေးတာတွေ လုပ်ပေးရပါမယ်။ ဒါတွေလုပ်ပေမဲ့ အရေပြား ခြောက်သွေ့နေသေးတယ်ဆိုရင် အရေပြားအထူးကုဆရာဝန်နဲ့ ပြသပေးရပါမယ်။ အရေပြားခြောက် သွေ့တာက ဆီးချိုရောဂါနဲ့ သိုင်းရွိုက်အလွန်အမင်းချို့တဲ့ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ဓာတုဓာတ် ပစ္စည်းတွေနဲ့ ထိတွေ့တာများရင်လည်း အရေပြားကြမ်းတမ်းပြီးကွာတာ၊ အသားမာတက်ရုံသာမက အရေပြားရောင်ရမ်းလာတတ်ပါတယ်။

၇။ ခြေထောက်ပုံပျက်ခြင်း

ခြေထောက်ခွင်ပြီး ပုံစံတွေ ပြောင်းလာတာက ခြေထောက်ပုံပျက်ခြင်းရဲ့ လက္ခဏာတွေပါ။ ခြေထောက်ခွင်ပြီး ပုံပျက်တာက အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဘာလို့လဲဆိုတော့ ဒေါက်ဖိနပ်အမြင့်တွေစီးတဲ့အခါ ခန္ဓာကိုယ်ရဲ့ဝိတ်ကို ခြေထောက်က မမျှမတထမ်းနေရပြီး ခြေဆစ်တွေမှာ ဝိတ်ပိလာပါတယ်။ ဒါကြောင့် ခြေထောက်တွေ နာကျင်လာပြီး ပုံပန်းပျက်လာပါတယ်။

၈။ သွားပေါ်မှာ အဖြူစက်တွေထခြင်း

သွားမတိုက်ခင်နဲ့ သွားတိုက်ပြီးနောက် ဖလူအိုရင်းဒြပ်ပေါင်းတွေ ပမာဏများပြားစွာ ပါဝင် နေတဲ့ ရေနဲ့ လူသုံးကုန်ပစ္စည်းတွေကို သုံးမိတဲ့အခါ dental fluorosis လို့ ခေါ်တဲ့ နာတာရှည်ရောဂါ တစ်မျိုး ဖြစ်ပွားစေနိုင်ပါတယ်။

၉။ ဆံပင်ကျွတ်ခြင်း

သာမန်လူတစ်ယောက်ဟာ တစ်နေ့ကို ဆံပင်မွေး ၁ဝဝ လောက် ကျွတ်နိုင်ပါတယ်။ ဒါပေမဲ့ ဆံပင်တစ်ပင်ပြန်ပေါက်ဖို့ကတော့ ၂ လ အနည်းဆုံးကြာနိုင်ပါတယ်။ တကယ်လို့ ဆံပင်တွေ သိသိသာသာကျွတ်လာပြီဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဆံပင်အကျွတ်များတာက အရေပြားကူးစက်ရောဂါ၊ သိုင်းရွိုက်ပုံမမှန်တဲ့ရောဂါ၊ ရောဂါကို အလိုအလျောက်ခုခံပေးတဲ့ စနစ်တွေ ပျက်စီးလာတာတွေ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် ခန္ဓာကိုယ်မှာ အဲ့ဒီလို ပြောင်းလဲမှုတွေဖြစ်လာပြီဆိုရင် အချိန်မီကုသလို့ရအောင် ဆရာဝန်တွေနဲ့ ပြကြည့်ဖို့ မမေ့ပါနဲ့နော်။

ဒီကျန်းမာရေးစာစောင်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် LIKE & SHARE လေးလုပ်ပေးပါဦးနော်။