သင့်အစားအစာတွေမှာ အရောင်စုံအသီးအနှံတွေပါဝင်အောင် စားသုံးပါ။

blank

သဘာဝနည်းလေးတွေနဲ့ ဝိတ်ကျချင်သူလေးရေ …

လေ့ကျင့်ခန်းလုပ်ရမှာလည်း အချိန်မပေးနိုင်ဘူး။ အပင်ပန်းလည်းမခံနိုင်ဘူးဆိုရင် သဘာဝ နည်းလမ်းလေးတွေနဲ့ နေထိုင်စားသောက်ပြီး ဝိတ်ချလို့ရပါတယ်နော်။ အဲ့ဒါကတော့ အရောင်စုံလင်တဲ့ အသီးအနှံလေးတွေကို စားသောက်ပေးဖို့ပါပဲ။

ခရမ်းရောင

ခရမ်းရောင်ခြယ်ပါတဲ့အသီးအနှံတွေဟာ ဓာတ်တိုးစေတဲ့ ဂုဏ်သတ္တိရှိတာကြောင့် ခန္ဓာကိုယ် က ဆဲလ်တွေပျက်စီးခြင်းကို ကန့်သတ်ပေးနိုင်တယ်။ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ကင်ဆာရောဂါ ဖြစ်ခြင်းကို လျှော့ချပေးနိုင်ပါတယ်။

လိမ္မော်ရောင

မှည့်နေတဲ့ ခရမ်းချဉ်သီးလို လိမ္မော်ရောင်ခြယ်အသီးအနှံတွေက ခန္ဓာကိုယ်မှာ အသုံးပြုမယ့် ဗီတာမင် A ကို ဖန်တီးပေးနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးပြီး အာရုံကြောဆိုင်ရာ ရောဂါတွေကိုလည်း သက်သာစေပါတယ်။

အဝါရောင

အဝါရောင်သီးနှံတွေက ဗီတာမင် C ဓာတ် ကြွယ်ဝစွာ ရရှိစေပြီး ကျန်းမာရေးအရ အကျိုးကျေး ဇူးအများအပြားရှိနေပါတယ်။ သွေးလှည့်ပတ်မှုကိုလည်း ကောင်းမွန်စေပြီး နုပျိုကြည်လင်တဲ့ အသား အရေရအောင် အထောက်အပံ့ပေးပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အနီရောင

အနီရောင်သီးနှံတွေက အဆိပ်အတောက်ကို တိုက်ဖျက်ပေးနိုင်ပြီး ဓာတ်တိုးစေနိုင်တဲ့ စွမ်း အားအများဆုံးပါဝင်တာကြောင့် နှလုံးကျန်းမာရေးကို တိုးမြှင့်ပေးကာ ကင်ဆာရောဂါဖြစ်ခြင်းမှ ကာ ကွယ်ပေးပါတယ်။

အစိမ်းရောင

ကရိုလိုဖီး လို့ခေါ်တဲ့ အစိမ်းရောင်ခြယ်ပါတဲ့ အသီးအနှံတွေက အနာရောဂါ ကုသဖို့နဲ့ အဆိပ်အတောက်တွေဖယ်ရှားပေးနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ ဥပမာ ထိခိုက်ရှနာတွေကို ကုသဖို့နဲ့ ရောဂါပိုးဝင်ရောက်ခြင်းမှ ကာကွယ်ပေးပါတယ်။ ရောဂါပိုးတွေကို တိုက်ခိုက်ပေးနိုင်တာကြောင့် အရေပြားကိုလည်း ကာကွယ်ပေးနိုင်ဆုံးဖြစ်ပါတယ်။

ဒါကြောင့် ဆီကြော်မုန့်နဲ့ အသင့်စားအစားအစာတွေကို လျှော့စားပြီး ရောင်စုံအသီးအနှံတွေကို နေ့စဉ်စားသုံးပေးမယ်ဆိုရင် ကိုယ်အလေးချိန်တဖြည်းဖြည်းလျော့ကျလာပြီး ကျန်းမာရေးအတွက် လည်း ကောင်းကျိုးတွေ အများကြီးရရှိစေမှာပါနော်။

ကဲ… ဝိတ်ချချင်တဲ့သူငယ်ချင်းလေးတွေကိုလည်း mention ခေါ်ပေးလိုက်ပါဦးနော်။