ပဲပင်ပေါက်ရဲ့ လူသိနည်းတဲ့ ကျန်းမာရေးကောင်းကျိုးများ

blank

၁။ ပဲပင်ပေါက်မှာပါဝင်တဲ့ အာဟာရအမျှင်ဟာ အစာကို လျင်လျင်မြန်မြန် ကြေညက်စေပါတယ်။

၂။ ပဲပင်ပေါက်ဟာ သွေးထဲက သွေးနီဆဲလ်ပမာဏတွေကို ထိန်းသိမ်းပေးပါတယ်။ ဒါ့အပြင် ခနာကိုယ်ထဲက သွေးလည်ပတ်မှုကို တိုးမြှင့်ပေးပြီး သွေးအားနည်းရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

၃။ ပဲပင်ပေါက်မှာ အာဟာရဓာတ်တွေ မြင့်မားစွာ ပါဝင်ပေမယ့် ကယ်လိုရီနည်းတဲ့အတွက် ဝိတ်ထိန်းပေးပါတယ်။

၎။ ပဲပင်ပေါက်မှာ မကောင်းတဲ့ကိုလက်စထရောတွေကို လျှော့ချပေးနိုင်တဲ့ Omega-3 ဖက်တီးအက်ဆစ်တွေ အမြောက်အများပါဝင်တဲ့အတွက် နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ ပဲပင်ပေါက်မှာပါဝင်တဲ့ ဗီတာမင်-စီ ဟာ ကူးစက်ရောဂါတွေကို တိုက်ထုတ်နိုင်ဖို့အတွက် သွေးဖြူဥတွေကို နှိုးဆွပေးပြီး ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကိုလည်း တိုးမြှင့်ပေးပါတယ်။

၆။ ပဲပင်ပေါက်မှာတွေ့ရှိရတဲ့ ပဋိဇီဝပစ္စည်းတွေဟာ ကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်။ အင်ဇိုင်းတွေအမြောက်အများပါဝင်တဲ့ ပရိုတင်းတွေ၊ အမိုင်နိုအက်ဆစ်တွေ၊ ဗီတာမင်စီ နဲ့ ဗီတာမင်အေ တွေဟာလည်း ခနာကိုယ်ထဲမှာရှိတဲ့ Free radical  ပမာဏကို တိုးမြှင့်ပေးပါတယ်။

၇။ ပဲပင်ပေါက်မှာ အမျှင်ဓာတ်အမြောက်အများပါဝင်တာကြောင့် ဆီးချိုရောဂါသမားတွေ အတွက် အထူးသင့်လျော်ပါတယ်။

စာချစ်သူတို့သိတဲ့ ပဲပင်ပေါက်ရဲ့ တခြားကောင်းကျိုးတွေရှိသေးရင်လည်း comment box မှာ မျှဝေပေးခဲ့ပါဦးနော်။