ဆောင်းရာသီအတွက် အကောင်းဆုံးအစားအစာများ

blank

စာချစ်သူတို့ရေ…

အစာလည်းဆေး၊ ဆေးလည်းအစာဆိုသလို ကျန်းမာရေးကောင်းမွန်ဖို့ဆိုရင် အစား အစာတွေကိုလည်း သူ့ရာသီနဲ့သူ စနစ်တကျစားသောက်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ ကိုယ်ခံအားစနစ် ကောင်းမွန်ပြီး ဆောင်းကာလမှာဖြစ်တတ်တဲ့ အအေးမိ၊ ဖျားနာခြင်းတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဘာ လေးတွေ စားပေးသင့်လဲဆိုတာ ကြည့်ရအောင်နော်။

၁။ ဗီတာမင် C ကြွယ်ဝတဲ့ အသီးအနှံနဲ့ဟင်းသီးဟင်းရွက်များ

ဗီတာမင် C ဟာ ကိုယ်ခံအားစနစ်ကောင်းမွန်ဖို့အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။ ဗီတာမင် C ကြွယ်ဝတဲ့အစားအစာတချို့ကတော့ ကန်စွန်းဥ၊ ခရမ်းချဉ်သီး၊ ငရုတ်ပွအနီနဲ့ အရည်ရွှမ်းတဲ့ အသီး တွေပဲ ဖြစ်ပါတယ်။

၂။ ဇင့်(Zinc) ဓာတ်ပါဝင်တဲ့ အစားအစာများ

ဆောင်းရာသီဟာ အအေးမိ၊ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေနဲ့ ထိတွေ့နိုင်မှုအများဆုံးအချိန်ဖြစ်ပါ တယ်။ ဒါကြောင့် ကိုယ်ခံအားစနစ်ကောင်းမွန်ဖို့ အရေးကြီးလှပါတယ်။ ဇင့်ဟာ ကိုယ်ခံအားစနစ်ကို ကောင်းမွန် စေပါတယ်။ ကနုကမာ၊ ဟင်းနုနွှယ်၊ ပဲသီး၊ ပဲတောင့်တို့ဟာ ဇင့်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်ပါတယ်။

၃။ သံဓာတ်ကြွယ်ဝတဲ့အစားအစားများနဲ့ ဖြည့်စွက်စာများ

သံဓာတ်ကြွယ်ဝတဲ့ အနီရောင်အသား၊ ပဲနီလေး၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေဟာ ကိုယ်ခံအား စနစ်ကို ထောက်ပံ့ကူညီပေးပါတယ်။ အစားအသောက်အပြင် သံဓာတ်ပါတဲ့ဖြည့်စွက်စာတွေကိုလည်း မှီဝဲလို့ ရပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ ဗီတာမင် B12 ရရှိစေတဲ့အစားအသောက်များ       

ဗီတာမင် B12 ဟာ မောပန်းခြင်းနဲ့ ပင်ပန်းနွမ်းနယ်ခြင်းကို လျှော့ချပေးပြီး ကိုယ်ခံအားစနစ်ကို ကောင်း မွန်စေပါတယ်။ ဆယ်လ်မွန်ငါးနဲ့ပင်လယ်ငါးတို့လို ငါးတွေ၊ နွားနို့၊ ဥအမျိုးမျိုးနဲ့ချိစ်တို့ဟာ ဗီတာမင် B12 ရဲ့ အ ဓိကအရင်းအမြစ်တွေ ဖြစ်ပါတယ်။

မှန်ကန်တဲ့စားသောက်ခြင်းဖြင့် ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။

ကျန်းမာရေးဆိုင်ရာဗဟုသုတလေးတွေ မျှဝေဖို့ စာစောင်လေးကို SHARE လိုက်ပါဦးနော်။