အစားမြန်မြန်စားလေလေ… သင့်ခန္ဓာကိုယ် မကျန်းမာလေလေ

blank

ကျွန်မတို့တွေဟာ ကျန်းမာရေးနဲ့ ညီညွတ်ဖို့ ဘာတွေကိုစားရမယ်၊ ဘာတွေကိုရှောင်ရမယ်ဆိုပြီး ပြောကြ၊ ဆိုကြ၊ ဆွေးနွေးကြပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ဘယ်လိုစားရမယ်ဆိုတာကိုတော့ သိပ်မပြောဖြစ်ကြပါဘူး။ အထူးသဖြင့် အစားစားနှုန်းမှာပေါ့။

လေ့လာချက်တွေအရ အစားကို မြန်မြန်စားတာက အစာချေဖျက်မှုကို ဆိုးကျိုးဖြစ်စေပြီး အဝလွန်ရောဂါဖြစ်စေနိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့ လေဖြတ်လေငန်းရောဂါကိုပါဖြစ်စေပါတယ်။

အစားကို ကြေညက်အောင်မဝါးဘဲ မြန်မြန်မျိုချခြင်းက အစာချေဖျက်မှုကို အနှောင့်အယှက်ဖြစ်စေပြီး အစားများများစားမိတာတွေ ဖြစ်စေနိုင်ပါတယ်။ ဗိုက်အရမ်းဆာနေတဲ့အချိန်မှာ အစားတွေအများကြီးကို မြန်မြန်စားတဲ့အခါ ဦးနှောက်ကို ဗိုက်ပြည့်တယ်ဆိုတဲ့အသိမရောက်စေဘဲ အလွန်အကျွံစားမိစေပါတယ်။ ဒါပေမဲ့ အစားစားချိန်ကို အနည်းဆုံး မိနစ် ၂ဝလောက် အချိန်ယူပြီး ဖြည်းဖြည်းချင်းစားမယ်ဆိုရင်တော့ သင့်ရဲ့ အစာချေစနစ်ကို သိသိသာသာ ကောင်းမွန်လာစေမှာပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒါပေမဲ့ မြန်မြန်စားတတ်တဲ့အကျင့်ရှိနေသူအတွက်တော့ အစားကို ဖြည်းဖြည်းချင်းစားဖို့ဆိုတာ ခက်ခဲပါတယ်။ ဒီတော့ အစားကိုဖြည်းဖြည်းချင်းစားနိုင်ဖို့ နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

  • အမျှင်ဓာတ်မြင့်မားစွာပါဝင်တဲ့ အစားအစာတွေကိုစားပါ။ သူတို့ကို ကြေညက်အောင်ဝါးဖို့ ခက်ပါတယ်။
  • အစားကို ဝါးနေတဲ့အချိန်မှာ ဇွန်း၊ ခက်ရင်းနဲ့ ဓားတွေကိုချထားပါ။
  • အစားစားတာ နှေးတဲ့သူနဲ့အတူတူ ထမင်းစားပါ။
  • ထမင်းစားရင်း စကားပြောပါ။ ဒါဆိုရင် အစားတစ်လုတ်နဲ့တစ်လုတ်အကြား အချိန်ပိုရမှာဖြစ်ပါတယ်။

ဒီလို အစားနှေးနှေးစားတတ်တဲ့အကျင့်ကို မွေးမြူပါ။ မကြာခင်မှာ သင့်ခန္ဓာကိုယ်ရဲ့ အစာချေစနစ်ကောင်းမွန်သွားပြီး ပိုပြီး နေလို့ကောင်းလာပါလိမ့်မယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ခန္ဓာကိုယ်က သင့်ကို ကျေးဇူးတင်နေမှာ အသေအချာပါပဲ။

မှတ်သားစရာ ကျန်းမာရေးစာစောင်လေးဖြစ်တာကြောင့် SHARE လိုက်ပါဦးနော်။ အစားမြန်မြန်စားတတ်တဲ့ သင့်သူငယ်ချင်းတွေကို mention ခေါ်လိုက်ပါဦးနော်။