အစပ်ကြိုက်သူများအတွက် ဝမ်းသာစရာသတင်းကောင်းလေးတစ်ခု

blank
A bowl of pepper

ကြိုက်တတ်သူတွေအတွက်တော့ အစပ်ဆိုတာ ထမင်းစားတိုင်း ဘယ်လောက်ကောင်းတဲ့ ဟင်းလျာပါပါ အစပ်မပါရင် မပြည့်စုံစေတဲ့ စွဲမက်စရာအကောင်းဆုံးအရသာတစ်ခုပါ။

မှိုတက်ခံထားတဲ့ ငရုတ်သီးမှုန့်လိုမျိုးမဟုတ်ဘဲ လတ်ဆတ်တဲ့ငရုတ်သီးစိမ်းကို စားပေးခြင်း အားဖြင့် ဝိတ်ကျစေသလို metabolism ကို မြှင့်တင်ပေးပြီး  endorphins ကိုလည်း လှုံ့ဆော်ပေးပါ တယ်။ ဒါ့အပြင် နောက်ထပ်လေ့လာတွှေ့ရှိချက်တစ်ခုကတော့ ငရုတ်သီးစားခြင်းဟာ အသက်လည်း ရှည်စေပါတယ်တဲ့။ အစပ်စားသူတွေဟာ သေစေနိုင်တဲ့ရောဂါဖြစ်ပွားနိုင်ခြေကနေ ၁၃ ရာခိုင်နှုန်းလျော့ နည်းပြီး အထူးသဖြင့် နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေကို လျှော့ချပေးပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

လေ့လာတဲ့သုတေသီတွေအနေနဲ့ အဲ့ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကို အတိအကျမတွေ့ရှိသေး ပေမဲ့ လတ်ဆတ်တဲ့ငရုတ်သီးဟာ အစာကိုကောင်းစွာချေဖျက်နိုင်စွမ်းရှိပြီး ကူးစက်ရောဂါတွေကို တိုက် ထုတ်ပေးနိုင်တဲ့ အန်တီအောက်ဆီဒင့်စ်တွေပါဝင်နေတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ထား ပါတယ်။ ဒါ့အပြင် နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို တိုက်ထုတ်ပေးပြီး အဝလွန်ခြင်းကနေလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။ ဒါတွေကြောင့်ပဲ ငရုတ်သီးကြိုက်သူတွေဟာ အသက်ရှည်ကြတာဖြစ် နိုင်ပါတယ်။

စာချစ်သူတို့ရေ… ငရုတ်သီးရဲ့အစွမ်းကတော့ တကယ်ကို အံ့မခန်းပါပဲနော်။

ကဲ… အစပ်ကြိုက်တဲ့သင့်မိတ်ဆွေတွေကိုလည်း mention လေးတွေ ခေါ်ပေးလိုက်ပါဦး။