ဝိတ်ကျချင်တဲ့ မမများအတွက် အထိရောက်ဆုံး ၈ဝ – ၂ဝ နည်းဗျူဟာ

blank

ဝိတ်ကျဖို့က မခဲယဉ်းပါဘူး။ အစားအသောက်ကို ဆင်ခြင်ပြီးစားရင် အဆီပိုတွေကို ရက်သတ္တပတ်အနည်းငယ်အတွင်း လျှော့ချနိုင်ပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာ ဒီလိုဝိတ်ချရင်း ကျန်းမာရေးကိုပါ ထိခိုက်သွားတာ၊ အသားအရေတွေ မွဲခြောက်သွားတာ၊ အစာချေစနစ်မကောင်းတော့တာ၊ ဆံပင်အရမ်းကျွတ်လာတာတွေ ဖြစ်တတ်ပါတယ်။ ဒီတော့ အစားလျှော့ရင်း ဝိတ်ချတဲ့အခါမှာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရမျှတတဲ့အစားအစာတွေနဲ့ ဝိတ်ချဖို့လည်း လိုပါတယ်။ နည်းစနစ်သာ မှန်ကန်မယ်ဆိုရင် ဝိတ်ချခြင်းရဲ့ အကျိုးရလဒ်က လှပတဲ့ခန္ဓာကိုယ်တစ်ခုတည်းတင် မကပါဘူးနော်။

၈ဝ – ၂ဝ နည်းဗျူဟာဆိုတာ ဘာလဲ။

၈ဝ – ၂ဝ နည်းဗျူဟာဆိုတာ ၈ဝ% အစားနဲ့လျှော့ပြီး ၂ဝ% လေ့ကျင့်ခန်းနဲ့လျှော့တဲ့ နည်းလမ်းပါ။ လူအများစုက မှားနေကြတယ်။ အစားမလျှော့ဘဲ လေ့ကျင့်ခန်းလုပ်ရုံနဲ့ ပိန်မယ်ထင်နေတတ်ကြတယ်။ အစားမလျှော့ဘဲ လေ့ကျင့်ခန်းလုပ်တာက ဟိုဇာတ်ကားထဲကလို ပြောရရင် “ကျန်းမာတဲ့ဝက်ကြီး” ပဲဖြစ်နေမှာပါ။ ဝိတ်ကျဖို့က အစားလျှော့ဖို့ရော၊ လေ့ကျင့်ခန်းလုပ်ဖို့ရောလိုပါတယ်။ လေ့ကျင့်ခန်းမလုပ်ဘဲ အစားချည်းလျှော့နေရင်လည်း ရှိပြီးသားကယ်လိုရီတွေ မလောင်ကျွမ်းလို့ သိသိသာသာပိန်မသွားတဲ့အပြင် လိုအပ်တဲ့စွမ်းအင်ကို မပေးနိုင်လို့ မောပန်းနွမ်းနယ်နေတတ်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကျန်းမာရေးကိုလိုက်စားရင်း ဝိတ်လျှော့ချင်တဲ့သူတွေအတွက် သိပ္ပံပညာရှင်တွေက ဒီ ၈ဝ -၂ဝ နည်းလမ်းကို အကြံပြုထားပါတယ်။ ၈ဝ% အစားနဲ့ လျှော့ရမယ်ဆိုတာ နေ့တိုင်းစားနေကျ ထမင်းပန်းကန်မှာ အမျှင်ဓာတ်၊ ပရိုတင်းဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို မျှတအောင်စားရမယ်၊ ကာဘိုဟိုက်ဒရိတ်နဲ့ အဆီဓာတ်တွေကို လျှော့ရမယ်လို့ဆိုလိုတာဖြစ်ပါတယ်။

ဒီလို အစားအသောက်ကိုလည်း စနစ်တကျ ရှောင်သင့်တာရှောင်၊ စားသင့်တာစားရင်း ကိုယ်လက်လေ့ကျင့်ခန်းလေး ပုံမှန်လုပ်ပေးမယ်ဆိုရင် အချိန်တိုအတွင်း ကျစ်လျစ်သွယ်လျတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်မှာပါ။
ဝိတ်ချမယ်ပြောပြီး အစားမလျှော့တဲ့သူလေးတွေကို Mention ခေါ်လိုက်ပါဦးနော်။