လိပ်ခေါင်းရောဂါဆိုတာ အစာဟောင်းအိမ်နဲ့ စအိုတစ်ဝိုက်က သွေးကြောတွေ ရောင်ရမ်းတဲ့ ရောဂါဖြစ်ပြီး ဒီလိုရောင်ရမ်းမှုတွေကြောင့် မစင်တွေကို မဆင်းနိုင်အောင် ပိတ်ဆို့ထားသလို ဖြစ်စေပါတယ်။ လိပ်ခေါင်းရောဂါရှိမရှိက သိရလွယ်ပါတယ်။ လိပ်ခေါင်းဖြစ်နေပြီဆိုရင် အစာဟောင်းအိမ်အတွင်းက နာနေမယ်။ ဝမ်းသွားရင် သွေးပါမယ်။ ထိုင်တဲ့အခါ မသက်မသာ ခံစားရမယ်။ ပြီးတော့ မကြာခဏဆိုသလို ဝမ်းထဲမှာတစ်ခုခုရှိနေသလို ခံစားရမယ်။
လိပ်ခေါင်းရောဂါဖြစ်စေတဲ့အကြောင်းရင်းတွေကတော့
- အာဟာရမျှအတအောင် မစားခြင်း
- မျိုးရိုးလိုက်ခြင်း
- အထိုင်များခြင်း
- ဝမ်းချုပ်တတ်ခြင်း
- ကိုယ်ဝန်ဆောင်ခြင်း
- အဝလွန်ခြင်း တို့ပဲဖြစ်ပါတယ်။
လိပ်ခေါင်းရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ။
- အကြာကြီးမထိုင်ပါနဲ့။ တစ်နေ့ကိုတစ်နာရီလောက် လမ်းလျှောက်ပေးပါ။ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
- သင့်တင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းပါ။
- တစ်နေ့ကို အနည်းဆုံး ရေ (၂) လီတာ ကုန်အောင်သောက်ပါ။
- ပူစပ်တဲ့အစားအစာတွေ၊ တာရှည်ခံစားစရာတွေနဲ့ အဆီများတဲ့စားစရာတွေကို ရှောင်ပါ။
- အမျှင်ဓာတ်ပါတဲ့ အသီးအရွက်တွေ၊ နှံစားပြောင်းတွေများများစားပါ။
လိပ်ခေါင်းရောဂါကို ဘယ်လိုကုသမလဲ။
၁။ အပြင်ကုသနည်း
ယားယံခြင်းတွေကို သက်သာစေဖို့ ရေအေးလေးနဲ့ ၁၅မိနစ်လောက် ရေစိမ်ချိုးပါ။ အထူးသဖြင့် အိမ်သာတက်ပြီးချိန်တွေမှာပေါ့။
၂။ အတွင်းကုသနည်း
သံပုရာရည် တစ်နေ့တစ်ခွက်သောက်ပါ။ သံပုရာသီးမှာပါဝင်တဲ့ ဗီတာမင် C က သွေးကြောတွေရဲ့ တင်းအားကို မြှင့်တင်ပေးပြီး သွေးကြောတွေမပေါက်အောင် ကာကွယ်ပေးနိုင်ပါတယ်။
လိပ်ခေါင်းရောဂါကို သက်သာစေမယ့် အသီးအရွက်များ
- နာနတ်သီး
- လိမ္မော်သီး
- သစ်တော်သီး
- ဟင်းနုနွယ်
- ဆလပ်ရွက်
လိပ်ခေါင်းရောဂါရှိသူတွေ ရှောင်သင့်တဲ့အစားအစာများ
- ရှာလကာရည်
- ခရမ်းချဉ်သီး
- ကြက်သွန်နီ
- နံနံပင်
- ငရုတ်သီး
- ကြက်သွန်ဖြူ
- ကော်ဖီ
- ချောကလက်
- အယ်လ်ကိုဟော
ဒီအချက်အလက်တွေ သိပြီးပြီဆိုရင်တော့ ဆောင်သင့်တာဆောင်ပြီး၊ ရှောင်သင့်တာရှောင်နိုင်ပြီပေါ့နော်။ လိပ်ခေါင်းရောဂါဖြစ်ရင် တကယ်ကို နေမထိထိုင်မသာ ဖြစ်တတ်တာကြောင့် ကြိုတင်ကာကွယ်ရင်း၊ ကုသရင်း ကျန်းမာစွာ နေထိုင်ကြပါစို့။
မှတ်သားစရာစာစောင်လေးဖြစ်တာကြောင့် SHARE လိုက်ပါ။ လိပ်ခေါင်းဖြစ်နေတဲ့ သူတွေအတွက်လည်း share ပေးလိုက်ပါဦး၊ mention ခေါ်ပြီးလည်း ဖတ်ခိုင်းလိုက်ပါဦးနော်။