ခန္ဓာကိုယ်ပေါ်က အကြောင်းမဲ့ နာကျင်မှုတွေကို လျစ်လျူရှုမထားပါနဲ့။ ဘာလို့လဲဆိုတော့…

blank

           ခန္ဓာကိုယ်အနှံ့အပြားမှာ ဘာကြောင့်မှန်းမသိ နာကျင်နေတတ်တာမျိုး ဖြစ်ဖူးလား။ ဒါဟာ fibromyalgia လို့ခေါ်တဲ့ ထူးခြားတဲ့ရောဂါကြောင့်ဖြစ်ပါတယ်။ ဒီရောဂါဟာ ဘာကြောင့်ဖြစ်တယ်၊ တကယ်ရှိမရှိဆိုတာကို သိပ္ပံပညာရှင်တွေ အခုထိငြင်းခုံနေကြဆဲပါပဲ။ ဒါပေမဲ့ ဒီရောဂါလက္ခဏာတွေဖြစ်လာရင် ချက်ချင်းကုသမှုခံယူသင့်တယ်ဆိုတာကိုတော့ ပညာရှင်တွေအားလုံး အခိုင်အမာပြောဆိုခဲ့ကြပါတယ်။

ဒါဆိုရင် ခန္ဓာကိုယ်ရဲ့ ဘယ်နေရာတွေမှာ နာကျင်နေရင် fibromyalgia ရောဂါလို့ သတ်မှတ်နိုင်တာလဲ။ ဖော်ပြထားတဲ့ပုံကို ကြည့်လိုက်ပါ။ အစက်လေးတွေ ပြထားတဲ့နေရာတွေမှာ နာကျင်နေတယ်ဆိုရင်တော့ fibromyalgia လို့ ပြောနိုင်ပါတယ်။ ဒီလိုနာကျင်နေတာတွေအပြင် အခြားရောဂါလက္ခဏာတွေလည်း ရှိပါသေးတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

  • ပြထားတဲ့နေရာတွေမှာ ၃လထက် ပိုကြာပြီး နာကျင်နေရင်
  • မနက်ခင်းတွေမှာ မောပန်းပြီး အသက်ရှူကြပ်နေရင်
  • အိပ်ချိန်တွေ ပုံမှန်မဟုတ်ဘူးဆိုရင်
  • တချို့နေရာတွေက သိသိသာသာပိုနာနေတတ်ရင်
  • မကြာခဏ ခေါင်းကိုက်တတ်ရင်
  • ရာသီလာချိန်တွေမှာ အင်မတန်နာကျင်ကိုက်ခဲနေတတ်ရင်
  • ဆီးဝမ်းသွားချိန်တွေမှာ မသက်မသာခံစားရရင်
  • ရာသီဥတုပူတာ၊ အေးတာ၊ အနံ့ပြင်းတာ၊ အသံဆူညံတာတွေကို မခံစားနိုင်ရင်
  • အကြောင်းအရင်းမယ်မယ်ရရမရှိဘဲ ကိုယ်အပူချိန်မြင့်တင်လာတတ်တယ်ဆိုရင်
  • ခြေလက်တွေ မကြာခဏ ထုံကျင်တာ၊ တဆစ်ဆစ်နဲ့ ဆူးသွားတာ၊ ရောင်တာတွေဖြစ်တယ်ဆိုရင်
  • အာရုံစူးစိုက်နိုင်စွမ်းနဲ့ မှတ်ဉာဏ်စွမ်းတွေ လျော့နည်းလာတယ်ဆိုရင်
  • စိတ်တိုစိတ်ဆတ်လွယ်ပြီး မကြာခဏ စိတ်ဓာတ်ကျနေတတ်တယ်ဆိုရင်

Fibromyalgia ရောဂါလက္ခဏာပြနေပြီလို့ဆိုနိုင်ပါတယ်။

Fibromyalgia ရောဂါဟာ အသက်အရွယ်ကြီးတဲ့ အမျိုးသမီးတွေမှာပဲ ဖြစ်တတ်တယ်လို့ထင်ကြပါတယ်။ တကယ်က fibromyalgia ရောဂါဟာ အသက် (၂ဝ) ကနေ အသက် (၅ဝ) ကြား အမျိုးသမီးတွေမှာ ဖြစ်ပွားတာကို တွေ့ရပါတယ်။ ဒီရောဂါကြောင့် နာကျင်ခံစားရတာတွေဟာ အစပိုင်းမှာ သိပ်မနာသလို ထင်ရပေမဲ့ တဖြည်းဖြည်း ရောဂါကျွမ်းလာတာနဲ့အမျှ နာကျင်မှုတွေ ပိုပြင်းထန်လာပြီး မလှုပ်မရှားနိုင်ဖြစ်သွားတတ်ပါတယ်။ Fibromyalgia ရောဂါကြောင့် လေဖြတ်နိုင်ခြေကိုလည်း ပိုမိုမြင့်တက်စေပါတယ်။

ဒီရောဂါလက္ခဏာပြနေပြီဆိုရင် ဘယ်လိုလုပ်ရမလဲ။

၁။ အရင်ဆုံး ဆရာဝန်ဆီကို သွားရောက်ပြသပါ။ ဒါမှ ရောဂါရှိမရှိအတည်ပြုနိုင်မှာ ဖြစ်ပြီး၊ သင့်တော်တဲ့ ကုသနည်းကို ပေးနိုင်မှာဖြစ်ပါတယ်။

၂။ ရောဂါရှိနေတယ်လို့ ဆရာဝန်ကအတည်ပြုလိုက်တာနဲ့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးဝါးမှီဝဲပါ။

၃။ ခန္ဓာကိုယ် ပုံမှန်ပြန်ဖြစ်ဖို့ ဆရာဝန်ညွှန်ကြားတဲ့ ကိုယ်လက်လေ့ကျင့်ခန်းလေးတွေ၊ ယောဂလေ့ကျင့်ခန်းနဲ့ ရေကူးလေ့ကျင့်ခန်းလေးတွေလုပ်ပါ။ ကိုယ်လက်အညောင်းအညာပြေအောင် ကျွမ်းကျင်ပညာရှင်ဆီမှာ အနှိပ်ခံပါ။

၎။ ဒီရောဂါဟာ စိတ်ကျလွယ်စေတာကြောင့် အဓိကက အကောင်းမြင်စိတ်မွေးဖို့လိုပါတယ်။ အဆိုးမြင်စိတ်တွေကို ဖယ်ထုတ်လိုက်ပါ။

ဒီရောဂါလက္ခဏာရှိမရှိ စမ်းသပ်နည်းတစ်ခုလည်း ရှိပါတယ်။ ပုံမှာ အစက်လေးတွေပြထားတဲ့ နေရာတွေကို လက်လေးနဲ့ ခပ်ပြင်းပြင်းဖိကြည့်ပါ။ နည်းနည်းလောက်ဖိလိုက်တာနဲ့ ထုံပြီး နာတယ်ဆိုရင် fibromyalgia ဖြစ်ဖို့ သေချာနေပါပြီ။

ကျန်းမာရေးစာစောင်လေးကို မိတ်ဆွေတွေအတွက် ဝေမျှပေးလိုက်ပါဦး။