သတိပြုသင့်တဲ့ ခန္ဓာကိုယ်ရေဓာတ်ခမ်းခြောက်ခြင်းပြဿနာ

blank

နွေရာသီမှာ သတိထားရမယ့် ကျန်းမာရေးပြဿနာတစ်ခုက Dehydration လို့ ခေါ်တဲ့ ရေဓာတ်ခမ်းခြောက်ခြင်းပြဿနာဖြစ်ပါတယ်။

ရေဓာတ်ခမ်းခြောက်ခြင်းဖြစ်စေတဲ့အကြောင်းရင်းများ

၁။ ဝမ်းလျှောခြင်းနဲ့ အော့အန်ခြင်း

၂။ ဖျားနာခြင်း

၃။ ဆီးခဏခဏသွားခြင်း

၎။ ချွေးထွက်လွန်းခြင်း

၅။ ကလေးတွေနဲ့ သက်ကြီးရွယ်အိုဖြစ်ခြင်း

၆။ နာတာရှည်မကျန်းမာခြင်း

၇။ ရာသီဥတုပူလွန်း၊ အေးလွန်းခြင်း

ရေဓာတ်ခမ်းခြောက်ခြင်းရဲ့ လက္ခဏာများ
လူကြီးတွေမှာဆိုရင်
  • လျှာတွေခြောက်ပြီး စေးကပ်ကပ်ဖြစ်နေမယ်။
  • ရေငတ်လွန်းနေတယ်။
  • ဆီးသွားနည်းမယ်။
  • ခေါင်းမူးမယ်။
  • ဆီးအရောင်ရင့်နေမယ်။
  • မကြာခဏ မောပန်းလွယ်နေမယ်။
ကလေးတွေမှာဆိုရင်
  • အာခေါင်တွေခြောက်နေမယ်၊ နှုတ်ခမ်းတွေခြောက်နေမယ်။
  • မကြာခဏအိပ်ချင်နေပြီး နုံးချိချိဖြစ်နေမယ်။
  • မောပန်းလွယ်မယ်။
  • ၃ နာရီကြာတဲ့အထိ ဆီးမသွားဘူး။
  • ငိုတဲ့အချိန်မျက်ရည်မထွက်ဘူး။

ရေဓာတ်ခမ်းခြောက်ခြင်းက လူကြီးတွေအတွက် သိပ်မစိုးရိမ်ရပေမဲ့ ကလေးတွေအတွက်တော့ စိုးရိမ်ရတာကြောင့် ချက်ချင်းကုသပေးဖို့လိုပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ရေဓာတ်ခမ်းခြောက်နေရင် စားသင့်တဲ့အစားအစာများ

၁။ ငှက်ပျောသီး

၂။ ဘာလီရည်

၃။ စွပ်ပြုတ်ဟင်းရည်များ

၎။ ရေနွေးကြမ်း

၅။ အုန်းရည်

၆။ ကိုယ်တိုင်လုပ်ဓာတ်ဆားရည်

၇။ ကရန်ဘယ်ရီသီးဖျော်ရည်

၈။ ပန်းသီးဖျော်ရည်

၉။ လိမ္မော်သီးဖျော်ရည်

၁ဝ။ သံပုရာရေ

၁၁။ ဆား

၁၂။ ဒိန်ချဉ်

စတဲ့ အစားအစာတွေကို စားသုံးပြီး ရေဓာတ်ပြန်လည်ဖြည့်တင်းနိုင်ပါတယ်။ ဒါ့အပြင် ဆားခါးနဲ့ရေချိုးရင်လည်း ရေဓာတ်ကို ပြန်လည်ဖြည့်တင်းနိုင်ပါတယ်။

ရေဓာတ်ခမ်းခြောက်ခြင်းက လူကို မသက်မသာဖြစ်စေပြီး ကျန်းမာရေးကို ထိခိုက်စေတာကြောင့် ရေဓာတ်ခမ်းခြောက်တဲ့ လက္ခဏာတွေတွေ့နေရပြီဆိုရင် အမြန်ဆုံးကုသဖို့ တိုက်တွန်းအကြံပြုလိုက်ပါတယ်ရှင်။

ကျန်းမာရေးအသိပညာပေးစာစောင်လေးဖြစ်တာကြောင့် SHARE လိုက်ပါဦးနော်။