အသက်ရှည်အနာမဲ့သူတွေနေထိုင်ကြတဲ့ ကမ္ဘာ့အံ့ဖွယ်နေရာ (၅)ခု

blank

မကြာသေးခင်ကမှ သိပ္ပံပညာရှင်တွေကအသက် ၁ဝဝကျော်နေနိုင်တဲ့ လူတွေနဲ့ပတ်သက်ပြီးလေ့လာမှုတွေ ပြုလုပ်ခဲ့ပါတယ်။ လေ့လာချက်တွေအရဒီနေရာ(၅) ခုမှာနေထိုင်တဲ့သူတွေကအများအားဖြင့် အသက် ၁ဝဝ ကျော်နေနိုင်တာကိုတွေ့ရပါတယ်။

၁။ ဆာဒီးနီးယား၊ အီတလီ (Sardinia, Italy)

၂။ အိုကီနာဝါကျွန်းစု၊ ဂျပန် (The islands of Okinawa, Japan)

၃။ လိုမာလင်ဒါ၊ ကာလီဖိုးနီးယား (Loma Linda, Califonia)

၎။ နီကိုယာ၊ ကိုစတာရီကာ (Nicoya, Costa Rica)

၅။ အီကာရီယာ၊ ဂရိ (Ikaria, Greece)

ဒီနေရာတွေမှာနေထိုင်တဲ့သူတွေကအသက် ၁ဝဝ ထိအသက်ရှည်ရုံတင်မကပါဘူး၊ လူလတ်ပိုင်းအရွယ်မှာလည်းသူများတွေဖြစ်လေ့ဖြစ်ထရှိတဲ့ နှလုံးရောဂါ၊ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာရောဂါ၊ စိတ်ကျရောဂါတွေ မဖြစ်တာကိုတွေ့ရပါတယ်။ သူတို့ရဲ့ ဘဝတစ်လျှောက်လုံးကိုကျန်းမာစွာနေထိုင်တတ်ကြပါတယ်။

ဒီဒေသ (၅)ခုမှာနေထိုင်သူတွေဆီကနေတူညီတဲ့အချက် (၅) တွေ့ရပါတယ်။

၁။ မိသားစုတွေနဲ့ သိုက်သိုက်ဝန်းဝန်းနေထိုင်ကြတယ်။

၂။ ဆေးလိပ်မသောက်သလောက်ကိုရှားတယ်။

၃။ အသီးအရွက်တွေကိုအဓိကစားသောက်ကြတယ်။

၎။ လှုပ်လှုပ်ရှားရှားလေ့ကျင့်ခန်းလေးတွေလုပ်ကြတယ်။

၅။ ကောင်းမွန်တဲ့လူမှုဆက်ဆံရေးတွေ ရှိကြတယ်။

မြင်တဲ့အတိုင်းပါပဲ။ သူတို့ရဲ့ အသက်ရှည်ခြင်းကျင့်စဉ်တွေကခက်ခဲတဲ့အရာတွေ မဟုတ်ပါဘူးနော်။ လွယ်လွယ်လေးလိုက်နာသွားနိုင်တဲ့ နည်းလမ်းလေးတွေပါ။ ပြီးတော့ ဒေသတစ်ခုခြင်းစီရဲ့ အသက်ရှည်ခြင်း လျှို့ဝှက်နည်းလေးတွေကိုလည်းသိပ္ပံပညာရှင်တွေကတွေ့ခဲ့ရပါတယ်။

၁။ ဆာဒီးနီးယားဒေသခံတွေရဲ့လျှို့ဝှက်ချက်

မြေထဲပင်လယ်ဒေသမှာရှိတဲ့ ဆာဒီးနီးယားကျွန်းရဲ့ လေတွေဟာလတ်ဆတ်သန့်ရှင်းတာကြောင့် လူတွေ အသက်ရှည်ကြတယ်လို့ သိရပါတယ်။ ဆာဒီးနီးယန်းတွေက နွားနို့နဲ့ ချိစ်ကို ကြိုက်ပြီးအသားတွေကိုတော့ တစ်ပတ်မှာ ၂ ခါလောက်ပဲစားကြတယ်။ ကိုယ်တိုင်ချက် ဝိုင်စစ်စစ်ကိုနေ့တိုင်းသောက်ပြီးပျော်ပျော်နေတတ်ကြပါတယ်။

၂။ အိုခီနာဝါကျွန်းသားတွေရဲ့ လျှို့ဝှက်ချက်

အိုခီနာဝါကျွန်းသားတွေကမနက်ဖြန်တိုင်းကိုအသက်ရှင်သန်ဖို့အတွက် ရည်ရွယ်ချက်တစ်ခုအမြဲတမ်းရှာကြတယ်။ ပြီးတော့ သူတို့ရဲ့တစ်နေ့တာကိုကိုယ်ပိုင်စိုက်ခင်းထဲမှာအချိန်တော်တော်များများကုန်ဆုံးကြတယ်။ အသီးအရွက်နဲ့ လတ်ဆတ်တဲ့ငါးပဲစားကြတယ်။ ဗိုက်ပြည့်တဲ့အထိမစားဘူး၊ ၈ဝ% လောက်ဗိုက်ဝရင် စားနေတာကိုရပ်လိုက်တယ်။ အိုကီနာဝါကျွန်းသားအချို့က အသက် (၉ဝ) ကျော်ထိလိင်ဆက်ဆံသေးတယ်လို့ သိရပါတယ်။

၃။ လိုမာလင်ဒါမြို့သားတွေရဲ့ လျှို့ဝှက်ချက်

လော့စ်အိန်ဂျလိစ်မြို့ကြီးနဲ့ မိုင်ပေါင်း ၆ဝသာ ကွာဝေးတဲ့ ဒီမြို့လေးမှာနေထိုင်သူတွေကအဓိကအားဖြင့် အသီးအရွက်၊ သစ်သီး၊ အစေ့အဆံတွေနဲ့ နှံစားသီးနှံတွေကိုပဲစားကြပါတယ်။ ရေသန့်လေသန့်တယ်၊ နေရောင်ကောင်းကောင်းရတယ်။ ပြီးတော့ ဆေးလိပ်အရက်လည်းသိပ်မသောက်ကြတာကြောင့် သက်ရှည်ကျန်းမာစွာနေနိုင်ကြပါတယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ နီကိုယာဒေသခံတွေရဲ့ လျှို့ဝှက်ချက်

သူတို့ကအိုခီနာဝါကျွန်းသားတွေလိုပဲနေ့ရက်တိုင်းကိုမျှော်လင့်ချက်နဲ့ အသက်ရှင်တယ်။ မိသားစုကိုအချိန်ပေးတယ်။ စောစောထတယ်၊ အလုပ်ကြိုးစားတယ်၊ အိပ်ရေးဝဝအိပ်တယ်။ မနက်စာကိုများများစားကြပြီးနေ့ခင်းစာနဲ့ ညစာကိုလျှော့စားကြတယ်။

၅။ အီကာရီယာဒေသခံတွေရဲ့ လျှို့ဝှက်ချက်

သူတို့တွေကမိသားစုဝင်တွေအချင်းချင်း နွေးထွေးကြင်နာစွာဆက်ဆံကြတယ်။ မိသားစုကိုဦးစားပေးတယ်။ စိတ်ဖိစီးမှုတွေမရှိအောင် နေတယ်။ ဝိုင်နီနေ့တိုင်းသောက်တယ်။ တစ်နေ့ကို ၅ မိုင်လောက် လမ်းလျှောက်ကြတယ်။ အမြဲလိုလိုရယ်မောလေ့ရှိကြတယ်။

        ကဲ… ဒီလျှို့ဝှက်ချက်လေးတွေကိုကိုယ်တိုင်ပဲသိမထားနဲ့နော်။ သူများတွေသိအောင်လည်း SHARE ပေးလိုက်ပါဦး။