လှပကျန်းမာ အဆီကျစေတဲ့ သဘာဝသခွားရေ (Cucumber Water)

blank

ဂန္ထဝင်ပျိုမေတို့ရေ…

ဒီတစ်ခါမျှဝေပေးမှာကတော့ လုပ်ရလွယ်သလောက် ကျန်းမာရေးရော၊ အလှအပအတွက်ပါ ကောင်းကျိုးတွေအများကြီးဖြစ်စေတဲ့ သခွားရေလေးအကြောင်းပါ။ အရင်ဆုံး သခွားရေ ဘယ်လိုလုပ်ရမယ်ဆိုတာကို မပြောခင် သခွားရေရဲ့ ကောင်းကျိုးလေးတွေကို အရင်ပြောပြမယ်နော်။

၁။ သခွားသီးမှာပါဝင်တဲ့ antioxidants တွေက အသားအရေကို အိုမင်းရင့်ရော်စေတဲ့ radicals တွေကို ဖယ်ရှားပေးနိုင်ပြီးပြစ်မျိုးမှဲ့မထင် လှပနုပျိုစေပါတယ်။

၂။ သခွားရေက အစာချေစနစ်ကိုကောင်းမွန်စေတယ်။ ရေဓာတ်ဖြည့်ပေးတယ်။ အစားစားချင်စိတ်ကို ထိန်းချုပ်ပေးတာကြောင့် ကိုယ်အလေးချိန်ထိန်းပေးပြီး အဆီကျစေတယ်။

၃။ သခွားသီးက ခန္ဓာကိုယ်တွင်းက ပိုတက်ဆီယမ်ဓာတ်ကို မြင့်တက်စေပါတယ်။ ပြီးတော့ သွေးဖိအားကို လျော့ကျစေပြီး သွေးတိုးရောဂါ၊ လေဖြတ်လေငန်းရောဂါနဲ့ နှလုံးဆိုင်ရာရောဂါတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။

၎။ အရိုးတွေကိုကျန်းမာစေပြီး အရိုးပွရောဂါမဖြစ်အောင် ကာကွယ်ပေးတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ သခွားသီးမှာပါဝင်တဲ့ cucurbitacin ဆိုတဲ့ ဒြပ်ပေါင်းက ကင်ဆာကိုတိုက်ခိုက်ရာမှာ ပြိုင်ဖက်ကင်းပါပဲ။ အထူးသဖြင့် ဆီးကျိတ်ကင်ဆာမဖြစ်အောင် ပိုပြီးကာကွယ်ပေးနိုင်ပါတယ်။

၆။ သခွားရေများများသောက်ရင် ကိုယ်ခန္ဓာတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး metabolism နှုန်းကို မြင့်တက်စေပါတယ်။

၇။ ကြွက်သားတွေကို သန်မာစေတယ်။

ဒီလိုအစွမ်းသတ္တိတွေရှိတဲ့ သခွားရေကို ဘယ်လိုလုပ်မလဲ။

လွယ်လွယ်လေးပါ။ ငွေကုန်ကြေးကျလည်းမများဘူး။ လုပ်ရတာလည်းလွယ်တယ်။

·       သခွားသီးလေးတွေကို အပြားလိုက်လှီးပါ။ ဖန်ခွက်နဲ့ တစ်ခါစိမ်သောက်မယ်ဆိုရင် ၃၊ ၄စိတ်၊ ရေကရားနဲ့ တစ်ခါတည်းစိမ်ထားမယ်ဆိုရင် သခွားသီးတစ်လုံးရဲ့တစ်ဝက်လောက်လှီးပါ။

  • ဖန်ခွက်၊ ရေကရားကို ရေအေးဖြည့်ပါ၊ ပြီးရင် သခွားသီးစိတ်လေးတွေထည့်ပါ။
  • သခွားသီးစိတ်လေးတွေ ရေထဲမှာ မြုပ်နေပြီး အာဟာရဓာတ်တွေ ရေထဲပျော်ဝင်အောင်လို့ အပေါ်ကနေရေခဲတုံးလေးတွေ ထည့်လိုက်ပါ။
  • ၁၅ မိနစ်လောက် ခဏထားပြီးရင် သောက်လို့ရပါပြီ။
  • ရေကုန်သွားရင် ထပ်ထပ်ထည့်ပြီးသောက်လို့ရပါတယ်။ သခွားသီးတွေကို၂၄ နာရီထက်ပိုကြာအောင် မထားသင့်ပါဘူး။

နေ့တိုင်း ဒီသခွားရေလေးကို သောက်ကြည့်ရင် အပေါ်မှာပြထားတဲ့ အကျိုးကျေးဇူးတွေကို သိသိသာသာ ပိုင်ဆိုင်ရမှာပါ။

ကျန်းမာလှပချင်သူတိုင်း SHARE ထားလိုက်နော်။