သင်္ဘောသီးက ရရှိနိုင်တဲ့ကျန်းမာရေးကောင်းကျိုးများ

blank

၁။ မျက်လုံးကျန်းမာရေးမထိခိုက်အောင်ကာကွယ်ပေးပြီး အသက်အရွယ်ကြောင့်ဖြစ်တဲ့ ကြွက်သားနာ ကျင်မှုတွေကို ပျောက်ကင်းစေပါတယ်။

၂။ သင်္ဘောသီးမှာပါဝင်တဲ့ beta-carotene ဓာတ်ဟာ ရင်ကြပ်ရောဂါမဖြစ်အောင် ကာကွယ်ပေးပါ တယ်။

၃။ ကင်ဆာမဖြစ်အောင်ထိန်းသိမ်းပေးပြီး အမျိုးသားတွေဆိုရင် ဆီးကျိတ်ကင်ဆာဖြစ်ပွားနိုင်ခြေကိုပါ လျော့နည်းစေပါတယ်။

၎။ သင်္ဘောသီးမှာပါဝင်တဲ့ ဗီတာမင် K ဟာ ကယ်လစီယမ်စုပ်ယူမှုအားကောင်းတဲ့အတွက် အရိုးတွေကို သန်မာစေပါတယ်။

၅။ အမျှင်ဓာတ်နဲ့ ရေဓာတ်မြင့်မားစွာပါဝင်တဲ့အတွက် အစာကြေစေပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၆။ အမျှင်ဓာတ်၊ ပိုတက်စီယမ်နဲ့ ဗီတာမင်ပါဝင်တဲ့အတွက် နှလုံးရောဂါမဖြစ်ပွားအောင် ကာကွယ် ပေးပါတယ်။

၇။ နာတာရှည်ရောင်ရမ်းမှုတွေကို လျော့ကျစေပါတယ်။

၈။ အပူလောင်နာကို သက်သာစေပြီး အနာဝန်းကျင်တစ်ဝိုက် မကူးစက်အောင် ထိန်းသိမ်းပေးပါတယ်။

၉။ ခန္ဓာကိုယ်တစ်ရှူးတွေကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ အာဟာရဓာတ်ဖြစ်တဲ့ ဗီတာမင် A ပါဝင်တာကြောင့် အသားအရေကိုကောင်းမွန်စေပြီး ဆံနွယ်တွေကို ကျန်းမာသန်စွမ်းစေပါတယ်။

သင်္ဘောသီးကြိုက်နှစ်သက်တဲ့ သူငယ်ချင်းတွေကို မျှဝေရအောင် mention ခေါ်လိုက်ပါဦးနော်။