ခေါင်းကိုက်အမြန်ပျောက်စေမယ့် အဖိုးတန်နည်းလမ်းလေးများ

blank
၁။ ရေများများသောက်ပါ။

ခေါင်းကိုက်လာရင် အရင်ဆုံးလုပ်ရမှာက ရေများများသောက်ဖို့ပါ။ ရေဓာတ်နည်းနေရင် ခေါင်းကိုက်တတ်ပါတယ်။

၂။ မျက်စိကို အနားပေးပါ။

TV၊ ဖုန်း၊ ကွန်ပျူတာတွေကို အကြာကြီးကြည့်ရပြီး မျက်လုံးက အချိန်အကြာကြီး အလုပ်လုပ်ရတဲ့အခါမှာ အာရုံကြောအားနည်းပြီး ခေါင်းကိုက်တတ်ပါတယ်။ အဲဒီအခါမှာ ခဏအိပ်လိုက်တာဖြစ်ဖြစ်၊ လေကောင်းလေသန့်ရတဲ့နေရာမှာရပ်ပြီး အဝေးကိုငေးကြည့်နေတာဖြစ်ဖြစ် လုပ်လိုက်ပါ။

၃။ ရေနွေးလေးနဲ့ ရေချိုးပါ။

တစ်နေ့တာလုံး ပင်ပန်းလို့ ခေါင်းတွေကိုက်နေတယ်ဆိုရင် ရေနွေးလေးနဲ့ ရေစိမ်ပြီးချိုးလိုက်ပါ။ ရေနွေးနွေးလေးထဲကို ဆားခါးလေးနည်းနည်းလေးထည့်ပြီး စိမ်ချိုးခြင်းက ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ခေါင်းကို ကြည်လင်ပေါ့ပါးစေပါတယ်။

၎။ Essential Oil လေးလိမ်းပြီး နှိပ်ပေးပါ။

ရနံ့ကုထုံးက ခေါင်းကိုက်ခြင်းကို သက်သာစေပြီး စိတ်ရောကိုယ်ပါ လန်းဆန်းစေပါတယ်။ အမွှေးဆီတစ်မျိုးမျိုး၊ essential oil တစ်မျိုးမျိုးကို နဖူးတစ်ဝိုက်မှာလိမ်းပြီး အသာအယာ နှိပ်နယ်ပေးပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ ယောဂကျင့်ပါ။

ယောဂကျင့်စဉ်တွေကို သိပ်မသိသေးဘူးဆိုရင် အကြောလျှော့လေ့ကျင့်ခန်းလေးတွေကနေ စလုပ်ပါ။ ကိုယ်နေဟန်ထားမမှန်တာ၊ လက်ပြင်ကိုင်းတာတွေကလည်း ခေါင်းကိုက်စေပါတယ်။ ခန္ဓာကိုယ်ကို အမြဲတမ်း မတ်မတ်နေပါ။

၆။ တရားထိုင်ပါ။

အသက်ဝဝရှူပြီး တရားထိုင်တာက စိတ်ရောကိုယ်ပါ ပေါ့ပါးစေပြီး ခေါင်းကိုက်သက်သာစေပါတယ်။ စိတ်ဖိစီးမှုတွေကိုလည်း လျော့ပါးစေပါတယ်။

၇။ တိုင်းရင်းဆေးလေးတွေ မှီဝဲပါ။

တချို့ဆေးဖက်ဝင်အပင်လေးတွေက ခေါင်းကိုက်သက်သာစေပါတယ်။ ခေါင်းကိုက်တိုင်း ဓာတုဆေးတွေ သောက်နေမယ့်အစား သဘာဝတိုင်းရင်းဆေးလေးတွေကို မှီဝဲတာက ပိုကောင်းပါတယ်။

၈။ အနှိပ်ခံပါ။

Acupressure ဆိုတာ ခေါင်းကိုက်သက်သာအောင် ဖိအားပြင်းပြင်းလေးနဲ့ နှိပ်နယ်ပေးတဲ့ နှိပ်နည်းတစ်မျိုးပါ။ ကျွမ်းကျင်သူတွေဆီမှာ သွားပြီး အနှိပ်ခံပါ။

၉။ ငရုပ်သီးစားပါ။

ငရုပ်သီးက ခန္ဓာကိုယ်သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး တစ်ကိုယ်လုံးက အကြောတွေကို ပြေလျော့စေပါတယ်။ ခေါင်းတွေ အရမ်းကိုက်နေတယ်ဆိုရင် ငရုပ်သီးစိမ်းတစ်တောင့်လောက် ကိုက်စားလိုက်… သက်သာသွားလိမ့်မယ်။

၁ဝ။ အပူအအေး ကုထုံးနဲ့ ကုပါ။

အပူဓာတ်ရော၊ အအေးဓာတ်ကပါ ခေါင်းကိုက်ခြင်းကို သက်သာစေပါတယ်။ ခေါင်းက တင်းမာပြီး ကိုက်ခဲနေတယ်ဆိုရင် ဂုတ်နားတဝိုက်ကို ရေနွေးအိတ်ကပ်ပါ။ ခေါင်းတွေ အုံပြီးကိုက်နေတယ်ဆိုရင်တော့ ရေခဲတုံးလေးတွေကို ပုဝါလေးနဲ့ထုပ်ပြီး နဖူးမှာ ကပ်ပေးပါ။

မကြာခဏခေါင်းကိုက်တတ်သူတွေအတွက် ဒီစာစောင်လေးကို SHARE ပေးလိုက်ပါဦးနော်။