အနံ့တွေက ကျွန်မတို့ရဲ့စိတ်ကို ဘယ်လိုအကျိုးသက်ရောက်နေလဲ

blank

ကျွန်မတို့နှာခေါင်းမှာရှိတဲ့ အနံ့ခံဆဲလ်တွေနဲ့ အာရုံကြောတွေကြောင့် ကျွန်မတို့ အနံ့တွေကို ခံစားနိုင်တာဖြစ်ပါတယ်။ လူတွေမှာ အနံ့ခံမော်လီကျုး ၅သန်းကနေ ၆သန်းကြားရှိပါတယ်။ ခွေးတွေမှာ သန်း ၂၂ဝ ရှိပြီး ယုန်တွေမှာတော့ သန်း ၁ဝဝ ရှိပါတယ်။ လူတွေမှာ ရှိနေတဲ့ အနံ့ခံမော်လီကျူး ၅ သန်းလောက်ပမာဏနဲ့တင် လူတွေရဲ့ဘဝတွေကို ထိန်းချုပ်နိုင်ပါတယ်။

၁။ အနံ့က အရသာကို ပိုပြီး တိုးပွားစေပါတယ်။

အစားအစာတစ်ခု ချိုတယ်၊ ခါးတယ်၊ ငံတယ်၊ ချဉ်တယ်ဆိုတာကို လျှာကအာရုံခံပေးပါတယ်။ အနံ့ခံအာရုံကတော့ အစားအစာတစ်ခုစားလို့ကောင်းမကောင်းဆိုတာကို ကြိုပြီးခန့်မှန်းပေးပါတယ်။ အနံ့လေးမွှေးနေရင် စားလို့ကောင်းမယ်ဆိုတာ အလိုလိုသိကြတယ်မဟုတ်လား။

၂။ အနံ့က လူတစ်ယောက်ကိုဆွဲဆောင်နိုင်တယ်။

ရေမွှေးသင်းသင်းလေး စွတ်ထားရင် အလိုလို ဆွဲဆောင်မှုရှိနေတာပဲလေ။ ရေမွှေးမပြောနဲ့… ချစ်ရတဲ့သူရဲ့ ကိုယ်သင်းနံ့လေးကတောင် သင့်ကို ဆွဲဆောင်ထားနိုင်တယ်မဟုတ်လား။

၃။ အနံ့လေးတစ်ခုက အတိတ်ကာလကို ခေါ်ဆောင်ပေးသွားနိုင်တယ်။

ဥပမာဆိုကြပါစို့။ မိုးရွာချိန်မှာ မြေသင်းနံ့လေးကို ရှူလိုက်ရင် သင့်ကလေးဘဝက ပျော်စရာတွေ၊ မိုးရေချိုးကြတာတွေကို ပြန်အမှတ်ရမိတယ်မဟုတ်လား။ မွေးရပ်မြေ အညာနဲ့ ဝေးပြီး မြို့ကြီးပြကြီး ရောက်နေသူအဖို့ကတော့ တမာနံ့သင်းသင်းလေးက မွေးရပ်မြေရဲ့ငယ်ဘဝကိုမြင်ယောင်စေတယ်လေ။

၎။ စိတ်ခံစားမှုကို အကျိုးသက်ရောက်စေတယ်။

မနက်ခင်းမှာ ပန်းနံ့သင်းသင်းလေးကို ရှူလိုက်ရရင် စိတ်ကအလိုလို အေးချမ်းသွားတာတို့၊ လန်းဆန်းပေါ့ပါးသွားတာတို့ဖြစ်တတ်တယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေ ပြေလျော့စေဖို့ ရနံ့ကုထုံး (aromatherapy) နဲ့ ကုကြတာပေါ့။

၅။ အနံ့မရှိရင် စိတ်ကျရောဂါပိုဖြစ်စေနိုင်တယ်။

မယုံရင် ဘာအနံ့မှမရှူဘဲ နေကြည့်ပါ။ ကြာလာရင် အလိုလိုစိတ်တွေ ပြောင်းလာပြီး စိတ်ဓာတ်ကျလွယ်တာ၊ ဒေါသထွက်လွယ်တာ၊ လောကကို အမြင်မကြည်တာတွေ ဖြစ်စေနိုင်ပါတယ်။

၆။ အနံ့တွေက စိတ်ဝေဒနာဖြစ်စေတယ်။

တချို့တွေရှိတယ်၊ ဘယ်လိုအနံ့ရရင် ပျော်တာ၊ ဘာအနံ့ရရင် ကြောက်တာ၊ ဘာအနံ့ရရင်အလိုလို ဝမ်းနည်းတာဆိုတာမျိုးပေါ့။ ဒါတွေဟာ အနံ့ခံအာရုံနဲ့ စိတ်ခံစားမှုရဲ့ ဆက်စပ်မှုတွေပါ။

၇။ ပိုပြီး ငွေကုန်စေတယ်။

တစ်ခုခုက အနံ့လေးမွှေးနေရင် အဲဒီအရာကို ပိုပြီးဝယ်ချင်တယ်မဟုတ်လား။ ဒီတော့ လိုတာထက်ပိုဝယ်မိပြီး ငွေကုန်စေပါတယ်။ ဆိုင်လေးထဲမှာ အနံ့လေးမွှေးနေရင်လည်း ဝယ်သူတွေရဲ့စိတ်ကို ပိုမိုဆွဲဆောင်စေပါတယ်တဲ့။

သင်ရော ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘယ်လိုထင်လဲ။ သင့်မှာ အနံ့ခံအာရုံမရှိတော့ဘူးဆိုရင် ဘာဖြစ်မလဲ။ Comment  မှာ ဖြေကြည့်ခဲ့ပါဦးနော်။