အိမ်ထောင်သည်မိန်းမသားတွေ ကိုယ်ဝန်မရအောင် ဟန့်တားထားတဲ့ရန်သူတော် ၅ မျိုး

blank

၁။ ဆီအစားများခြင်း။

ကိတ်မုန့်ချို၊ ပီဇာ၊ အာလူးကြော်လို သရေစာတွေနဲ့ဆီကြော်စာတွေက သားအိမ်အတွက် ဆိုး ကျိုးတွေရိုက်ခတ်စေပါတယ်။ ကာဗိုဟိုက်ဒရိတ်ပါဝင်တဲ့ အစားအစာတွေကိုစားပေးရင် သားသမီးရ နိုင်စွမ်း ၇၃% အထိတိုးမြင့်လာနိုင်ပါတယ်။ တကယ်လို့ သရေစာကြိုက်တတ်သူဆိုရင်လည်း ငှက် ပျောသီး၊ ဘီစကစ်၊ ဗာဒံစေ့နဲ့ အသားများပြီး အရည်ရွှမ်းတဲ့ စပျစ်သီး၊ စတော်ဘယ်ရီတို့လို အသီးတွေ ကို ဒိန်ချဉ်နဲ့သောက်ပေးသင့်ပါတယ်။

၂။ လေ့ကျင့်ခန်းအလွန်အကျွံပြုလုပ်ခြင်း။

လေ့ကျင့်ခန်းလုပ်တာက အကျိုးကျေးဇူးရှိစေပေမဲ့ အလွန်အကျွံပြုလုပ်ရင်တော့ စွမ်းအင်တွေ ညီမျှမှုကို ပျက်ပြားစေပြီး သားသမီးရနိုင်စွမ်းကိုလည်း ထိခိုက်စေပါတယ်။ ဒါကြောင့် နေ့စဉ်လေ့ကျင့် ခန်းအကြာကြီးလုပ်မဲ့အစား ကျန်းမာရေးနဲ့ညီညွှတ်ရုံ ပုံမှန်သာပြုလုပ်သွားသင့်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ ခန္ဓာကိုယ်ဒြပ်ထုညွှန်းကိန်းနိမ့်ခြင်း

လက်လွတ်စပယ်စားသောက်ခြင်းက BMI လို့ခေါ်တဲ့ ခန္ဓာကိုယ်ဒြပ်ထု ညွှန်းကိန်းကို ပုံမှန် ထက်နိမ့်ကျစေသလို သားသမီးရနိုင်စွမ်းကိုလည်း ထိခိုက်စေပါတယ်။ မိန်းမသားတွေအနေနဲ့ မိမိ စားသောက်မှုကနေ လုံလောက်တဲ့အာဟာရဓာတ်မရဘူးလို့ သံသယရှိရင် နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေနဲ့တွေ့ဆုံဆွေးနွေးပြီး အာဟာရပြည့်အောင် စားသောက်ပေးသင့်ပါတယ်။

၎။ ခင်ပွန်းသည်မှာ စိတ်ဖိစီးစရာများနေခြင်း။

လေ့လာတွေ့ရှိမှုအရ အလုပ်၊ မိသားစု၊ လှုမှုဘဝမှာ စိတ်ဖိစီးမှုများလွန်းတဲ့ အမျိုးသားတွေ ဟာ သားသမီးရနိုင်စွမ်းနည်းကြပါတယ်။ ဒါကြောင့် အမျိုးသားတွေအနေနဲ့လည်း စိတ်ဖိစီးမှုတွေကင်း ဝေးအောင် နေထိုင်သင့်ပါတယ်။

၅။ ရာသီကာလကို မှန်ကန်စွာ မတွက်ချက်နိုင်ခြင်း။

တစ်ခါတရံမှာ ရာသီရက်မမှန်တတ်တာကြောင့် ရာသီချိန်ကို မှန်ကန်စွာကြိုတွက်ဖို့ ခက်ခဲပါ တယ်။ အဲ့ဒီလိုဖြစ်နေရင် Flo Period Tracker လို့ခေါ်တဲ့ ရာသီကာလတွက်ချက်ပေးနိုင်တဲ့ ဖုန်းအပ လီကေးရှင်းလေးတွေကို ဖုန်းထဲမှာထည့်ထားပြီး အကူအညီယူသင့်ပါတယ်။  စာစောင်လေးက သင့်အတွက် အသုံးဝင်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။