အစာစားရင်းရေသောက်ရင် ဘာလေးတွေဖြစ်နိုင်လဲ။

blank

စာချစ်သူတို့ရေ…

အစာစားရင်းရေသောက်ရင် ရေက အစာအိမ်အက်ဆစ်ကို အရည်ကျဲသွားစေတယ်။ အဆီခဲ သွားစေပြီး လူကိုပိုဝစေတယ်ဆိုတာမျိုးပြောဆိုကြတာတွေကို မကြာခဏ ကြားဖူးကြမှာပါ။ အဲ့ဒါတွေ က တကယ်လား၊ ယုံတမ်းစကားတွေလားဆိုတာ အောက်မှာ ဖတ်ကြည့်လိုက်ရအောင်နော်။

၁။ ရေနဲ့အစားအစာဟာ အစာအိမ်ထဲမှာ ဘာတွေဖြစ်ကြသလဲ။

ပါးစပ်ထဲကထုတ်လုပ်လိုက်တဲ့ တံတွေးမှာ အစာချေဖို့အတွက် မရှိမဖြစ်တဲ့ enzymes ပါပါ တယ်။ အစာဝါးလိုက်တဲ့အခါ အစာနဲ့တံတွေးတွေရောနှောသွားပြီး ပျော့သွားတဲ့အစာတွေက အစာ အိမ်ထဲရောက်သွားပါတယ်။ အစာအိမ်ထဲမှာ အစာအိမ်အက်ဆစ်တွေနဲ့ရောသွားပါတယ်။ ယေဘုယျ အားဖြင့် အစာအိမ်ထဲက အစာတွေဟာ အရည်အဖြစ်၊ ဒါမှမဟုတ်  chyme အဖြစ်မကူးပြောင်းခင် အစာချေဖို့  ၄ နာရီလိုအပ်ပါတယ်။ Chyme ဟာ ခန္ဓာကိုယ်အတွက် အာဟာရဓာတ်အားလုံးကိုပေးတဲ့ အူထဲကို ရောက်သွားပါတယ်။

ရေကတော့ အစာအိမ်ထဲမှာ အကြာကြီးမနေပါဘူး။ ဒါကြောင့် အစာစားရင်း ရေသောက်ရင် လည်း ရေက အစာအိမ်ထဲမှာ အကြာကြီး ပိတ်လှောင်မနေပါဘူး။ ရေက ဝါးပြီးသားအစားအစာတွေကို မြန်မြန်ကျော်ဖြတ်ပြီး အစာအိမ်ကနေထွက်ခွာသွားပါတယ်။

၂။ အရည်တွေက အစာအိမ်အက်ဆစ်ဓာတ်ကို လျော့နည်းစေသလား။

ခန္ဓာကိုယ်ဟာတည်ဆောက်မှုရှုပ်ထွေးပေမဲ့ ကောင်းမွန်တဲ့လည်ပတ်မှုစနစ်ရှိပါတယ်။ တစ်ခုခု အစာမကြေဘူးလို့ အစာအိမ်ကခံစားရတာနဲ့ ခန္ဓာကိုယ်က enzyme ကို ပိုမိုထုတ်လုပ်ပေးလာပြီး အတွင်းပိုင်းအရည်ရဲ့ အက်ဆစ်ဓာတ်ကလည်း တိုးလာပါတယ်။ ဒါကြောင့် ရေဂါလန်တစ်ဝက်လောက် သောက်ရင်တောင် အဲ့ဒီရေက အက်ဆစ်ဓာတ်ပမာဏကို လွှမ်းမိုးမှုမရှိနိုင်ပါဘူး။ အက်ဆစ်ဓာတ် ပမာဏကို လျော့စေတဲ့အစားအစာတချို့ရှိပေမဲ့လည်း မကြာခင်မှာပဲ ပုံမှန်အခြေအနေကို ပြန်ရောက် နိုင်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ အရည်တွေက အစာချေဖျက်မှုကို လွှမ်းမိုးပစ်လိုက်နိုင်သလား။

အရည်တွေဟာ အစာအပြည့်အဝမချေဖျက်နိုင်ခင် အစာမာတွေကို အူထဲကို တွန်းပို့လိုက် တယ်ဆိုတာကို ဒီနေ့အထိ မတွေ့ရှိထားသေးပါဘူး။

၎။ အစာစားရင်းနဲ့ ရေသောက်လို့ရလား။

အစာစားရင်းရေသောက်တာက အန္တရာယ်မရှိစေတဲ့အပြင် အစာမာတွေကို နူးညံ့အောင် တောင် ကူညီပေးပါသေးတယ်။ ဒါပေမဲ့ အစာထဲမှာ အစာကျေစေတဲ့မရှိမဖြစ် enzymes လုံ လောက်စွာ ရှိသင့်တဲ့အတွက် အစာမျိုချပြီးမှသာ ရေသောက်ပါ။ နောက်တစ်ခုက အစာစားရင်း ရေမဟုတ်တဲ့ လက်ဖက်ရည်တစ်ခုခုနဲ့တွဲသောက်ရင်လည်း ရေသောက်တာနဲ့ အတူတူပါပဲ။ သောက်လိုက်တဲ့ ရေအပူချိန်ကလည်း ခန္ဓာကိုယ်အတွက်ရရှိစေမယ့် အာဟာရဓာတ်နဲ့ အစာချေဖျက်နှုန်းအပေါ် မသက်ရောက်စေပါဘူး။ ဒါပေမဲ့ ကျွမ်းကျင်ပညာရှင်တချို့ကတော့ ရေနွေးသောက်မယ်ဆိုရင် ၁၅ဝ ဒီဂရီဖာရင်ဟိုက်အထိ အအေးခံထားတဲ့ ရေနွေးကိုသောက်ဖို့ ညွှန်းဆိုထားကြပါတယ်။

သင်ကော… အစာစားရင်းနဲ့ရေသောက်တတ်တဲ့သူလား။ ဒါမှမဟုတ် အဲ့ဒီလိုသူငယ်ချင်းတွေ ရှိရင် သူတို့ကို mention ခေါ်လိုက်ပါဦးနော်။

သိမှတ်စရာဗဟုသုတလေးတွေ မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။