ဆေးဝါးအနေနဲ့လည်း အသုံးပြုနိုင်တဲ့စူပါစားစရာများ

blank
၁။ အိပ်ရေးပျက်ခြင်း

နွားနို့တစ်ဖန်ခွက်ထဲကို ပျားရည်အနည်းငယ်ထည့်ပြီး အိပ်ရာမဝင်ခင်သောက်ပါ။ မြန်မြန်ဆန် ဆန်နဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေမှာပါ။

၂။ လေဖြတ်ခြင်း

လက်ဖက်ရည်ကြမ်းက သွေးလွှတ်ကြောတွေကို ရှင်းလင်းပေးနိုင်တာကြောင့် လေဖြတ်ခြင်းကို ကာကွယ်ပေးပါတယ်။

၃။ ရာသီဥတုအပြောင်းအလဲကြောင့် နှာချေချောင်းဆိုးဖြစ်ခြင်း။

ဒိန်ချဉ်တစ်ဖန်ခွက်ထဲကို ပျားရည်အနည်းငယ်ထည့်သောက်ရင် သက်သာပါတယ်။

၎။ အအေးမိခြင်း။

ကြက်သွန်ဖြူအနည်းငယ်စားပေးရုံနဲ့ အအေးမိသက်သာပြီး ကိုယ်လက်စထရောပမာဏ ကိုလည်း အနည်းဆုံးဖြစ်အောင် ကူညီပေးပါတယ်။

၅။ ဆီးကျောက်တည်ခြင်း။

လိမ္မော်ရည်ပုံမှန်သောက်ပေးခြင်းဖြင့် ဆီးကျောက်မတည်အောင် ကာကွယ်ပေးသလို သာမန် အအေးမိတာတွေကိုလည်း ကာကွယ်ပေးပါတယ်။

၆။ အရိုးရောဂါဖြစ်ခြင်း။

နာနတ်သီးမှာ မဂ္ဂနိစ်(manganese)ပါဝင်တဲ့အတွက် အရိုးပွရောဂါကို ကာကွယ်ပေးပြီး အရိုးကျိုးတာတွေကိုလည်း သက်သာစေပါတယ်။

၇။ ဝမ်းပျက်ခြင်း။

ငှက်ပျောသီးက ဝမ်းပျက်တာကို သက်သာစေပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၈။ ရင်သားကင်ဆာဖြစ်ခြင်း။

ဂေါ်ဖီထုပ်က ကျန်းမာစေတဲ့ အီစထရိုဂျင်(estrogen) ပမာဏကို ထိန်းသိမ်းပေးပါတယ်။ ရင်သားကင်ဆာမဖြစ်အောင်တောင် ကာကွယ်ပေးနိုင်ပါတယ်။

၉။ ခေါင်းကိုက်ခြင်း။

ငါးကြီးဆီက ခေါင်းကိုက်ခြင်းအမျိုးမျိုးကို သက်သာစေသလို ငါးစားပေးခြင်းဖြင့် ရောင်ရမ်းမှုတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

၁ဝ။ ဆီးကျိတ်ရောဂါဖြစ်ခြင်း။

စားသောက်တဲ့အခါ ခရမ်းချဉ်သီးကို ထည့်စားပေးခြင်းဖြင့် ဆီးကျိတ်ရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

၁၁။ အစာအိမ်ပြည်တည်နာဖြစ်ခြင်း။

ဂေါ်ဖီထုပ်မှာ အစာအိမ်ပြည်တည်နာကို သက်သာစေတဲ့ ဓာတ်တချို့တွေပါဝင်နေတာကြောင့် မှန်မှန်စားပေးခြင်းဖြင့် အစာအိမ်ပြည်တည်နာမဖြစ်အောင် ကာကွယ်ပေးပါတယ်။

၁၂။ ရင်ကျပ်ရောဂါဖြစ်ခြင်း။

ကြက်သွန်နီက အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေမဖြစ်ပွားအောင် ကာကွယ် ပေးပြီး ရင်ကျပ်ရောဂါကိုလည်း သက်သာကောင်းမွန်စေပါတယ်။

၁၃။ သွေးကြောပိတ်ခြင်း။

ထောပတ်သီးမှာပါဝင်တဲ့ အဆီတစ်မျိုးဟာ ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေပါတယ်။ ကိုယ်လက်စထရောကိုလည်း ကျဆင်းစေပါတယ်။

ဗဟုသုတလေးတွေ မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။