နွေရာသီအရမ်းပူနေတဲ့အချိန်မှာ Heat Stroke (အပူရှပ်ခြင်း) မဖြစ်စေဖို့

blank

ရာသီဥတုကအရမ်းပူနေတယ်နော်။ ရာသီဥတူအရမ်းပူနေတဲ့အချိန်မှာ လူကြီးလူငယ်မရွေး သတိထားရမှာက Heat Stroke လို့ခေါ်တဲ့ အပူရှပ်ခြင်းပါပဲ။

အပူရှပ်တယ်လို့ ပြောလိုက်ရင် တော်တော်များများက ဖျားတာကိုပဲ ပြေးမြင်ကြပါတယ်။ တကယ်တော့ အဲဒီထက်ပိုပြီး ဆိုးရွားတတ်တယ်၊ အခန့်မသင့်ရင် အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။

ဒါကြောင့် နွေရာသီအပူရှိန်ပြင်းလွန်းတဲ့အခါတွေမှာ

၁။ ရေများများသောက်ပါ။ ရေခဲရေ လျှော့သောက်ပါ။

၂။ နေပြင်းလွန်းရင် အပြင်မထွက်ပါနဲ့။ မဖြစ်မနေထွက်ရမယ်ဆိုရင် ထီး၊ ဦးထုပ်ဆောင်သွားပါ။

၃။ ပွပွချောင်ချောင်နဲ့ အေးတဲ့ အဝတ်အစားတွေဝတ်ပါ။

၎။ ချွေးထွက်များရင် ဓာတ်ဆားသောက်ပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ အသီးများများစားပါ။ ဖရဲသီးက နွေရာသီအတွက် အကောင်းဆုံးအဖော်မွန်ပေါ့။

ဂန္ထဝင်ချစ်ပရိသတ်ကြီးအားလုံး ကျန်းမာပျော်ရွှင်ကြပါစေရှင်။