ဗိုက်ထဲအစာမရှိဘဲ လုံးဝမပြုလုပ်သင့်တဲ့အရာများ

blank
၁။ ဆွေးနွေးငြင်းခုံခြင်း။

ဗိုက်ဆာနေခြင်းက လူရဲ့တည်ငြိမ်မှုကို လျော့နည်းစေပါတယ်။ ဗိုက်ထဲ အစာအာဟာရရှိ မနေ တာကြောင့် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်မှုစွမ်းအင်လည်း နည်းပါးနေပါတယ်။ ဒါကြောင့် အချိန်မရဘူး ဆိုရင်တောင် ဆွေးနွေးပွဲမလုပ်ခင် အရည်နွေးနွေးတစ်ခွက်သောက်ပြီးမှ ပြောစရာရှိတာပြောတာပို ကောင်းပါတယ်။

၂။ အချဉ်သီးဖျော်ရည်သောက်ခြင်း။

        အချဉ်သီးတွေမှာ ပါဝင်တဲ့ အက်ဆစ်ဓာတ်တွေဟာ အစာမရှိတဲ့အစာအိမ်ကို ထိခိုက်စေပါ တယ်။ အထူးသဖြင့် အစာအိမ်နာရှိသူတွေအနေနဲ့ ပိုဂရုစိုက်သင့်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ မဖြစ် မနေသောက်မယ်ဆိုရင် လတ်ဆတ်တဲ့အချဉ်သီးကို ရေနဲ့တစ်ဝက်ဆတူရောစပ်သောက်ပါ။ ဒါမှမဟုတ် အချဉ်တစ်ဆ ရေနှစ်ဆသောက်ပါ။

၃။ ဈေးဝယ်ထွက်ခြင်း။

ဗိုက်ဆာနေချိန်မှာ ဈေးဝယ်ထွက်ခြင်းက အစားအသောက်တွေကို လိုအပ်တာထက် ပိုဝယ်မိ စေပါတယ်။ ဒါကြောင့် ဈေးသွားမယ်ဆိုရင် အဆာပြေဖြစ်ဖြစ် စားသွားသင့်ပါတယ်။

၎။ ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းလုပ်ခြင်း။

ဗိုက်ဆာနေချိန်မှာ လေ့ကျင့်ခန်းလုပ်တာက အဆီတွေကို ပိုလောင်ကျွမ်းစေတယ်လို့ ဆိုကြပေ မဲ့ တကယ်တော့ ကြွက်သားတွေကို ထိခိုက်စေတာဖြစ်ပါတယ်။ အစာမရှိချိန် လေ့ကျင့်ခန်းပြင်းပြင်း ထန်ထန်လုပ်ခြင်းအားဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်တွေကိုလည်း လျော့ပါးစေပါတယ်။ ဒါကြောင့် ဗိုက်ဆာနေတဲ့အချိန် လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ပေါ့ပေါ့ပါးပါး အေရိုးဗစ်လောက်သာလုပ် ပါ။ လေ့ကျင့်ခန်းမလုပ်ခင် အဆာပြေတစ်ခုခုစားပေးတာကတော့ အကောင်းဆုံးပါပဲ။

၅။ အိပ်ရာဝင်ခြင်း။

ဗိုက်ထဲအစာမရှိခြင်းနဲ့ ဂလူးကို့စ်ဓာတ်နည်းနေခြင်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်းကို ဟန့် တားထားပါတယ်။ ဒါကြောင့် လန့်နိုးတာတွေ၊ စောစောစီးစီး နိုးတာတွေ ဖြစ်စေပါတယ်။ အအိပ်နည်း ရင် လည်း အစာစားချင်တဲ့ဟော်မုန်းတွေတိုးလာစေပါတယ်။ အကောင်းဆုံးဖြေရှင်း နည်းကတော့ နို့ ထွက်ပစ္စည်းတွေကို စားသုံးပေးတာက ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်စေပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၆။ ပီကေဝါးခြင်း။

ပီကေဝါးတဲ့အခါထွက်လာတဲ့ အစာခြေအက်ဆစ်ရည်ဟာ အစာရှိမနေတဲ့ အစာအိမ်အတွင်း ပိုင်း မျက်နှာပြင်ကို ပျက်စီးစေပါတယ်။ ပီကေအလွန်အမင်းဝါးမယ်ဆိုရင် အစာအိမ်အချဉ်ပေါက်တာ အထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဗိုက်ပြည့်နေရင်တောင်မှ ပီကေကို ၁ဝ မိနစ်ထက်  ပိုမဝါးသင့်ပါ ဘူး။

၇။ အရက်သောက်ခြင်း။

        အစာမစားဘဲ အရက်သောက်ရင် အစာစားပြီးသောက်တာထက် ကျန်းမာရေးဆိုးကျိုးတွေကို နှစ်ဆပိုဖြစ်စေပါတယ်။ အရက်နာကျတာလည်းပိုဆိုးစေပါတယ်။ ဒါကြောင့် အရက်သောက်မယ်ဆိုရင် အနည်းဆုံးအဆာပြေတစ်ခုခုစားပြီးမှ သောက်သင့်ပါတယ်။

၈။ ကော်ဖီသောက်ခြင်း။

        ကဖိန်းဓာတ်ထုတ်ထားတဲ့ကော်ဖီတောင်မှ လူကိုလန်းဆန်းပြီး လေပူတက်စေပါတယ်။ အစာ အိမ်ထဲအစာမရှိဘဲ သောက်မယ်ဆိုရင် အစာခြေလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ဖြစ်ပေါ်စေပါ တယ်။ တစ်နေ့လုံးလည်း နေထိုင်မကောင်းဖြစ်စေပါတယ်။ ဒါကြောင့် အစာမစားခင် ကော်ဖီသောက် တတ်တဲ့အကျင့်ကို မစွန့်လွှတ်နိုင်ဘူးဆိုရင် သဘာဝကော်ဖီစစ်စစ်ကိုရွေးချယ်ပြီး နို့ဆီထည့်သောက် ပါ။

၉။ အကိုက်အခဲပျောက်ဆေးသောက်ခြင်း။

        အက်စပရင်(Aspirin)၊ ပါရာစီတမောလ်(paracetamol) နဲ့တခြားအကိုက်အခဲပျောက်ဆေး တွေဟာ ဗိုက်ထဲမှာ အစာမရှိဘဲသောက်ရင် ဆေးအာနိသင်အစွမ်းမထက်ရုံမက အစာအိမ်အတွက် ကြီးမားတဲ့ပြဿနာတွေကိုပါ ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် ဆေးသောက်တဲ့အခါ နွားနို့နဲ့သောက် ပေးပါ။ ဒါမှမဟုတ် ဆေးကို ရေများများနဲ့ဆေးချပြီးမှ သောက်ပါ။

သိမှတ်ဖွယ်ရာလေးတွေ မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။