ထောပတ်သီးရဲ့ ကျန်းမာရေးအာနိသင်များ

blank

ထောပတ်သီးကြိုက်တဲ့သူတွေရှိလား။ သကြား၊ နို့ဆီလေးနဲ့ ဖျော်သောက်တာပဲဖြစ်ဖြစ်၊ အစိမ်းလိုက်လှီးပြီး အသုပ်တွေထဲမှာ ထည့်စားတာပဲဖြစ်ဖြစ် ထောပတ်သီးကို နည်းမျိုးစုံနဲ့ စားလို့ရပါတယ်။ အသားအရေမွဲခြောက်သူတွေအနေနဲ့လည်း ထောပတ်သီးအနှစ်နဲ့ ပေါင်းတင်ပေးရင် အသားအရေ ဝင်းမွတ်စိုပြေလာပါတယ်။

ထောပတ်သီးမှာ အံ့သြစရာကောင်းလောက်အောင်ကို ကျန်းမာရေးအစွမ်းသတ္တိတွေ ရှိနေပါတယ်။

၁။ နှလုံးသွေးကြောကျန်းမာရေးကို ကောင်းစေတယ်။

ထောပတ်သီးမှာ ပါဝင်တဲ့ ဗီတာမင် B6 နဲ့ ဖောလစ်အက်ဆစ်က နှလုံးနဲ့ သွေးလည်ပတ်မှုဆိုင်ရာ ရောဂါဖြစ်နိုင်ခြေကိုလျော့နည်းစေတဲ့ homocysteine ဓာတ်ကို တိုးမြှင့်ပေးပါတယ်။

၂။ ကိုလက်စထရောပမာဏကို လျော့ကျစေတယ်။

ထောပတ်သီးမှာပါဝင်တဲ့ beta-sitosterol လို့ခေါ်တဲ့ ဒြပ်ပေါင်းက သွေးတွင်း ကိုလက်စထရောပမာဏကို လျော့ကျစေကြောင်း လေ့လာတွေ့ရှိရပါတယ်။

၃။ ဦးနှောက်ကျန်းမာရေးကို ကောင်းမွန်စေတယ်။

ထောပတ်သီးက သူငယ်ပြန်ရောဂါလို့ခေါ်တဲ့ အယ်လ်ဇိုင်းမားရောဂါမဖြစ်အောင် ကာကွယ်ပေးတာကြောင့် ဦးနှောက်ကျန်းမာရေးကောင်းစေတဲ့ အစားအစာတွေထဲမှာ ထိပ်ဆုံးကပါဝင်ပါတယ်။

၎။ ကင်ဆာရောဂါတွေကို ကာကွယ်ပေးတယ်။

လေ့လာချက်တွေအရ ထောပတ်သီးပုံမှန်စားပေးရင် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ ပြီးတော့ ထောပတ်သီးမှာ ရင်သားကင်ဆာမဖြစ်အောင်ကာကွယ်ပေးတဲ့ oleic acid လည်းပါဝင်နေပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ အစာချေစနစ်ကို ကောင်းမွန်စေတယ်။

ထောပတ်သီးမှာပါဝင်တဲ့ အာဟာရဓာတ်တွေနဲ့ အင်ဇိုင်းတွေက အစာအိမ်ရောင်ရမ်းခြင်းကို လျှော့ချပေးပြီး အူသိမ်အတွင်းသားတွေကို ပိုမိုကောင်းမွန်စေပါတယ်။

၆။ ခံတွင်းအနံ့ဆိုးတွေကို ပျောက်ကင်းစေတယ်။

ထောပတ်သီးက ခံတွင်းအနံ့ဆိုးတွေကို ပျောက်ကင်းစေတဲ့ သဘာဝဆေးနည်းအဖြစ် ထင်ရှားပါတယ်။

ထောပတ်သီးကြိုက်တဲ့သူတွေကို mention ခေါ်လိုက်ပါဦး။

သင်ရော… ထောပတ်သီးကို ဘယ်လိုစားရတာကြိုက်လဲ။