လိပ်ခေါင်းရောဂါနဲ့ ပတ်သက်ပြီး သင်ဘယ်လောက်ထိ အတွေးတွေမှားနေလဲ

blank
၁။ ငရုတ်သီးစားလို့ လိပ်ခေါင်းဖြစ်တယ်ဆိုတာ မှားပါတယ်။

ငရုတ်သီးတွေက အစာချေစနစ်ကို မမျှမတဖြစ်စေပြီး ဗိုက်အောင့်စေပါတယ်။ ဒါပေမဲ့ ငရုတ်သီးက အစာဟောင်းအိမ်နဲ့ စအိုတစ်ဝိုက်က သွေးကြောတွေကို ဘာအကျိုးမှ မသက်ရောက်စေတာကြောင့် လိပ်ခေါင်းရောဂါမဖြစ်စေနိုင်ပါဘူး။

၂။ လိပ်ခေါင်းရောဂါဆိုတာ အမြစ်မပြတ်တဲ့ရောဂါဆိုတာ မှားပါတယ်။

လိပ်ခေါင်းရောဂါက အမြစ်ပြတ်အောင် ကုလို့မရဘူးလို့ဘယ်သူပြောလဲ။ လိပ်ခေါင်းဆိုတာ စအိုတစ်ဝိုက်က သွေးကြောတွေရောင်လို့ဖြစ်တာပါ။ သွေးကြောရောင်ရမ်းတာကို ပျောက်အောင်ကုနိုင်မယ့်နည်းလမ်းတွေ အများကြီးရှိပါတယ်။

၃။ လိပ်ခေါင်းရောဂါက ကြာလာရင်ကင်ဆာဖြစ်တတ်တယ်ဆိုတာ မှားပါတယ်။

လိပ်ခေါင်းဖြစ်နေတဲ့အခါ နေမထိထိုင်မသာနဲ့ နာကျင်လိမ့်မယ်။ ဒါပေမဲ့ ကင်ဆာဖြစ်စေနိုင်တယ်ဆိုတာတော့ မဟုတ်ပါဘူးနော်။ လိပ်ခေါင်းဆိုတာ သွေးကြောရောင်တာပါ။ ကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေနဲ့ ဘာမှမဆိုင်ပါဘူး။    ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ အေးတဲ့အရာပေါ်ထိုင်ရင် လိပ်ခေါင်းဖြစ်စေတယ်ဆိုတာ မှားပါတယ်။

ဒီအယူအဆအမှားကြီးကတော့ တကယ်ကို ရယ်စရာကြီးပါ။ အေးတဲ့အုတ်ခုံတွေ၊ ထိုင်ခုံတွေမှာ ထိုင်ရင် လိပ်ခေါင်းဖြစ်တယ်ဆိုတာ ဆန့်ကျင်ဘက်တောင်ဖြစ်နေသေးတယ်။ အေးတဲ့နေရာတွေမှာထိုင်ရင် စအိုတစ်ဝိုက်ကသွေးကြောတွေကို ပိုလို့တောင် ကောင်းမွန်စေပါတယ်။ တကယ်က ဘယ်မှာထိုင်ထိုင် အထိုင်များရင် လိပ်ခေါင်းဖြစ်တာပါပဲ။

၅။ လိပ်ခေါင်းဆိုတာ လူကြီးတွေမှာပဲဖြစ်တတ်တယ်ဆိုတာ မှားပါတယ်။

လူကြီးလူငယ်မရွေး လိပ်ခေါင်းရောဂါဖြစ်တတ်ကြပါတယ်။ ဒါပေမဲ့ လူကြီးတွေကတော့ ပိုပြီးအဖြစ်များပါတယ်။ အကြောင်းရင်းကတော့ အသက်အရွယ်အိုမင်းလာတာကြောင့် စအိုနဲ့ အစာဟောင်းအိမ်ကြွက်သားတွေ အားနည်းလာလို့ပါ။ ငယ်သေးတယ်ဆိုပြီး လိပ်ခေါင်းရောဂါကို လျစ်လျူရှုထားလို့မရပါဘူးနော်။

ပြီးတော့ နောက်ဆုံးနဲ့ အရေးကြီးဆုံး ပြောချင်တာက လိပ်ခေါင်းရောဂါဟာ ရှက်စရာရောဂါမဟုတ်ပါဘူး။ ရုပ်ရှင်တွေ၊ စာအုပ်တွေထဲမှာ ဘယ်လိုပဲ ဖော်ပြဖော်ပြ လိပ်ခေါင်းဆိုတာ ရှက်စရာရောဂါမဟုတ်ပါဘူး။ လိပ်ခေါင်းဖြစ်တယ်ဆိုရင် ကုသနိုင်တဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်။ လိပ်ခေါင်းရောဂါဖြစ်ရင် ဆရာဝန်ဆီ သွားပြီး ပြသပါ။ ကုသမှုခံယူပါလို့ အကြံပေးတိုက်တွန်းလိုက်ပါတယ်ရှင်။

မှတ်သားစရာစာစောင်လေးကို SHARE ဖို့ မမေ့နဲ့နော်။