ကြံရည်ကြိုက်သူများအတွက် သတင်းကောင်း

blank

            ပူပြင်းတဲ့နွေရာသီမှာ ကြံရည်အေးအေးလေးသောက်ရတဲ့အရသာက ဘယ်လောက်ကောင်း တယ်ဆိုတာ ကြိုက်တဲ့သူများအသိဆုံးပါပဲ။ ချိုမွှေးပြီး ရင်အေးစေတဲ့ ကြံရည်အေးတစ်ခွက်မှာ လူ့ကျန်း မာရေးအတွက် အကျိုးကျေးဇူးကောင်းတွေများစွာပါဝင်နေပါတယ်။ ကြံရည်ဟာ…

၁။ ဆီးလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါတွေကိုသက်သာစေပြီး ဆီးရွှင်စေပါတယ်။ ကျောက်ကပ်ရဲ့ လုပ်ဆောင်ချက်တွေကိုလည်း ကောင်းမွန်စေပါတယ်။

၂။ အသည်းအားကောင်းစေပြီး အသည်းရောင်အသားဝါရောဂါကို သက်သာစေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်က ကုန်ဆုံးသွားတဲ့ ပရိုတင်း(proteins)ဓာတ်ကို ပြန်ဖြည့်ပေးပြီး အာဟာရဖြစ်စေပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ ကာဗိုဟိုက်ဒရိတ်(carbohydrates)၊ ပရိုတင်း(protein)၊ သံဓာတ်(iron)၊ ပိုတက်စီယမ် (potassium)နဲ့မရှိမဖြစ် တခြားအာဟာရဓာတ်တွေပါဝင်နေပါတယ်။ နွေရာသီမှာ တစ်နေ့ကို ကြံရည် တစ်ခွက်သောက်ပေးခြင်းဖြင့် ကျန်းမာရေးကောင်းမွန်စေသလို ခန္ဓာကိုယ်စွမ်းအင်လည်း မြင့်တက်စေ ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အရည်ဓာတ်တွေကို တည်ဆောက်ပေးပြီး မောပန်းနွမ်းနယ်တာတွေ သက်သာစေပါတယ်။

၎။ လျော့ပါးစေတဲ့ဓာတ်သတ္တိပါဝင်တာကြောင့် အူရှင်းပြီး ဝမ်းမှန်စေပါတယ်။ ဒါ့အပြင် အယ်လ်ကာ လိုင်း(alkaline)လည်း ပါဝင်တာကြောင့် အစာအိမ်အချဉ်ပေါက်တာကို သက်သာစေပြီး ဝမ်းမီးငြိမ်း စေပါတယ်။

၅။ Glycemic index (GI) နိမ့်တဲ့အတွက် ကြံရည်သောက်ခြင်းက ဆီးချိုဝေဒနာရှင်တွေရဲ့ သွေးတွင်း သကြားဓာတ်အဆင့်ကို မပြောင်းလဲစေနိုင်ပါဘူး။ ဒါပေမဲ့ မသောက်ခင်တော့ ဆရာဝန်နဲ့အရင်တိုင်ပင် ဆွေးနွေးကြည့်သင့်ပါတယ်။

၆။ သတ္ထုဓာတ်တွေအလွန်အမင်းကြွယ်ဝတာကြောင့် သွားပျက်စီးယိုယွင်းခြင်းနဲ့ အသက်ရှူလမ်း ကြောင်းဆိုင်ရာ ရောဂါတွေမဖြစ်ပွားအောင် ကာကွယ်ပေးပါတယ်။

ကြံရည်ကြိုက်တဲ့သူငယ်ချင်းတွေလည်း ဖတ်ရအောင် mention ခေါ်လိုက်ပါဦးနော်။