ဆားလွန်ကဲစွာ စားသုံးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးများ

blank

နေ့စဉ်နေ့တိုင်း စားသောက်နေတဲ့ အစားအစာတွေကို အရသာ ပိုမိုကောင်းမွန်ဖို့ ဆားထည့်ပြီး ချက်ပြုတ်ကြပါတယ်။ ဆားမှာ ဟင်းတွေ အရသာပိုကောင်းစေနိုင်တဲ့အစွမ်းသတ္တိအပြင် ခန္ဓာကိုယ်ကျန်းမာရေးကို ကောင်းကျိုးဖြစ်စေတဲ့ အစွမ်းတွေလည်း ပါဝင်နေပါတယ်။

ဆားမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဆိုဒီယမ်နဲ့ ကလိုရိုက် များစွာပါဝင်ပါတယ်။ ကျောက်ကပ်ကို အားကောင်းစေတယ်၊ ခန္ဓာကိုယ်က အရည်ပမာဏကို မျှတစေတယ်။ အာရုံကြောတွေကို ကောင်းမွန်စေပြီး ကြွက်သားတွေကို သန်မာစေပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

          ဒါပေမဲ့ “တန်ဆေး၊ လွန်ဘေး”ဆိုတဲ့ စကားအတိုင်း ဆားများများ စားသုံးမိရင် ဆားမှာ ပါဝင်တဲ့ ဆိုဒီယမ်ဓာတ်လွန်ကဲမှုကြောင့် ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။ ဆိုဒီယမ်ဓာတ်လွန်ကဲတဲ့အခါ သွေးတိုးရောဂါ၊ အရိုးပွရောဂါ၊ အစာအိမ်ကင်ဆာ၊ နှလုံးအားနည်းတဲ့ရောဂါ၊ အသည်းခြောက်ရောဂါတွေ ဖြစ်တတ်ပါတယ်။ ဒီလိုရောဂါတွေ မဖြစ်အောင် စားသုံးနေတဲ့ ဆားပမာဏကို လျှော့ချပစ်ဖို့ လိုအပ်ပါတယ်။

နေ့စဉ်စားသုံးနေတဲ့ ဆားပမာဏကို လျှော့ချနိုင်ဖို့ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ စားသုံးနေတဲ့ အသင့်စားအစားအစာတွေမှာ စတင်ထုတ်လုပ်တဲ့အဆင့်မှာကတည်းက ဆားထည့်ပြီး ပြုလုပ်ထားလို့ဖြစ်ပါတယ်။ ဒါကြောင့် ဆိုဒီယမ်လွန်ကဲမှု ဆိုးကျိုးတွေဖြစ်မလာအောင် ကိုယ်တိုင်ကိုယ်ကျ ဆားလျှော့စားရုံနဲ့ မလုံလောက်ဘဲ အစားအသောက်ထုတ်လုပ်ရေးတွေကိုပါ ဆားလျှော့သုံးဖို့ တွန်းအားပေးသင့်ပါတယ်။

တချို့အစားအစာတွေမှာ အငန်အရသာမရှိဘဲ ဆားပါဝင်မှု၊ ဆိုဒီယမ်ပါဝင်မှု များလွန်းတာကို တွေ့ရတတ်ပါတယ်။

  • ကြာရှည်ခံအောင်လုပ်ထားတဲ့ အသားခြောက်တွေ၊ အသားပြားတွေ
  • ချိစ်
  • ပဲပိစပ်၊ ပဲပုတ်၊ ပဲငပိ စတဲ့ ပဲအနှစ်တွေ
  • ပေါင်မုန့်
  • စွမ်းအားဖြည့်အချိုရည်တွေ
  • ကွတ်ကီး
  • ပါစတာအနှစ် (Pasta Sauce) စတဲ့ အစားအစာတွေမှာ ဆိုဒီယမ်ဓာတ်လွန်ကဲစွာပါဝင်တာကြောင့် တတ်နိုင်သလောက် ရှောင်ရှားသင့်ပါတယ်။

ဂန္ထဝင်ပရိသတ်ကြီးရေ…။

            “အာရောဂျံ ပရမံလာဘံ” ကျန်းမာခြင်းက လာဘ်ကြီးတစ်ပါးဖြစ်တာကြောင့် အသက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ဖို့ အစားအသောက်ကိုလည်း ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးပါလို့ တိုက်တွန်းလိုက်ပါစေရှင်။

ကျန်းမာရေးအသိပေးစာစောင်လေးကို SHARE ဖို့ မမေ့နဲ့နော်။