ရာသီသွေးအဆင်းများတာနဲ့ပတ်သက်ပြီး မိန်းကလေးတိုင်း သိထားသင့်တဲ့အချက်လေးများ

blank

မိန်းမသားတို့ရေ…

လစဉ်ကျော်ဖြတ်ရတဲ့အခက်အခဲတွေထဲမှာ မိန်းမသားသဘာဝရာသီကာလလည်း ပါပါတယ် နော်။ အထူးသဖြင့် ရာသီသွေးဆင်းများတဲ့မိန်းမသားများအနေနဲ့ ကျန်းမာရေးအတွက် ပူပန်မိကြတာ တွေ ရှိပါတယ်။ ပုံမှန်အားဖြင့်တော့ မိန်းမသားတစ်ယောက်ရဲ့လစဉ်ရာသီသွေးစီးဆင်းမှုပမာဏက လက်ဖက်ရည်ဇွန်း ၁၂ ဇွန်းရှိပြီး စီးဆင်းချိန်ကာလကလည်း နှစ်ရက်ကနေ တစ်ပတ်အထိရှိပါတယ်။ ပုံ မှန်သွေးဆင်းတယ်ဆိုရင် တစ်ရက်ကို လစဉ်သုံးပစ္စည်း ၃ ခုကနေ ၆ ခုဆိုရင် လုံလောက်ပြီး၊ များများ ဆင်းရင်တော့ နာရီဝက်၊ တစ်နာရီခြားတစ်ခါ လဲလှယ်ပေးရခြင်းဖြင့် သိနိုင်ပါတယ်။

တကယ်လို့ ပုံမှန်ထက်သွေးအဆင်းများလွန်းလို့ စိတ်ဖိစီးမှုပါခံစားနေရရင်တော့ သားဖွားမီး ယပ်ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးကြည့်သင့်ပါတယ်။ သွေးဆင်းများတာဟာ ဆေးပညာရှင်တွေရဲ့ အဆိုအရ PCOS လို့ခေါ်တဲ့ သားအိမ်ရောဂါ၊ ဒါမှမဟုတ် သိုင်းရွိုက်ပြဿနာကြောင့်ဖြစ်ဖို့ များပါတယ်။ အဲ့ဒီနှစ်ချက်စလုံးဟာ ဟော်မုန်းတွေကို ရှုပ်ထွေးစေပြီး သွေးအဆင်းများစေပါတယ်။ ဝိတ်တက်လာ တာ၊ ရေသောက်များတာနဲ့ စိတ်ဖိစီးမှုတွေကလည်း  ဟော်မုန်းတွေအပေါ် အကျိုးသက်ရောက်စေပါ တယ်။ သားဖွားမီးယပ်ဆရာဝန်နဲ့ တွေ့ဆုံခြင်းအားဖြင့် ရာသီသွေးအဆင်းများရခြင်းအကြောင်းရင်းကို တွက်ချက်ပေးနိုင်သလို အကောင်းဆုံးဖြေရှင်းနည်းကိုလည်း လမ်းညွှန်ပေးနိုင်မှာပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒါ့အပြင် တချို့တွေကလည်း ရာသီသွေးထဲမှာ သွေးခဲလေးတွေပါနေလို့ စိတ်ပူကြတာ ရှိပါ တယ်။ တကယ်တော့ သေးငယ်တဲ့သွေးခဲလေးတွေက ထိတ်လန့်စရာမဟုတ်ပါဘူး။ သွေးခဲက စပျစ်သီးအရွယ်၊ တရုတ်ဇီးသီးအရွယ်မျိုးဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးကြည့်သင့်ပါတယ်လို့ အကြံပြုလိုက်ပါတယ်နော်။

သိမှတ်စရာကျန်းမာရေးဗဟုသုတလေးတွေကို မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။