လတ်ဆတ်တဲ့ထောပတ်သီးမှည့်ကို ဘယ်လိုရွေးချယ်ဝယ်ယူကြမလဲ။

blank
Avocado
၁။ အရောင်ကို ကြည့်ပါ။

မှည့်နေတဲ့ထောပတ်သီးတွေဟာ အစိမ်းပုပ်ရောင်ဖြစ်ပါတယ်။ ချက်ချင်းစားဖို့ဆိုရင် လုံးဝ အ စိမ်းပုပ်ရောင်ကို ရွေးပါ။ တစ်ရက်နှစ်ရက်ကြာမှစားမယ်ဆိုရင်တော့ စိမ်းတဲ့ဘက်ပိုသမ်းတဲ့ ထောပတ် သီးကို ဝယ်ယူပါ။ ဒါပေမဲ့ အရောင်တစ်ခုတည်းကိုကြည့်ပြီး မဆုံးဖြတ်မိဖို့တော့ သတိပြုပါ။ လက်နဲ့ထိ တွေ့ပြီး တခြားလက္ခဏာတွေကိုလည်း မဝယ်ခင် စစ်ဆေးကြည့်သင့်ပါတယ်။

၂။ အသီးကို ညှစ်ကြည့်ပါ။

မှည့်ပုံပေါ်နေပေမယ့် စိတ်ချချင်ရင် လက်ဖဝါးနဲ့ ဖွဖွညှစ်ကြည့်ပါ။ မှည့်တဲ့ထောပတ်သီးဟာ ခပ် သာသာဖိရင် အိသွားပါတယ်။ နူးညံ့လွန်ပြီး ပျော့အိနေရင်တော့ မဝယ်ယူသင့်ပါဘူး။ ဒါ့အပြင် မာနေ တယ်လို့ ခံစားမိရင် ထောပတ်သီးမမှည့်သေးပါ။ လိုအပ်တာထက်ပိုမာကျောလွန်းနေရင်တော့  စိမ်း လွန်းနေတာကြောင့် မှည့်ဖို့ရာ အချိန်တွေအများကြီးယူရဦးမှာ ဖြစ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ အသားကို စစ်ဆေးကြည့်ပါ။

ထူတဲ့အသားရှိရင်ကောင်းပါတယ်။ ဒါပေမဲ့ အနာတရဖြစ်ပြီး အထစ်ဖြစ်နေတာမျိုး ရှိတတ်တာ ကြောင့် သေချာစစ်ဆေးကြည့်သင့်ပါတယ်။

၎။ အညှာကို စစ်ဆေးပါ။

အပေါ်ယံချောမွေ့နေသလိုမျိုး အတွင်းမှာလည်း တကယ်မှည့်ပြီး ချိုမချိုသိဖို့ဆိုရင် ထောပတ် သီးအညှာထိပ်လေးကို ချိုးကြည့်ပါ။ အောက်ခြေဧရိယာကစိမ်းနေရင် ဝယ်ယူသင့်တဲ့အသီးဖြစ်ပါတယ်။ အညိုရောင်ဖြစ်နေရင်တော့ အမှည့်လွန်နေတာမို့ ရှောင်ကြဉ်သင့်ပါတယ်။ မည်းနေရင်တော့ အထဲမှာ မှိုတက်နေတာဖြစ်နိုင်ပါတယ်။

ကဲ… သင့်သူငယ်ချင်းတွေထဲမှာ ထောပတ်သီးကြိုက်သူတွေရှိရင်လည်း mention ခေါ်လိုက် ပါဦးနော်။