သင့်ရဲ့ ၂ဝ၁၈ အစီအမံထဲမှာ ယောဂကိုဘာကြောင့်ထည့်ထားသင့်တာလဲ။

blank

နှစ်သစ်ကို စိတ်သစ်လူသစ်နဲ့ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းဖို့ စိတ်ကူးထားပါသလား။

ဒီလိုဆိုရင်တော့ သင့်ရဲ့နှစ်သစ်အစီအစဉ်တွေထဲမှာ ယောဂကိုမဖြစ်မနေထည့်ထားသင့်တဲ့ အကြောင်း ကျွမ်းကျင်သူတွေက အဆိုပြုထားကြပါတယ်နော်။

မှန်ပါတယ်။ ယောဂလေ့ကျင့်ခန်းဟာ စိတ်ကောကိုယ်ပါအကျိုးကျေးဇူးကောင်းများစွာ ပေးနိုင် တဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ တစ်ရက်ကို အနည်းဆုံး ၁၅ မိနစ်လောက်ပေးရင်တောင် ခန္ဓာ ကိုယ်ပိုကြံ့ခိုင်လာခြင်း၊ စိတ်ထက်မြက်လာခြင်း၊ စွမ်းအင်တွေတိုးလာခြင်း၊ တည်ငြိမ်ငြိမ်းချမ်းခြင်း၊ ၊ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခြင်း၊ စားသောက်မှု အလေ့အထကောင်းမွန်လာခြင်း၊ ပုံမှန်လေ့ကျင့်ခန်း လုပ်ဖို့ ပိုမိုတက်ကြွလာခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ရရှိလာစေပါတယ်။ အထူးသဖြင့် စိတ်ဖိစီးမှု တွေလျော့ကျပြီး နေ့ရက်များကို သက်တောင့်သက်သာနဲ့ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်စေပါတယ်။ စိတ်ဖီစီးမှုဆိုတာ စိုးရိမ်ပူပန်မှုနဲ့တိုက်ရိုက်ဆက်စပ်နေတဲ့အတွက် စိတ်ဖိစီးမှုမရှိမှသာ ကျန်းမာပျော်ရွှင် နိုင်မှာ ဖြစ်ပါတယ်။  ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒါ့အပြင် ခန္ဓာကိုယ်ရဲ့လုပ်ဆောင်မှုစွမ်းရည်ကို ညီညွှတ်မျှတစေတဲ့ parasympathetic လို့ ခေါ်တဲ့ အာရုံကြောစနစ်ကို တည်ငြိမ်စေတဲ့အတွက် အစာချေဖျက်မှုပြဿနာတွေကိုလည်း မဖြစ် ပေါ်စေတော့ပါဘူး။ ဒီလိုအကျိုးကျေးဇူးကောင်းတွေအများကြီးရှိနေတဲ့ ယောဂဖြစ်တာကြောင့် အများ ကြီးအချိန်မပေးနိုင်ရင်တောင် အိမ်မှာပဲဖြစ်ဖြစ် ရနိုင်သလောက် နေ့စဉ်အချိန်ပေးပြုလုပ်သင့်ကြောင်း ကျွမ်းကျင်သူတွေက တိုက်တွန်းထားကြပါတယ်။

ကဲ… သင်လည်း သင့်ရဲ့နှစ်သစ်စီမံကိန်းထဲမှာ ယောဂအတွက် အချိန်လေးပါ ပိုထည့်လိုက် ပါဦးနော်။

ကျန်းမာပျော်ရွှင်စေတဲ့နည်းလမ်းကောင်းလေးတွေကို မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦး။