အချိန် ၂မိနစ်ပေးရုံနဲ့ ဝမ်းဗိုက်အဆီတွေကို အပင်ပန်းခံစရာမလိုဘဲ ချေဖျက်နိုင်မယ့် တရုတ်ရိုးရာနည်းပညာ

blank

         အခုဝေမျှပေးမယ့်နည်းလေးကတော့ ဝမ်းဗိုက်ကအဆီပြင်တွေကို တစ်နေ့ကိုနှစ်မိနစ်အချိန်ပေးရုံနဲ့ ချေဖျက်ဖယ်ရှားနိုင်မယ့် တရုတ်ရိုးရာ နှိပ်နယ်ခြင်းနည်းလမ်းလေးဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ အာလူးတွေ၊ အချိုရည်တွေနဲ့ အဆီအဆိမ့်တွေကို မက်မောစွာ စားသံးတတ်သူဆိုရင်တော့ ဒီနည်းလမ်းဟာ ပြောသလောက်ထိရောက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီနည်းလမ်းလေးကို သုံးနေချိန်မှာ အစားအသောက်ဆင်ခြင်ဖို့လိုသလို တတ်နိုင်ရင် ကိုယ်လက်လှုပ်ရှားမှုလေးတွေ လုပ်နေပေးဖို့လည်း လိုအပ်ပါတယ်။ ကဲ… နည်းလမ်းလေးကို စတင်လိုက်ရအောင်။

အဆင့် (၁) ။  ။ ညီညာတဲ့ကြမ်းပြင်မှာ ပက်လက်လှဲအိပ်လိုက်ပါ။

အဆင့် (၂) ။  ။ သင့်လက်နှစ်ဖက်ကို ပူလာတဲ့အထိ အချင်းချင်းပွတ်ပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အဆင့် (၃) ။  ။ သင့်ရဲ့လက်တစ်ဖက်ကို ဝမ်းဗိုက်ပေါ်တင်လိုက်ပါ။

အဆင့် (၄) ။  ။ ဝမ်းဗိုက်ကို အသာအယာဖိပြီး စက်ဝိုင်းပုံစံအတိုင်း လက်ျာရစ်ပွတ်ပါ။ တဖြည်းဖြည်းနဲ့ စက်ဝိုင်းကို ကြည့်ပြီးပွတ်ပါ။ စက်ဝိုင်းတစ်ခုစာပွတ်ဖို့ အလွန်ဆုံးအချိန် ၂စက္ကန့်ပဲ ယူပါ။

အဆင့် (၅) ။  ။ ဝမ်းဗိုက်အတွင်းမှာ အပူကို စတင်ခံစားလာနိုင်ဖို့ အာရုံစိုက်ထားပါ။

အဆင့် (၆) ။  ။ ဒီလိုနည်းအတိုင်း ၂မိနစ်ခန့် (စက်ဝိုင်း ၅ဝခုစာလောက်) ပွတ်သပ်နှိပ်နယ်ပေးပါ။ သင့်ဗိုက်က ပူနွေးနွေးလေးဖြစ်နေဖို့ အရေးကြီးပါတယ်။

ဒီနည်းလမ်းလေးအတိုင်း မနက်အိပ်ရာနိုးနိုးချင်းမှာ တစ်ကြိမ်၊ ညအိပ်ရာဝင်ခါနီးမှာ တစ်ကြိမ် စုစုပေါင်း တစ်နေ့ကို နှစ်ကြိမ်ပုံမှန်ပြုလုပ်ပေးပါ။

ဒီနည်းလမ်းလေးဟာ ဝမ်းဗိုက်မှာရှိတဲ့အဆီတွေကို ချေဖျက်ပေးနိုင်ရုံသာမက အစာချေစနစ်ကို ကောင်းမွန်စေတယ်၊ metabolism နှုန်းကို မြန်စေတယ်၊ ပြီးတော့ ဝမ်းဗိုက်ဧရိယာမှာရှိတဲ့ အင်္ဂါတွေရဲ့သွေးလည်ပတ်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။

သတိပေးချက်

ဒီနည်းလမ်းကို အစားစားပြီးပြီးချင်းမှာ မလုပ်သင့်ပါဘူး။ ပြီးတော့

၁။ ဆီးကျောက်တည်ရောဂါရှင်တွေ၊ သည်းခြေအိတ်ကျောက်တည်နေတဲ့သူတွေ

၂။ သွေးတိုးရောဂါရှိသူတွေ

၃။ ကိုယ်ဝန်ဆောင်မိခင်တွေ

၎။ အူလမ်းကြောင်းနဲ့ အစာအိမ်မှာ အနာရှိသူတွေ

၅။ သားဥအိမ်၊ သားဥပြွန်၊ သားအိမ်နဲ့ ဆီးအိတ်ရောင်ရမ်းနာကျင်နေသူတွေ

အနေနဲ့ ဒီနည်းလမ်းကို အသုံးမပြုသင့်ပါဘူး။

ဂန္ထဝင်ပျိုမေတို့အားလုံး အဆီပိုကင်းပြီး လှပတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

အသုံးဝင်မယ့် စာစောင်လေးဖြစ်တာကြောင့် SHARE ဖို့ မမေ့နဲ့နော်။