သင့်ကို ၁ဝနှစ်ပိုငယ်တယ်ထင်ရအောင် နုပျိုစေမယ့် အစားအစာများ

blank
၁။ ထောပတ်သီး

ထောပတ်သီးမှာ အဆီပါဝင်မှုနှုန်းများပေမဲ့ ကျန်းမာရေးကိုကောင်းကျိုးပေးတဲ့ အဆီတွေဖြစ်ပါ တယ်။ တစ်ရက်ကို ထောပတ်သီးတစ်လုံး ပုံမှန်စားပေးမယ်ဆိုရင် ကိုလ်စထရောကို လျှော့ချပေးပြီး အ ရေပြားအသစ်ဖြစ်ခြင်းကို ထောက်ပံ့ကူညီပေးပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ကို ကျန်းမာစေတဲ့ ဗီတာမင် C ၊ ပိုတက်စီယမ်၊ အင်တီအောက်ဆီဒင့်နဲ့ ဖလောရစ်အက်ဆစ်တို့လည်း ကြွယ်ဝစွာပါဝင်နေပါတယ်။

၂။ ဘယ်ရီသီး

စတော်ဘယ်ရီသီး၊ ဘလက်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီးနဲ့ စပျစ်သီး စတဲ့ သစ်သီးငယ်လေး တွေမှာ ရောဂါဖြစ်စေတဲ့ဆဲလ်တွေကို ဆီးကြိုဟန့်တားပေးနိုင်တဲ့ အင်တီအောက်ဆီဒင့်ဂုဏ်သတ္တိတွေ ပါဝင်နေပါတယ်။ ဒါ့အပြင် အဆစ်အမြစ်ရောင်ရမ်းမှုနဲ့ နာကျင်မှုတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

၃။ မုန်လာဥ

မုန်လာဥမှာ မျက်လုံးကိုကာကွယ်ပေးတဲ့ beta-carotene၊ ခန္ဓာကိုယ်ကျန်းမာရေးကို အ ထောက်အကူပြုတဲ့ ဗီတာမင် A  ပါဝင်ပြီး စက္ခုအာရုံကြောနဲ့ မျက်စိရဲ့တခြားသော အစိတ်အပိုင်းတွေ ရဲ့ လုပ်ဆောင်ချက်တွေကို လွယ်ကူချောမွေ့စေပါတယ်။ ဒါ့အပြင် နေရောင်ကြောင့် ဖြစ်ပွားတတ်တဲ့ အသားအရေဆိုင်ရာပြဿနာများကို ကာကွယ်ပေးပါတယ်။ ဒါပေမဲ့ မုန်လာဥကို အကျက်လွန်အောင် ချက်ပြုတ်ရင်တော့ ဗီတာမင်နဲ့မရှိမဖြစ်အာဟာရဓာတ်တွေရဲ့ပမာဏကို လျော့ကျသွားစေနိုင်တာ ကြောင့် သတိပြုပါ။

၎။ အချဉ်သီး

အချဉ်သီးတွေမှာပါဝင်တဲ့ ဗီတာမင် C နဲ့ ဖလောရစ်အက်ဆစ်တွေဟာ ကိုလ်စထရောနဲ့ သွေး ထဲက ယူရစ်အက်ဆစ်တွေကို လျော့နည်းအောင် ကူညီပေးပါတယ်။ နေ့စဉ်ပုံမှန်စားသုံးပေးရင် သွေး လှည့်ပတ်မှုဆိုင်ရာ ပြဿနာတွေ၊ နှလုံးရောဂါနဲ့ အဆစ်အမြစ်နာကျင်စေတဲ့ ရောဂါတွေကနေ ကာ ကွယ်ပေးပါတယ်။ ရှောက်သီးဖျော်ရည်ဟာ အူနဲ့အစာအိမ်ကို သန့်ရှင်းပေးသလို ခန္ဓာကိုယ်ထဲက အ ဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

၅။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ ရောဂါတွေကို ကာကွယ်ပေးရုံသာမက ပုံမှန်စားသုံးပေးမယ်ဆိုရင် ကူးစက် ရောဂါတွေကိုလည်း ဟန့်တားပေးနိုင်ပါတယ်။ မှိုရောဂါနဲ့ ဘက်တီးရီးယားတွေကို ဆန့်ကျင်ပေးတဲ့ တစ်ခုတည်းသောအကောင်းဆုံး သဘာဝပိုးသတ်ဆေးလည်းဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်လ်စထရော ကိုညီမျှစေသလို သွေးလည်ပတ်မှုကို တိုးတက်ကောင်းမွန်စေပြီး သွေးတိုးရောဂါနဲ့ ကင်ဆာဖြစ်ပွားမှု တွေကို လျှော့ချရာမှာလည်း ကူညီပေးနိုင်ပါတယ်။

၆။ အညိုရောင်ချောကလက်

အနည်းဆုံး ကိုကိုး ၇၅-ရာခိုင်နှုန်းပါဝင်တဲ့ ချောကလက်အညိုရောင်မှာ အသားအရေကို နေရောင်ခြည်ဒဏ်က ကာကွယ်ပေးတဲ့ ဖလူအိုနွိုက်စ်(flavonoid) တွေပါဝင်ပါတယ်။ ဒါ့အပြင် free radicals တွေကို တိုက်ထုတ်ပေးပြီး ရေဓာတ်ကို တိုးတက်စေပါတယ်။

၇။ သံလွင်ဆီ

သံလွင်ဆီဟာ အသားအရေအတွက် ရေဓာတ်နဲ့ ကျန်းမာရေးကို ထိန်းသိမ်းပေးတဲ့ alpha-lino lenic အက်ဆစ်ရဲ့ အဓိကအရင်းအမြစ်ဖြစ်တာကြောင့် နုပျိုမှုကို ဆောင်ကြဉ်းပေးပါတယ်။ ညအိပ်ရာ မဝင်ခင် မျက်လုံးအနီးတဝိုက်မှာ သံလွင်ဆီအနည်းငယ်ကို လိမ်းပေးပါက အရေးအကြောင်းတွေကို လျှော့ချပေးပြီး အသားအရေကို နူးညံ့စေပါတယ်။ အစိုဓာတ်ကိုလည်း ထိန်းသိမ်းပေးပါတယ်။

၈။ ခရမ်းချဉ်သီး

ခရမ်းချဉ်သီးဟာ အရည်ရွှမ်းပြီး အရသာရှိရုံသာမက ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်တဲ့ ဗီတာမင် A၊ ဗီတာမင် C ၊ ဖလောရစ်အက်ဆစ်စတဲ့ ဓာတ်တွေပါဝင်ပါတယ်။ ဒါ့အပြင် ခရမ်းချဉ် သီးမှည့်မှာ အနီရောင်ဝိုင်တွေထက် ၁၄ဆပိုတဲ့ အင်တီအောက်ဆီဒင့်ဓာတ်တွေပါဝင်နေပါတယ်။ အ ထူးသဖြင့် ခရမ်းချဉ်သီးဟာ နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးသလို ကူးစက်ရောဂါနဲ့ ဆေးမတိုးတဲ့ ရောဂါတွေကို ဟန့်တားကာကွယ်ရာမှာလည်း ကူညီပေးပါတယ်။

၉။ အဆီပါတဲ့ငါး

ဆယ်လ်မွန်၊ တူနာစတဲ့ အဆီပါဝင်တဲ့ငါးတွေဟာ Omega 3 ဖက်တီးအက်ဆစ်တွေ ပါဝင်နေ ပြီး ကိုယ်လ်လက်စထရောကို ထိန်းသိမ်းပေးသလို ဆဲလ်တွေပြန်လည်မွေးဖွားရာမှာလည်း ကူညီပေး ပါတယ်။ ဒါ့အပြင် အသက်အရွယ်အရဖြစ်ပေါ်လာတဲ့အသားအရေဆိုင်ရာ ပြဿနာတွေကို ကာကွယ် တားဆီးပေးပါတယ်။

၁ဝ။ နနွင်း

နနွင်းမှုန့်ဟာ ကင်ဆာကို ဆန့်ကျင်ပေးသလို အစာကြေစေပါတယ်။ နုပျိုမှုစွမ်းအင်တွေကို လည်း ပေးပါတယ်။ စိတ်ဖိစီးမှုတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

ဗဟုသုတလေးတွေကို မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။