မနက်ခင်းတိုင်း ပျားဖျော်ရည်တစ်ခွက်သောက်သုံးခြင်းဖြင့် ရရှိလာမယ့် အကျိုးကျေးဇူးများ

blank

          ပျားရည်ဆိုတာ ရှေးပဝေသဏီကတည်းက ကျန်းမာရေးကောင်းမွန်စေဖို့ မှီဝဲသုံးစွဲနေကြတဲ့ ဓာတ်စာတစ်ခုဖြစ်ပါတယ်။ ပျားရည်မှာ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီး ပေးစွမ်းနိုင်ပါတယ်။

ဒီတစ်ပတ်မှာတော့ မနက်ခင်း ဘာမှမစားရသေးခင်မှာ ပျားရည်တစ်ဆကို ရေနွေး(၃)ဆနဲ့ ရောဖျော်ပြီး သောက်ခြင်းကြောင့် ရရှိလာမယ့်  ကျန်းမာရေးအကျိုးကျေးဇူးတွေကို ဂန္ထဝင်စာဖတ်ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ အဆုတ်နဲ့ လည်ချောင်းမှာရှိတဲ့ ချွဲသလိပ်တွေကို ချေဖျက်ပေးတယ်။

၂။ အစာချေစနစ်တစ်လျှောက်မှာ ရှိတဲ့ အန္တရာယ်ပေးနိုင်တဲ့ ကပ်ပါးကောင်တွေကို ဖယ်ရှားပေးနိုင်တယ်။

၃။ အအေးမိခြင်း၊ ရင်ကြပ်ခြင်းကို သက်သာစေပြီး ခန္ဓာကိုယ်ခုခံအားကို မြှင့်တင်ပေးနိုင်တယ်။

၎။ ခန္ဓာကိုယ်အတွင်းနဲ့ အပြင်က ရောဂါပိုးတွေ၊ ဘက်တီးရီးယားတွေ၊ မှိုတွေကို သေစေနိုင်တယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ ခန္ဓာကိုယ်အတွင်းမှာ စုပုံနေတတ်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တယ်။

၆။ ပျားရည်ဟာ ကျောက်ကပ်အတွင်းက ရေတွေကို စုပ်ယူပေးနိုင်တဲ့အတွက် ညဘက်မှာ ဆီးခဏခဏသွားတတ်တဲ့သူတွေ၊ ဆီးမထိန်းနိုင်တဲ့သူတွေအတွက် သင့်တော်ပါတယ်။

၇။ အသားအရေကို ပိုမိုနုပျိုစေပြီး နူးညံ့ဖြူဝင်းစေပါတယ်။

ဒီပျားဖျော်ရည်လေးကို သောက်သုံးဖို့ အသင့်တော်ဆုံးအချိန်လေးကတော့ မနက်ခင်းအိပ်ရာနိုးနိုးချင်း (သို့) မနက်စာမစားရသေးခင်အချိန်ဖြစ်ပါတယ်။ ညအိပ်ရာဝင်ခါနီးမှာလည်း သောက်သုံးနိုင်ပါတယ်။

အာနိသင်အပြောင်းအလဲ ရှိနိုင်တာကြောင့် သောက်သုံးခါနီးမှ ပျားဖျော်ရည်လေးကို ပြင်ဆင်တာ အကောင်းဆုံးပါ။

ကျန်းမာရေးအကြံပေးစာစောင်လေးကို သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါဦး။