သင့်ကို အသက် ၁ဝဝ ရှည်စေမယ့် နည်းလမ်း ၁ဝ

blank
၁။ တစ်ပတ်မှာ အနည်းဆုံး ၁၅ဝ မိနစ်ခန့် လေ့ကျင့်ခန်းလုပ်ပေးပါ။

နေ့တိုင်းမလုပ်နိုင်ရင်တောင် နှစ်ရက်တစ်ခါ မိနစ် ၃ဝ မှ ၄ဝ အထိ လေ့ကျင့်ခန်းတစ်ခုခုလုပ်ပါ။ ဥပမာ- ယောဂကျင့်တာ၊ လမ်းလျှောက်တာ၊ အိပ်ရာမဝင်ခင် ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းတစ်ချို့ ပြုလုပ် ပေးတာမျိုးတွေပေါ့။

၂။ သာယာတဲ့အိမ်ထောင်ရေးဖြစ်အောင် ကြိုးစားပါ။

အိမ်ထောင်သည်ဘဝဆိုတာ ရာသက်ပန်သွားရတဲ့ရေရှည်ကိစ္စဖြစ်ပါတယ်။ အိမ်ထောင်ရေး သာယာဖို့ ချစ်ခြင်းမေတ္တာတွေ၊ မိတ်ဆွေသူငယ်ချင်းလို ဆက်ဆံရေးမျိုးတွေအပြင် အပြန်အလှန်လေး စားမှု၊ နားလည်ပေးနိုင်မှုတွေလည်း ပါဝင်ပါတယ်။

၃။ အသက်ကြီးလာလည်း လုပ်နိုင်တဲ့အလုပ်လေးတွေ ဆက်လုပ်ပါ။

အလုပ်က လူရဲ့ဦးနှောက်ကို ထိန်းသိမ်းပေးပါတယ်။ ကိုယ့်ကိုယ်ပိုင်တန်ဖိုးနားလည်အောင် ကူ ညီပေးပါတယ်။ လူမှုဆက်ဆံရေးကိုလည်း ထောက်ပံ့ကူညီပေးပါတယ်။

၎။ တစ်ရက်ကို အနည်းဆုံး ၆ နာရီအိပ်ပါ။

အိပ်ရေးဝဝပုံမှန်အိပ်စက်ခွင့်ရခြင်းက ၁၄ နှစ်အတွင်း သေဆုံးနိုင်ချေရဲ့၄၁% ကို ကာကွယ် ပေးပါတယ်။ ဒါ့အပြင် အိပ်စက်ခြင်းက ကုန်ဆုံးသွားတဲ့ ခန္ဓာကိုယ်စွမ်းအင်တွေကို ပြန်သိုလှောင်ပေး သလို ဦးနှောက်ထဲက အချက်အလက်တွေကိုလည်း ပြန်မှတ်မိစေပါတယ်။ အာရုံကြောစနစ်ကိုကောင်း မွန်စေပါတယ်။

၅။ နေ့စဉ် တရားထိုင်ပါ။

တစ်ရက်ကို ၁ဝ မိနစ်မှ ၁၅ မိနစ်ခန့်တရားထိုင်ပါ။ တရားထိုင်ခြင်းက ဦးနှောက်ဆဲလ်တွေကို ပြန်သိုလှောင်ပေးသလို နှလုံးရောဂါဖြစ်ပွားနိုင်ချေကိုလည်း လျော့ကျစေပါတယ်။ အိပ်ရေးပျက်ထား တာတွေကိုလည်း ပြန်အားပြည့်စေပါတယ်။ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၆။ အိမ်မွေးတိရစ္ဆာန်မွေးပါ။

အိမ်မွေးတိရစ္ဆာန်လေးတွေဟာ လူတွေကို နွေးထွေးမှုနဲ့ အချစ်တွေပေးနိုင်ပါတယ်။ အဲ့ဒီအရာ တွေက လူတွေကို သက်ရှည်ကျန်းမာပျော်ရွှင်စေပါတယ်။

၇။ မိတ်ဆွေသူငယ်ချင်းတွေနဲ့ မကြာခဏ တွေ့ဆုံပါ။

ပေါင်းသင်းဆက်ဆံရေးက ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးကြီးပါတယ်။ ဒါကြောင့် မိတ်ဆွေ အပေါင်းအသင်းတွေကိုလည်း အချိန်ပေးပါ။ ခရီးအတူထွက်ပါ။ ပွဲလမ်းတွေကို အတူသွားလာပါ။ အ သစ်အဆန်းတွေ အတူဖန်တီးဖို့ ကြိုးစားပါ။

၈။ အသားလျှော့ပြီး ငါးများများစားပါ။

အသားလျှော့စားခြင်းက ကင်ဆာဖြစ်နိုင်ချေကို လျော့နည်းစေပါတယ်။ ငါးနဲ့ ပင်လယ်စာတွေ မှာ အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားစေမှုကို လျော့ကျစေတဲ့ အမိုင်နိုအက်ဆစ်တွေ ကြွယ်ဝစွာ ပါဝင်နေပါ တယ်။

၉။ ကော်ဖီလျှော့ပြီး လက်ဖက်ရည်သောက်ပါ။

Green Tea လို့ခေါ်တဲ့လက်ဖက်ရည်ထဲမှာ အင်တီအောက်ဆီဒင့်(Antioxidants) နဲ့ အာဟာရ ဖြစ်စေတဲ့ ဓာတ်တွေများစွာ ပါဝင်နေပါတယ်။

၁ဝ။ အပြင်စာလျှော့စားပါ။

အသင့်အစားအစာတွေ၊ အချိုတွေနဲ့ အန္တရာယ်ရှိတဲ့သရေစာတွေစားသုံးတာကို ရပ်ပါ။ ခန္ဓာ ကိုယ်အတွက် ကောင်းတဲ့အစားအစာတွေကို ချက်ပြုတ်စားပါ။

သက်ရှည်ကျန်းမာစေမယ့်နည်းလမ်းကောင်းလေးတွေကို ချစ်တဲ့သူတွေဆီ မျှဝေဖို့ ဒီစာစောင် လေးကို SHARE လိုက်ပါဦးနော်။