လူတိုင်းသိထားသင့်တဲ့ ခေါင်းကိုက်ဝေဒနာအမျိုးမျိုးနဲ့ ဖြစ်ပွားရခြင်းအကြောင်းရင်းများ

blank
ဘာကြောင့်ခေါင်းကိုက်ရတာလဲ…

ဦးနှောက်ရဲ့ သွေးကြောတွေ၊ အာရုံကြောတွေကြား အချက်ပြမှုတွေ ရောထွေးသွားတဲ့အချိန်မှာ ခေါင်းကိုက်ခြင်း ဖြစ်ပေါ်ပါတယ်။ ခေါင်းကိုက်စေတဲ့ အကြောင်းရင်းအမျိုးမျိုးရှိပေမဲ့ အဓိကကတော့ စိတ်ဖိစီးမှုတွေနဲ့ စိတ်ထဲမှာ အချိန်ကြာကြာတည်ရှိနေတဲ့ စိတ်အလိုမကျမှုတွေကြောင့် ဖြစ်ပါတယ်။ ခေါင်းကိုက်ခြင်းကို ဖြစ်စေတဲ့ အခြားအကြောင်းအရင်းတွေကတော့ အအေးမိဖျားနာခြင်းတွေ၊  ပတ်ဝန်းကျင်ရဲ့ဓာတ်မတည့်မှုတွေပဲ ဖြစ်ပါတယ်။

ခေါင်းကိုက်ရောဂါ အမျိုးအစားများ

ခေါင်းကိုက်ရောဂါ တစ်နည်းအားဖြင့် ခေါင်းကိုက်ခြင်းပုံစံပေါင်း ၁၅ဝ ကျော်ရှိပါတယ်။ အဲဒီထဲကမှ အဖြစ်အများဆုံးခေါင်းကိုက်ခြင်းပုံစံတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ Migraines

Migraines ဆိုတာ ခေါင်းတစ်ခြမ်းလုံး တဆစ်ဆစ် ထိုးကိုက်တတ်တဲ့ ပုံစံတစ်မျိုးပါ။ တစ်ခါတစ်ခါ ကိုက်ရင် ၃နာရီခန့်ဆက်တိုက်ကိုက်တတ်ပြီး ၅ရက်ခန့် ကြာတတ်ပါတယ်။ Migraines ရဲ့ အခြားလက္ခဏာတွေကတော့ ပျို့အန်ခြင်း၊ ခံတွင်းပျက်ခြင်းနဲ့ အလင်းရောင်ကိုမခံနိုင်ခြင်းတို့ ဖြစ်ပါတယ်။

၂။ Tension Headaches

Tension headaches ကို stress headaches လို့လည်း ခေါ်ပြီး စိတ်ဖိစီးမှုတွေများတဲ့အခါ ဖြစ်တတ်ပါတယ်။ အရွယ်ရောက်သူတွေနဲ့ ဆယ်ကျော်သက်တွေမှာ အများဆုံးဖြစ်တတ်ပြီး အစပိုင်းမှာ နည်းနည်းသာကိုက်တတ်ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ မခံမရပ်နိုင်အောင် ထိုးကိုက်လာတတ်ပါတယ်။

၃။ Sinus Headaches

Sinus Headache ဖြစ်တဲ့အခါ မျက်ရိုးတွေ၊ ပါးရိုးတွေပါ ကိုက်တတ်ပြီး နှာရည်ယိုတာ၊ မျက်နှာဖောယောင်တာနဲ့ မေးရိုးနာကျင်မှုတွေကိုပါ ခံစားရနိုင်ပါတယ်။

၎။ Cluster Headaches

မျက်လုံးတစ်ဝိုက်နဲ့ နားထင်တွေမှာ တဒုတ်ဒုတ်နဲ့ ဆောင့်ထိုးနေသလို နာကျင်မှုမျိုးခံစားနေရရင် cluster headaches ဖြစ်နေတယ်လို့ သတ်မှတ်နိုင်ပါတယ်။ ဒီခေါင်းကိုက်ဝေဒနာက သိပ်ကိုပြင်းထန်ပြီး အချိန်အကြာကြီး စွဲပြီးကိုက်တတ်ပါတယ်။

၅။ Chronic Progressive Headaches

ဖျားနာတာတွေ၊ ဦးနှောက်နဲ့ ဦးခေါင်းခွံမှာ ဖြစ်နေတဲ့ရောဂါတစ်ခုခုကြောင့် နာတာရှည်ရောဂါလို မကြာခဏဖြစ်ပေါ်တတ်တဲ့ ခေါင်းကိုက်ဝေဒနာကို Chronic Progressive Headaches လို့ ခေါ်ပါတယ်။

၆။ Mixed Headache Syndrome

Migraines နဲ့ tension headache တွေ ရောသွားတဲ့အခါ ဖြစ်တတ်တဲ့ ခေါင်းကိုက်ဝေဒနာ ဖြစ်ပါတယ်။ ဒီခေါင်းကိုက်ဝေဒနာမျိုးကို ကလေးတွေရော၊ လူကြီးတွေမှာပါ တွေ့ရတတ်ပါတယ်။

၇။ Acute Headaches

Acute headaches ဆိုတဲ့ ခေါင်းကိုက်ဝေဒနာဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒီခေါင်းကိုက်ဝေဒနာဟာ ရုတ်တရက်ဖြစ်ပေါ်လာတတ်ပြီး ချက်ချင်းဆိုသလို ပြန်ပျောက်သွားတတ်ပါတယ်။

၈။ Rebound Headaches

Rebound headaches ဆိုတာ တာရှည်စွဲသောက်နေရတဲ့ဆေးတွေကြောင့် ဖြစ်တတ်တဲ့ ခေါင်းကိုက်ဝေဒနာဖြစ်ပါတယ်။ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ခေါင်းကိုက်တာဖြစ်ပြီး ဒီခေါင်းကိုက်ဝေဒနာကို ခံစားရချိန်တိုင်း ခေါင်းကိုက်ပျောက်ဆေးမသောက်သင့်ပါဘူး။

၉။ Dental Headaches

သွားကိုက်သွားနာတာတွေ၊ အံကျိတ်တာတွေများလာတဲ့အခါ dental headaches ဖြစ်တတ်ပြီး စိတ်ဖိစီးမှုတွေ၊ အဆစ်အမြစ်ရောင်တာတွေကလည်း dental headaches တွေဖြစ်တတ်ပါတယ်။ Dental headaches တွေဖြစ်တဲ့အခါ မေးရိုး၊ ပါးရိုးနဲ့ ခေါင်းတစ်ခုလုံးကိုက်တတ်ပါတယ်။

ဘာကြောင့်ပဲ ခေါင်းကိုက်ကိုက် အရေးအကြီးဆုံးက ဝေဒနာမပြင်းထန်ခင် သင့်တော်တဲ့ကုသမှုကို ခံယူဖို့ပါပဲ။ ခေါင်းကိုက်ပျောက်ဆေးသောက်တာတောင် မသက်သာပဲ ပိုပြီးပြင်းထန်လာတယ်ဆိုရင် ဦးနှောက်နဲ့အာရုံကြောဆရာဝန်နဲ့ ပြသသင့်ပါတယ်။

ဂန္ထဝင်စာဖတ်ပရိသတ်ကြီးရေ… အထက်မှာဖော်ပြထားတဲ့ ခေါင်းကိုက်ဝေဒနာအကြောင်းကို လေ့လာဖတ်ရှုပြီး ကျန်းမာရေးဆိုင်ရာ ဗဟုသုတရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တချိန်ချိန်မှာ အသုံးလိုကောင်းလိုလာနိုင်တာကြောင့် SHARE ပြီး သိမ်းထားဖို့လည်း တိုက်တွန်းပါရစေ။