ညဘက်စားတတ်သူများအတွက် အိပ်စက်နေချိန်မှာ အဆီလောင်ကျွမ်းစေမယ့်သရေစာများ

blank
ဂန္ထဝင်စာချစ်သူတို့ရေ…    

ညဘက်မှာ အစာစားခြင်းက ခန္ဓာကိုယ်အလေးချိန်ကိုတိုးစေတယ်လို့ အားလုံးသိထားကြ ပါတယ်။ အထူးသဖြင့် ထမင်း၊ ပေါင်မုန့်၊ အာလူးကြော်နဲ့ မုန့်ကြိုးလိမ်တို့လို အမျှင်ဓာတ်နည်းပြီး အချို ဓာတ်များပြားတဲ့ အစားအစာတွေကို စားခြင်းက ပိုဆိုးပါတယ်။ အဲ့ဒီအစားအစာတွေကိုစားပြီး စွမ်းအင် အဖြစ်အသွင်မပြောင်းနိုင်ရင် ကယ်လိုရီတွေဟာ အဆီအဖြစ်သိုလှောင်သွားကြပြီး ခန္ဓာကိုယ်ကို ဝဖြိုး လာစေပါတယ်။

ကျွမ်းကျင်ပညာရှင်တွေကတော့ ဗိုက်ဆာဆာနဲ့အိပ်ရာမဝင်တာက အကောင်းဆုံးလို့ အဆို ပြုထားကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ညဘက်ထစားတဲ့အခါ ဗိုက်ဆာဆာနဲ့ပိုမိုစားသုံးမိလို့ ဖြစ် ပါတယ်။ တကယ်လို့ သင်က ညဘက်တွေမှာ ဆာလောင်တတ်သူဆိုရင် ပရိုတင်းဓာတ်မြင့်မားပြီး ကစီ ဓာတ်နည်းတဲ့သရေစာတွေကို ရွေးချယ်နိုင်ပါတယ်။ ချိစ်ခဲလေးတွေဟာ တစ်ခုချင်းစီမှာ ကယ်လိုရီပါ ဝင်မှုနှုန်း ၁ဝဝ ထက်လျော့နည်းပြီး ရွေးချယ်သင့်တဲ့ အစားအစာလေးတွေ ဖြစ်ပါတယ်။ သေးငယ်ပေ မဲ့ အစွမ်းထက်တဲ့ အဲ့ဒီအစားအစာလေးမှာ ကစီဓာတ် ၁ ဂရမ်မျှသာပါဝင်ပြီး ပရိုတင်းဓာတ် ၆ ဂရမ် ထက်မကလည်း ပါဝင်နေသလို ကယ်လစီယမ်နဲ့ ဗီတာမင် D လည်း ပြည့်ဝစွာ ပါဝင်နေပါသေးတယ်။ ဒါကြောင့် ဗိုက်ဆာဆာနဲ့ အလွန်အကျွံစားသုံးမိလို့လည်း ပူပန်စရာမလိုပါဘူး။   ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

နို့ထွက်ပစ္စည်းတွေကို မကြိုက်တဲ့သူတွေအတွက်တော့ ဗာဒံစေ့နဲ့ သစ်ကြားသီးလို အခွံမာသီး လေးတွေကို စားပေးနိုင်ပါတယ်။ အဲ့ဒီအစားအစာနှစ်မျိုးလုံးဟာ ကယ်လိုရီနဲ့အဆီဓာတ်မြင့်မားစွာ ပါဝင်နေပေမဲ့ ပရိုတင်း(protein)၊ ဗီတာမင် E(vitamin E)၊ ဆလီနီယမ်(selenium)၊ မဂ္ဂနီဆီယမ် (magnesium)နဲ့ တခြားသောကျန်းမာရေးဆိုင်ရာအာဟာရဓာတ်တွေလည်း ပြည့်ကျပ်နေအောင် ပါဝင်နေလို့ ဖြစ်ပါတယ်။

အထက်ပါအစားအစာတွေက သင့်ရဲ့အစားများများစားလိုစိတ်ကို ဟန့်တားပေးနိုင်သလို ခန္ဓာကိုယ်ဝိတ်မတက်အောင်လည်း ကူညီပေးနိုင်ပါတယ်။

သင့်အတွက် အသုံးတည့်တယ်ဆိုရင် စာစောင်လေးကို SHARE  ပြီး ပြန်မျှဝေပေးလိုက်ပါဦးနော်။