ဓမ္မတာစက်ဝန်းနဲ့ လွဲမှားနေတဲ့အယူအဆများ – (၄)

blank
ရာသီလာနေစဉ် လိင်ဆက်ဆံရင် ကိုယ်ဝန်ရနိုင်လား။

အနည်းငယ်သက်တောင့်သက်သာမရှိတာကလွဲရင် ရာသီလာနေစဉ်မှာလည်း လိင်ဆက်ဆံနိုင်ပါတယ်။ ဒါပေမဲ့ ရာသီလာနေစဉ်လိင်ဆက်ဆံတာက ရောဂါပိုးတွေ ကူးစက်နိုင်ခြေ ပိုများတယ်ဆိုတာကို သတိရပါ။

ရာသီလာနေစဉ်လိင်ဆက်ဆံရင် ကိုယ်ဝန်ရနိုင်လားဆိုရင် ရလည်းရနိုင်တယ်၊ ရလည်းမရနိုင်ဘူးလို့ ပြောရမှာပါ။ ရာသီမှန်တဲ့ အမျိုးသမီးတွေမှာ ကိုယ်ဝန်ရနိုင်ခြေနည်းပြီး ရာသီမမှန်တဲ့အမျိုးသမီးတွေမှာ ပိုပြီး ကိုယ်ဝန်ရနိုင်ခြေများပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကိုယ်ဝန်ရဖို့အတွက် သားဥကြွေရပြီး ရာသီကာလအပြီးမှာ သားဥကြွေတတ်ပါတယ်။ ဒါကြောင့် ယေဘုယျအားဖြင့် ကိုယ်ဝန်မရဘူးလို့ ပြောနိုင်ပေမဲ့ ရာသီမမှန်တဲ့သူတွေမှာတော့ ကိုယ်ဝန်ရနိုင်ပါတယ်။ နညးလမ်းတစ်ခုခုနဲ့ သန္ဓေတားထားမှသာ ကိုယ်ဝန်မရနိုင်တာဖြစ်လို့ ရာသီလာနေတဲ့ရက်တွေကို ကိုယ်ဝန်မရနိုင်တဲ့နေ့လို့ သတ်မှတ်မထားတာ အကောင်းဆုံးဖြစ်ပါတယ်။

မှတ်သားစရာစာစောင်လေးမို့ သူငယ်ချင်းတွေအတွက်ပါမျှဝေတဲ့အနေနဲ့ SHARE လိုက်ပါဦးနော်။