လူ့ခန္ဓာကိုယ်ထဲက အရိုးများအကြောင်း သိမှတ်စရာလေးတွေ

blank

၁။ လူတွေဟာ မွေးဖွားလာတဲ့အခါ အရိုးပေါင်း ၃ဝဝ ရှိပေမဲ့ နောက်ဆုံးမှာ ၂ဝ၆ ခုပဲ ကျန်ပါတယ်။ အဲ့ဒါဘာကြောင့်လဲဆိုတော့ ဦးခေါင်းခွံထဲက အရိုးအများအပြားဟာ လူအရွယ်ရောက်လာတာနဲ့ အမျှ အရည်ပျော်ပြီး ပေါင်းစုကုန်လို့ ဖြစ်ပါတယ်။

၂။ ရယ်ကြောလို့ ခေါ်ကြတဲ့အရိုးကတော့ တံတောင်ဆစ်နားက အရိုးပါ။ တကယ်တော့ အဲ့ဒါက အရိုးတစ်ခုမဟုတ်ပါဘူး။ တံတောင်ဆစ်ဘေးမှာ ရှိနေတဲ့ နာ့ဗ်ကြောတစ်ခုသာ ဖြစ်ပါတယ်။ အဲ့ဒါကို ခပ်ပြင်းပြင်း ထိလိုက်ရင် ကျင်တက်သွားပြီး နားအူစေပါတယ်။

၃။ အသက် ၃ဝ အထိ အရိုးတွေက ခိုင်မာပါတယ်။ ဒါပေမဲ့ လုံလောက်တဲ့လေ့ကျင့်ခန်းလုပ်မပေးရင်၊ လိုအပ်တဲ့ကယ်လ်စီယမ်းနဲ့ ဗီတာမင် D  ကိုဖြည့်စွက်မပေးရင် အရိုးခိုင်မာမှုပျက်စီးလာပါတယ်။ ဒါ ကြောင့် နေ့စဉ်လမ်းလျှောက်ပေးတာမျိုးနဲ့ပဲဖြစ်ဖြစ် အရိုးကျန်းမာရေးကို ထိန်းသိမ်းပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ ပျက်စီးကျုံ့ဝင်နေတဲ့မျက်နှာပြင်တွေဟာ အရိုးသစ်တွေကို ဖြစ်ပေါ်စေပါတယ်။ တစ်ခါတရံမှာ အရိုးသစ်တွေက ပိုသန်မာပါတယ်။

၅။ အရိုးဟာ လူကို ရွေ့လျားပေးခြင်း၊ ဦးနှောက်၊ နှလုံးနဲ့ အဆုတ်ကို ကာကွယ်ပေးခြင်း၊ သွေးဆဲလ်တွေ ထုတ်လုပ်ပေးခြင်း၊ ခန္ဓာကိုယ်အတွင်း လိုအပ်တဲ့သတ္တုဓာတ်တွေကို စနစ်ကျအောင်ကူညီပေးခြင်း စတဲ့ များပြားလှတဲ့လုပ်ငန်းတွေကို လုပ်ဆောင်ပါတယ်။

၆။ ခန္ဓာကိုယ်တစ်ခုလုံးမှာ ပေါင်တံရိုးက အရှည်ဆုံးဖြစ်ပြီး နားအလယ်တည့်တည့်ထဲက အရိုးက အတိုဆုံးပါ။ တိုင်းတာချက်အရ ဝ.၁၁ လက်မသာရှိပါတယ်။

၇။ ခန္ဓာကိုယ်မှာ အရိုးအများဆုံးနေရာက လက်ဖြစ်ပြီး လက်ချောင်းတွေနဲ့ လက်ကောက်ဝတ်က သင့်ကို စာရေးဖို့၊ ဖုန်းအသုံးပြုဖို့နဲ့ စန္ဒရားတီးဖို့တွေကို ပြုလုပ်နိုင်စေပါတယ်။

၈။ အရိုးတွေဟာ အသက်ရှင်နေတဲ့တစ်ရှူးတွေပါ။ အရိုးထဲက ကော်လာဂျင်တွေဟာ အမြဲတမ်းကိုယ် တိုင် ပြန်ပြန်ဖြည့်ပါတယ်။ ဒါကြောင့် ၇ နစ်ပြည့်တိုင်း ခန္ဓာကိုယ်မှာ အရိုးသစ်တစ်ချောင်းရရှိပါတယ်။

၉။ သွားတွေကလည်း အရိုးတွေရဲ့အစိတ်အပိုင်းပါပဲ။ သွားတွေမှာလည်း အရိုးတွေလိုပဲ ကယ်လ်စီ ယမ်နဲ့ ခန္ဓာကိုယ်အတွင်း လိုအပ်တဲ့သတ္တုဓာတ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒါပေမဲ့ အရိုးသန်မာ အားကောင်းမှုကိုဖြစ်ပေါ်စေတဲ့ ကော်လာဂျင်တော့ လျော့နည်းပါတယ်။

၁ဝ။ အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ အရိုးတွေဟာ  အံ့သြစရာကောင်းလောက်အောင် တူညီကြပေမဲ့ အမျိုးသမီးတွေရဲ့ တင်ပါးဆုံတစ်ခုရဲ့ တည်နေရာ၊ အရွယ်အစားနဲ့ ပုံစံတွေကတော့ ကလေးမွေးဖွားဖို့ အတွက် သင့်တော်အောင် ဖွဲ့စည်းထားပါတယ်။

၁၁။ အရိုးတွေဟာ အဆစ်တွေဆီကနေ အတူတူဖြစ်လာကြတာပါ။ ဒါပေမဲ့ ဒူးဆစ်လိုအဆစ်တွေက အများကြီးရွေ့လျားနိုင်ပြီး ဦးခေါင်းထဲက အဆစ်တွေကတော့ မရွေ့လျားနိုင်ပါဘူး။

၁၂။ ကြွက်သားနဲ့အရွတ်တွေဟာ အဆစ်တွေကို ထောက်ပံ့ကူညီပေးထားပြီး အရိုးနုတွေလည်း ကြား ခံထားပါတယ်။ ဒါကြောင့် လှုပ်ရှားတဲ့အခါ ပွတ်တိုက်ပြီး အသံမြည်တာဖြစ်ပါတယ်။

သိမှတ်ဖွယ်ရာဗဟုသုတလေးတွေကို မျှဝေဖို့ SHARE လိုက်ပါဦးနော်။