ပိန်ချင်ရင် အစာမစားခင် ဒီလိုလေးတွေးလိုက်ပါ။

blank

၁။ ဒါကို စားရမလားလို့ မတွေးပါနဲ့။ ဒါကို စားဖို့တကယ်လိုအပ်လားဆိုတာ တွေးပါ။

၂။ သူများတွေဘယ်လိုမြင်ကြမလဲလို့ မတွေးပါနဲ့။ ကိုယ့်ခံစားချက်ကိုသာတွေးပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ ဘယ်လောက်စားရမလဲလို့ မတွေးပါနဲ့။ ဘယ်လောက်စားဖို့ လိုအပ်လဲဆိုတာ တွေးပါ။

၎။ ဒီအစားအစာက ပိန်သွယ်စေမလားလို့ မတွေးပါနဲ့။ အာဟာရဖြစ်စေမလားလို့ တွေးပါ။

၅။ လေ့ကျင့်ခန်းလုပ်နေရလို့ စားနိုင်တယ်လို့ မတွေးပါနဲ့။ စားချင်တာစားပြီးရင် လေ့ကျင့်ခန်း ပြန်လုပ်ရတော့မယ်ဆိုတာ တွေးပါ။

၆။ လက်ထဲမှာပိုက်ဆံလေးရှိတုန်း စားချင်တာစားရတာလို့ မတွေးပါနဲ့။ စားချင်တာစားဖို့ ပိုက်ဆံအမြဲရှိတယ်လို့ တွေးပါ။

၇။ အစားအသောက်က ကိုယ့်ရဲ့အဆိုးဆုံးရန်သူဖြစ်ပြီး အနှစ်သက်ဆုံးဆုလာဘ်လည်းဖြစ်တယ်လို့ မတွေးပါနဲ့။ အစားအသောက်ဟာ အစားအသောက်လို့ပဲ တွေးပါ။

လူတစ်ယောက်မှာ စိတ်သာ အဓိကမို့ အစားမစားခင် အဲ့ဒီလိုလေးတွေတွေးကြည့်လိုက်ရင် ကျန်းမာရေးနဲ့မညီညွှတ်တာတွေ၊ မဆာဘဲစားမိတာတွေ၊ အလွန်အကျွံစားမိတာတွေကို သေချာပေါက် လျှော့ချနိုင်မှာပါနော်။ ပြီးတော့ ပါးစပ်ကိုအလိုလိုက်ပြီး စားချင်သလောက် မစားဖြစ်တော့တဲ့အတွက် တကူးတကကြိုးစားနေစရာမလိုဘဲ ခန္ဓာကိုယ်အလေးချိန်လည်း ထိန်းပြီးသားဖြစ်သွားမှာပါ။

အသုံးတည့်တယ်ဆိုရင် သူငယ်ချင်းတွေကိုပါ mention ခေါ်ပြီး မျှဝေပေးလိုက်ပါဦးနော်။