အရေးပေါ်အခြေအနေတွေမှာ မလုပ်သင့်တဲ့ အရေးပေါ်လူနာကယ်ဆယ်နည်းများ

blank
၁။ ဖျားနေရင် ချွေးထွက်အောင် အနွေးထည်အထူကြီးတွေမဝတ်ပါနဲ့။

ဖျားနေတဲ့အချိန်ကိုယ်ပူတာဟာ ခန္ဓာကိုယ်အတွင်းက အဖျားပိုးတွေကို သတ်နိုင်ဖို့ ခန္ဓာကိုယ်အပူချိန်အလိုလိုမြင့်တက်သွားတာဖြစ်ပါတယ်။ ဒါပေမဲ့ ချွေးထွက်အောင်ဆိုပြီး အနွေးထည်အထူကြီးဝတ်တာ၊ စောင်ထူထူခြုံထားတာတွေက အဖျားပိုတက်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ပူပြီးဖျားရင် သက်တောင့်သက်သာရှိမယ့် အနွေးထည်ပါးပါးလေးတွေဝတ်ပြီး အေးအေးသက်သာနေပါ။

၂။ ဝက်ရူးပြန်ပြီး တက်နေတဲ့လူနာရဲ့ ပါးစပ်ထဲကို ဘာမှမထည့်ပေးပါနဲ့။

ဝက်ရူးပြန်တဲ့လူနာကို လျှာကိုက်မိမှာစိုးပြီး ပါးစပ်ထဲကို သော့၊ ဇွန်း စတဲ့ အရာတွေ ထည့်ပေးတတ်ကြပါတယ်။ တကယ်တော့ ဝက်ရူးပြန်ပြီဆိုတာနဲ့ လျှာကကပ်သွားပြီး သွားနဲ့ကိုက်မိတာမျိုးမဖြစ်တော့ပါဘူး။ ကိုက်မိတယ်ဆိုရင်တောင် သာသာလေးပဲကိုက်မိမှာပါ။ ပစ္စည်းတွေ ပါးစပ်ထဲထည့်မှသာ ကိုက်မိပြီး သွားကျိုးတာတွေ၊ သွားဖုံးအနာဖြစ်တာတွေ ဖြစ်မှာပါ။

၃။ အပူလောင်တဲ့နေရာကို ဆေးချက်ချင်းမလိမ်းပါနဲ့။

အပူလောင်ပြီဆိုတာနဲ့ ဒဏ်ရာကို စိုးရိမ်တကြီး ချက်ချင်းဆေးမလိမ်းပါနဲ့။ အပူလောင်တဲ့နေရာကို ရေအေးလေးထဲမှာ ၁၅ မိနစ်လောက်စိမ်ပြီးမှ ဆေးလိမ်းပါ။ ဒါမှ ဒဏ်ရာအကျက်မြန်ပြီး နာကျင်မှုလျော့ပါးမှာဖြစ်ပါတယ်။

၎။ မတော်တဆမှုတစ်ခုခုမှာ ညပ်မိနေတဲ့သူ၊ ဒဏ်ရာရသူတွေကို ဆေးပညာတတ်ကျွမ်းသူရဲ့ အကူအညီမပါဘဲ ဆွဲထုတ်တာ၊ ဆွဲမတာတွေ မလုပ်ပါနဲ့။

        လူတစ်ယောက် ဒုက္ခရောက်နေတာတွေ့ရင် ကူညီချင်စိတ်က လူတိုင်းမှာရှိပါတယ်။ ဒါပေမဲ့ စေတနာရှေ့ထားပြီး ကူညီလိုက်တာက တစ်ဖက်လူအတွက် ပိုဆိုးသွားတယ်ဆိုရင် ဘယ်ကောင်းမလဲ။ အထူးသဖြင့် ကားတိုက်မှုဖြစ်လို့ ကားကြားမှာ ညပ်နေတဲ့သူတွေကို ကိုယ့်သဘောနဲ့ကိုယ် ဆွဲထုတ်မပေးပါနဲ့။ ဆေးပညာတတ်ကျွမ်းသူတွေရဲ့ အကူအညီယူပြီးမှ ဆွဲထုတ်ပေးပါ။ ဒါမှ မလိုလားအပ်တဲ့ဆိုးကျိုးတွေ မဖြစ်အောင် ကာကွယ်နိုင်မှာပါ။

ဒီတော့ သင့်ရှေ့မှာ ကားတိုက်ပြီး ထွက်မရဖြစ်နေသူကိုမြင်ရင်

  • အရင်ဆုံး ဆေးရုံကားခေါ်ပါ။
  • ကားစက်သတ်ပြီး ကားဘက်ထရီကနေ လျှပ်စစ်မလာနိုင်အောင် ဖြတ်တောက်ပါ။
  • သွေးထွက်နေရင် သွေးတတ်အောင် ကူညီပေးလိုက်ပါ။
  • ထိခိုက်သူကို စိတ်အေးအေးထားဖို့ပြောပြီး အားပေးပါ။
၅။ အစာနင်နေတဲ့သူကို ကျောကုန်းပုတ်မပေးပါနဲ့။

တစ်ခုခုစားရင်း အစာနင်လို့ အသက်ရှူဖို့ခက်နေတဲ့သူကို ကျောကုန်းကို ပုတ်မပေးပါနဲ့။ အဲဒီလို ကျောကုန်းကို ပုတ်တာက နင်နေတဲ့အရာကို အသက်ရှူလမ်းကြောင်းထဲပိုပြီး ရောက်သွားစေပါတယ်။ ဒါကြောင့် အစာနင်နေတဲ့သူရဲ့ ခန္ဓာကိုယ်ကို ရှေ့ကို ကိုင်းညွတ်ခိုင်းပြီး စိတ်အေးအေးထားခိုင်းပါ။ အသက်ကို ဖြည်းဖြည်းနဲ့ ဝဝလေး ရှူခိုင်းပါ။ ဒါဆိုရင် အသက်ရှူလမ်းကြောင်းပွင့်ပြီး နေရသက်သာသွားပါလိမ့်မယ်။      ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ ရုတ်တရက် မူးမေ့လဲကျသွားတဲ့သူရဲ့ လျှာကို ဆွဲမထုတ်ပါနဲ့။

ရုတ်တရက်မေ့လဲသွားတဲ့အခါ လျှာက အနောက်ကိုရောက်သွားပြီး အသက်ရှူရပ်သွားတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်အောင်ဆိုပြီး လျှာကိုဆွဲထုတ်တာတွေ မလုပ်သင့်ပါဘူး။ မေ့လဲသွားတဲ့သူကို ပက်လက်အနေအထား မထားဘဲ ဘေးစောင်းအနေအထားလုပ်ပေးလိုက်ပါ။ ပြီးမှ လိုအပ်တဲ့ အကူအညီခေါ်ပါ။

၇။ သွေးထွက်တိုင်း သွေးတိတ်အောင် လက်မောင်းစည်းမပေးပါနဲ့။

လက်မှာ ထိခိုက်ဒဏ်ရာရလို့ သွေးထွက်တဲ့အခါတိုင်းမှာ သွေးတိတ်အောင် လက်မောင်းကို တင်းတင်းစည်းတာမျိုးမလုပ်သင့်ပါဘူး။ သွေးကြောကိုထိပြီး သွေးကြောပေါက်သွားမှသာ လက်မောင်းအရင်းကို စည်းနှောင်ပေးသင့်ပါတယ်။ သွေးကြောထိပြီးပေါက်တာလား၊ ရိုးရိုးဒဏ်ရာက သွေးထွက်တာလားဆိုတာ လွယ်လွယ်ကူကူခွဲခြားနိုင်ပါတယ်။ သွေးကြောထိတယ်ဆိုရင် သွေးက စိမ့်မထွက်ပဲ အားပြင်းပြင်းနဲ့ ပန်းထွက်ပါတယ်။ အဲဒီလို အခြေအနေမှသာ သွေးတိတ်အောင် လက်မောင်းရင်း၊ ပေါင်ရင်း (ဒဏ်ရာရဲ့ အထက်နားကနေ) တင်းတင်းစည်းနှောင်သင့်ပါတယ်။

၈။ ဓာတ်လိုက်နေတဲ့သူကို အကာအကွယ်မပါဘဲ အလောတကြီး ဝင်မဆွဲပါနဲ့။

သိတဲ့အတိုင်းပဲ ဓာတ်လိုက်တယ်ဆိုတာ ထိတဲ့သူတွေကိုပါ ဓာတ်ကူးတတ်ပါတယ်။ ဒါ့ကြောင့် ဓာတ်လိုက်နေသူကို ကူညီချင်ဇောနဲ့ သွားမကိုင်လိုက်ပါနဲ့။ လျှပ်မကူးနိုင်တဲ့ပစ္စည်းတစ်ခုခုနဲ့ လျှပ်စီးကြောင်းကို ဖြတ်တောက်လိုက်ပါ။ လျှပ်မကူးနိုင်တော့တာသေချာမှ ဓာတ်လိုက်ခံရတဲ့သူကို ကယ်ဆယ်ပြီး ဆေးရုံကို ပို့ဆောင်ပေးပါ။

လိုအပ်မယ်လို့ ထင်သူတွေအတွက် SHARE ပေးလိုက်ပါနော်။